“Gun အစစ်ရှိမှ တိုက်မယ်ဆိုတဲ့အထဲ အညာသားတွေမပါဘူးဆိုတဲ့ သပြေညိုပြောက်ကျားတပ်ဖွဲ့ | လက်ရှိ K/D – 70:0 ”
27.5.2022(FRI) | အရာတော်
၅/ အညာဒေသအခြေပြု သပြေညိုပြောက်ကျားတပ်ဖွဲ့က ၂၀၂၁ နိုဝင်ဘာလ မှစ၍ ၂၀၂၂ မေလထိ (၇)လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီပစ်မှတ်များကို လက်နက်ကြီး (၄ဝမမ,၆ဝမမ,ရှော့ဒုံး)များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်ဖြင့် ပြောက်ကျားတိုက်ခိုက်ခြင်း၊
ထိတွေ့တိုက်ပွဲ နှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများစွာ ဆင်နွှဲခဲ့ပြီး စစ်သား၊ ရဲသား နှင့် ပျူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၇ဝ)ကျော်ကို ထိခိုက်သုတ်သင်နိုင်ခဲ့ကြောင်း ၎င်းတို့ စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
သပြေညိုပြောက်ကျားတပ်ဖွဲ့က”မောင်းပြန်ကိုလူတိုင်းကိုင်ချင်ပေမဲ့ ရောက်မလာခင်မှာ ရှိတာလေးနဲ့လှအောင်ဝတ်ရမယ်။ သုညကနေစခဲ့တာမို့ တူမီးလေးလက်ထဲထည့်ပေးထားလဲ အသေခံတိုက်ရဲတဲ့အထိ ၅/တွေရဲ့ သွေးဟာ ရဲတယ်။”ဟု ပြောဆိုထားပါတယ်။
ထုတ်လုပ်ရေးပိုင်းကို Safe ဖြစ်အောင် လုံခြုံရေးအဓိကထားပြီး စနစ်တကျထုတ်လုပ်တဲ့အတွက် အချိန်နဲ့ ကုန်ကျစရိတ်များ ပိုမိုမြင့်တက်ပေမယ့် တပ်ဖွဲ့ရဲဘော်တွေ မတော်တဆဖြစ်မှုကို ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သပြေညိုပြောက်ကျားတပ်ဖွဲ့လို အညာဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တူမီးယမ်းထောင်းရတဲ့အခြေအနေကနေ အခုလို Bolt-Action တတောင့်ထိုးရိုင်ဖယ်သေနတ်တွေပါ ကိုယ်တိုင်ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
သပြေညိုပြောက်ကျားရဲဘော်တွေက “တိုက်ပွဲတိုင်းမှာ မပြည့်မစုံနဲ့ ဆင်နွှဲခဲ့ရပေမယ့် မောင်းပြန်ကိုင်ထားတဲ့သူတွေနဲ့ တန်းတူရှေ့ကတိုက်ရဲတယ်။ ဒါဟာ အညာသားတွေ ၅/တွေ။
ဒီလို အာဂအညာသားတွေအတွက် ပြည်စုံအောင်သာထောက်ပံ့နိုင်ရင်••••••” လို့ ပြောပြီး မျှဝေမှုကို အဆုံးသတ်ထားပါတယ်။
ဓာတ်ပုံ – သပြေညို ပြောက်ကျားတပ်ဖွဲ့