ဖခင်ရဲ့နေရာကို အစားထိုးပြီး မိခင်နဲ့ အတူ နွေးထွေးတဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ရိုက်ကူးပေးခဲ့တဲ့ မိန်းကလေး..See More. ..

News

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့နေရာကို အစားထိုးပြီး မိခင်နဲ့ အတူ နွေးထွေးတဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ရိုက်ကူးပေးခဲ့တဲ့ မိန်းကလေး

China Xinhua News ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတို့သားဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနဲ့ သတို့သမီးတို့ရဲ့ အထူးဓာတ်ပုံတစ်ပုံကို ဖြန့်ချိခဲ့ပါတယ် ။ ၎င်းအရာက အမျိုးသားနဲ့ အမျိုးသမီးစုံတွဲရဲ့ ပုံမှန်ပုံမဟုတ်သောကြောင့် ဖြစ်ပါတယ် ။


ဒါပေမယ့် အဲဒါက သတို့သားဝတ်စုံဝတ်ထားတဲ့ကောင်မလေးဟာ သူမရဲ့ဖခင်အစား အဘွားနဲ့အတူ ရိုက်ကူးခဲ့ခြင်းပါ ။“ အဖေက လွန်ခဲ့တဲ့ ၂၁ နှစ်က အသည်းကင်ဆာနဲ့ မသေခင် ငါတို့မင်္ဂလာဝတ်စုံဝတ်ထားတဲ့ပုံကို ရိုက်မယ်လို့ အမေကကတိပေးခဲ့တယ် ။

ငါအခု အရွယ်ရောက်ပြီး သူမဒီကတိကို တည်အောင် လုပ်ပေးချင်တယ်” လို့ Xinhua စတူဒီယိုတစ်ခုမှာ ဓာတ်ပုံရိုက်ရန် အသက် ၆၃ နှစ်အရွယ်အဖွားရဲ့ သမီးဖြစ်သူ Maer က ပြောကြားခဲ့ပါတယ် ။


ပထမတော့ Ma’er က သူ့အမေတစ်ယောက်ထဲဘဲရိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သတို့သားမပါဘဲဓာတ်ပုံရိုက်လျှင် လှောင်ပြောင်ခံရမာကို မိခင်ဖြစ်သူက ကြောက်နေတာကြောင့် Ma’er က သူမ သတို့သားအဖြစ် ဝတ်မယ်လို့ ဝန်ခံလိုက်ပါတယ် ။

အတူတကွဓာတ်ပုံရိုက်နေစဉ် အမေဖြစ်သူက မျက်ရည်ကျလာပြီး ဓာတ်ပုံထဲမှာ Ma’er က သူမရဲ့မိခင်ကို မျက်ရည်များသုတ်ပေးနေတာကို တွေ့ရတော့ Netizen များစွာရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ် ။ “ အမျိုးသမီးတိုင်းဟာ မင်္ဂလာဝတ်စုံကို ဝတ်ရတာနှစ်သက်တယ်။ ငါ့အမေတောင်မှမဟုတ်ဘူး အခြားမိန်းကလေးတွေလည်း နှစ်သက်တာပါ။


အမေက ကလေးတွေကို ပြုစုဖို့ သူမတစ်သက်လုံးအနစ်နာခံခဲ့တယ်။ ဒါပေမယ့် မင်္ဂလာဝတ်စုံဝတ်ဖို့ အခွင့်အရေးတောင်မရဘူး။ ဒါကြောင့် အမေ့ကို အလှဆုံးပုံကိုရိုက်ပေးဖို့ ဒီအခွင့်အရေးကို ငါယူချင်ပါတယ်” လို့ Ma က ဆိုပါတယ် ။

သူ့အဖေဆုံးပြီးတဲ့နောက် အမေ Chen ဟာဝမ်းနည်းပူဆွေးနေတာတော့မဟုတ်ပါဘူး ။ သူမက နှစ်ပေါင်းများစွာဆုံးရှုံးခဲ့တဲ့ သူမရဲ့ သားသမီးများနဲ့ သူမရဲ့ခင်ပွန်းကို ဂရုစိုက်ပြီး နောက်အိမ်ထောင်မပြုဘဲ အားကြိုးမာန်တက်ဖြင့် သူမရဲ့ဘဝကို ဆက်လက်ရှင်သန်ခဲ့တာပါ ။ Ma’er အတွက် သူမငယ်စဉ်ကနေရာများစွာသို့ ခရီးသွားပြီးနောက် နောက်ဆုံးမှာ သူမအမေရဲ့အိမ်သို့ ပြန်ပြီး အခြေချရန်ဆုံးဖြတ်ခဲ့ပါတယ် ။


သူမထင်တာက“ ငါတို့ဘဝကတိုတယ် ။ ငါ့အမေအတွက် ပိုတိုတယ်၊ ငါရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို အမေနဲ့အတူနေပြီး ကမ္ဘာပေါ်ရှိအကောင်းဆုံးမိခင်ရဲ့ကျေးဇူးကိုဆပ်ချင်တယ် ” လို့ Ma’er က ပြောကြားခဲ့ပါတယ် ။

Zawgyi

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့နေရာကို အစားထိုးပြီး မိခင်နဲ့ အတူ နွေးထွေးတဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ရိုက်ကူးပေးခဲ့တဲ့ မိန်းကလေး

China Xinhua News ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတို့သားဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနဲ့ သတို့သမီးတို့ရဲ့ အထူးဓာတ်ပုံတစ်ပုံကို ဖြန့်ချိခဲ့ပါတယ် ။ ၎င်းအရာက အမျိုးသားနဲ့ အမျိုးသမီးစုံတွဲရဲ့ ပုံမှန်ပုံမဟုတ်သောကြောင့် ဖြစ်ပါတယ် ။ ဒါပေမယ့် အဲဒါက သတို့သားဝတ်စုံဝတ်ထားတဲ့ကောင်မလေးဟာ သူမရဲ့ဖခင်အစား အဘွားနဲ့အတူ ရိုက်ကူးခဲ့ခြင်းပါ ။“ အဖေက လွန်ခဲ့တဲ့ ၂၁ နှစ်က အသည်းကင်ဆာနဲ့ မသေခင် ငါတို့မင်္ဂလာဝတ်စုံဝတ်ထားတဲ့ပုံကို ရိုက်မယ်လို့ အမေကကတိပေးခဲ့တယ် ။


ငါအခု အရွယ်ရောက်ပြီး သူမဒီကတိကို တည်အောင် လုပ်ပေးချင်တယ်” လို့ Xinhua စတူဒီယိုတစ်ခုမှာ ဓာတ်ပုံရိုက်ရန် အသက် ၆၃ နှစ်အရွယ်အဖွားရဲ့ သမီးဖြစ်သူ Maer က ပြောကြားခဲ့ပါတယ် ။ပထမတော့ Ma’er က သူ့အမေတစ်ယောက်ထဲဘဲရိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သတို့သားမပါဘဲဓာတ်ပုံရိုက်လျှင် လှောင်ပြောင်ခံရမာကို မိခင်ဖြစ်သူက ကြောက်နေတာကြောင့် Ma’er က သူမ သတို့သားအဖြစ် ဝတ်မယ်လို့ ဝန်ခံလိုက်ပါတယ် ။


အတူတကွဓာတ်ပုံရိုက်နေစဉ် အမေဖြစ်သူက မျက်ရည်ကျလာပြီး ဓာတ်ပုံထဲမှာ Ma’er က သူမရဲ့မိခင်ကို မျက်ရည်များသုတ်ပေးနေတာကို တွေ့ရတော့ Netizen များစွာရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ် ။ “ အမျိုးသမီးတိုင်းဟာ မင်္ဂလာဝတ်စုံကို ဝတ်ရတာနှစ်သက်တယ်။ ငါ့အမေတောင်မှမဟုတ်ဘူး အခြားမိန်းကလေးတွေလည်း နှစ်သက်တာပါ။ အမေက ကလေးတွေကို ပြုစုဖို့ သူမတစ်သက်လုံးအနစ်နာခံခဲ့တယ်။ ဒါပေမယ့် မင်္ဂလာဝတ်စုံဝတ်ဖို့ အခွင့်အရေးတောင်မရဘူး။ ဒါကြောင့် အမေ့ကို အလှဆုံးပုံကိုရိုက်ပေးဖို့ ဒီအခွင့်အရေးကို ငါယူချင်ပါတယ်” လို့ Ma က ဆိုပါတယ် ။


 

သူ့အဖေဆုံးပြီးတဲ့နောက် အမေ Chen ဟာဝမ်းနည်းပူဆွေးနေတာတော့မဟုတ်ပါဘူး ။ သူမက နှစ်ပေါင်းများစွာဆုံးရှုံးခဲ့တဲ့ သူမရဲ့ သားသမီးများနဲ့ သူမရဲ့ခင်ပွန်းကို ဂရုစိုက်ပြီး နောက်အိမ်ထောင်မပြုဘဲ အားကြိုးမာန်တက်ဖြင့် သူမရဲ့ဘဝကို ဆက်လက်ရှင်သန်ခဲ့တာပါ ။ Ma’er အတွက် သူမငယ်စဉ်ကနေရာများစွာသို့ ခရီးသွားပြီးနောက် နောက်ဆုံးမှာ သူမအမေရဲ့အိမ်သို့ ပြန်ပြီး အခြေချရန်ဆုံးဖြတ်ခဲ့ပါတယ် ။ သူမထင်တာက“ ငါတို့ဘဝကတိုတယ် ။


ငါ့အမေအတွက် ပိုတိုတယ်၊ ငါရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို အမေနဲ့အတူနေပြီး ကမ္ဘာပေါ်ရှိအကောင်းဆုံးမိခင်ရဲ့ကျေးဇူးကိုဆပ်ချင်တယ် ” လို့ Ma’er က ပြောကြားခဲ့ပါတယ် ။crd

Leave a Reply

Your email address will not be published.