၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီရော NUG ပါ ကိုယ်စားလှယ် တက်ရောက်ခွင့်မရ

News

၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီရော NUG ပါ ကိုယ်စားလှယ် တက်ရောက်ခွင့်မရ

မေလ ၂၅ ရက်နေ့။

ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားပြုကိုယ်စားလှယ်ကို ဆုံးဖြတ်ဖို့ ဆိုင်းငံ့ထားတဲ့အခြေအနေနော ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူကို ဆုံးဖြတ်ဖို့၊

မေးခွန်းထုတ်စရာတွေရှိနေသေးတဲ့အတွက် လာမယ့် ၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူ မရှိဘူးလို့ မနေ့ မေလ ၂၄ရက်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါသည်။

ဒီညီလာခံမှာ ကိုယ်စားလှယ်တက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရရော စစ်ကောင်စီဘက်ကပါ တင်ပြတာတွေရရှိခဲ့တယ်လို့ ဆိုပါသည်။

ဒါပေမဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက အစီရင်ခံစာတွေ၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်က ကြေညာချက်တွေကြောင့်ပါ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး။

ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင်အထိ ဆိုင်းငံ့ထားမယ်လို့ ဖော်ပြထားတာကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ဘယ်သူမှ မြန်မာကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့ နားလည်ကြောင်း ထုတ်ပြန်ချက်က ဆိုပါသည်။

ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံတုန်းကလည်း မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ ကုလသမဂ္ဂဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဦးကျော်မိုးထွန်းကဆက်လက်တက်ရောက်ခွင့်ရရှိထားပါသည်။

<

Leave a Reply

Your email address will not be published.