အဆင်မပြေတဲ့ မေးခွန်းအချို့အတွက် ပြန်လည်တုန့်ပြန်လိုက်တဲ့ လူရွှင်တော် ပိုးလေး

Cele News

ဟားငါးကောင် အဖွဲ့ဝင်လူရွှင်တော်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေး ကိုတော့ သဘင်ကိုချစ်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ရင်ဘတ်ချင်းတူ လူရွှင်တော်ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားပြီး ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဖွဲ့တစ်ဖွဲ့လဲ ဖြစ်ပါတယ်။ ဆန်းပြားတဲ့ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေကျဖြစ်တဲ့ သူတို့အဖွဲ့ရဲ့ပြက်လုံးတွေကိုတော့ ပရိသတ်တိုင်းလွမ်းနေမိမှာ အမှန်ပါပဲနော်။

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ သူတို့အတွက် ချစ်တဲ့ပရိသတ်ကြီးက ဂုဏ်ယူဝမ်းမြောက်နေရပါတယ်။ လူရွှင်တော် ပိုးလေး ဟာ မေးခွန်းတစ်ချို့အတွက် စိတ်ဆိုးဒေါသထွက်နေပါတယ်။

ပိုးလေး ကတော့ တောထဲမှာ အဆင်ပြေရဲ့လားမေးနေတဲ့သူတွေကို အခုလိုပဲ ပြောချလိုက်ပါတယ်။ ” တချို့က မင်းအဆင်ပြေရဲ့လားတဲ့ ငါတို့ ဘီယာဆိုင်ထိုင်နေတုန်း မင်းကိုသတိရလို့ ဖုန်းဆက်တာတဲ့ တချို့ကလည်း မင်းအဆင်ပြေရဲ့လားတဲ့ ငါတို့ ကာရာအိုကေရောက်နေလို့ မင်းကိုသတိရသွားပြီး ဖုန်းဆက်လိုက်တာတဲ့ တချို့ကလည်း မင်းအဆင်ပြေရဲ့လားတဲ့ ငါတို့ရုံးပိတ်တုန်းလေးပျော်ပွဲစားထွက်လာတာ မင်းကိုသတိရလို့ ဖုန်းဆက်လိုက်တာတဲ့ တချို့ကလည်း မင်းအဆင်ပြေရဲ့လား ငါတို့ပွဲကနေတာ မင်းကိုသတိရလို့ ဖုန်းဆက်လိုက်တာတဲ့ တချို့ကလည်း….တချို.ကလည်း….ဟုတ်ကဲ့ ကျွန်တော့ကို အဆင်ပြေလားလို့ မေးနေကြသူတွေကို ပြောချင်တယ်ဗျ ခင်ဗျားတို့ထက် ကျွန်တော်က ပိုအဆင်ပြေတာပေါ့ဗျာ။ နောက်ဆို ရှက်တတ်ရင် မင်းတို့ငါ့ကို အဆင်ပြေလားလို့ မမေးနဲ့ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဓာတ်ပုံလေးနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ … ခက်ခဲကြမ်းတမ်းစွာ နေထိုင်နေရတဲ့ လူရွှင်တော် ပိုးလေး အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published.