ပုသိမ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီး စတင်ခဲ့တဲ့ ရေပေးဝေရေးစီမံကိန်း ၅ လမပြည့်ခင် ရပ်တန့်
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
ပုသိမ်၊ မေလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရေ ပေးဝေရေးစီမံကိန်းဖွင့်ပွဲပြုလုပ်ပြီး ရပ်ကွက်တွေကို ရေစတင်ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကဖြန့်ဝေတဲ့ ရေပေးဝေရေးစီမံကိန်းဟာ ပင်မရေပိုက်လိုင်းနဲ့ ရပ်ကွက်တွေထဲကပိုက်လိုင်းတွေမှာ ရေယိုစိမ့်မှုတွေကြောင့် မေလ ၂၄ ရက်နေ့က စတင်ကာရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။
ရေတွေက လာတပ်ပေးထားတာ မသုံးရင် မရတော့မယ့်ပုံစံမျိုးပြောလို့ တပ်လိုက်ရတယ် စတပ်တုန်းက ၂၅၀၀ ပေးရတယ် နောက်ပိုင်း ပေးရတာမျိုးတွေတော့ မရှိသေးဘူး မြို့ထဲက ရပ်ကွပ်တွေမှာတော့ မီတာမှတ် နေပြီပြောတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ဖြန့်ဝေတဲ့ ရေပေးဝေမှုကို သုံးတဲ့သူ မရှိပေမယ့် ဖိအားပေးပြီး မတပ်ဆင်တဲ့အိမ်တွေကို စာလိုက် ပို့တာကြောင့် တပ်ဆင်ထားရပေမယ့် သုံးတာမျိုးမရှိလို့ ရေလိုင်းပျက်တာကို သတိမထားမိဘူးလို့ ဆိုပါတယ်။
ရေဖြန့်ဝေမှုစတင်ချိန်မှာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၄ ရပ်ကွက်တွေကို စတင်ဖြန့်ဝေခဲ့ပြီး နောက်ပိုင်းလတွေမှာ ကျန်တဲ့ရပ်ကွက်တွေကိုပါ စမ်းသက်ဖြန့်ဝေလာတာလို့ ဆိုပါတယ်။
အရပ်သားအစိုးရလက်ထက်က စီမံကိန်းနဲ့ တည်ဆောက်လက်စ ရေပေးဝေကို စီမံကိန်းကို စစ်ကောင်စီက မျက်နှာလိုချင်လို့ စီမံကိန်းကာလမတိုင်ခင် ခုလိုမျိုး ဖိအားပေးဖြန့်ဝေခိုင်းတာကြောင့် အချိန်မတိုင်ခင် ပျက်စီး တာတွေဖြစ်ပေါ်လာတာလို့ ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ဓာတ်ပုံ – မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ