ကျွန်တော် စစ်မတိုက်တက်ပေမယ့် ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင် ရိုက်ပြီးပဲ တော်လှန်ပါတယ် ဆိုတဲ့ ဒါရိုက်တာ ဏကြီးရဲ့ ‘နိုင်ငံပျောက်သူ’ ဆိုတဲ့ အနုပညာ လက်ရာတစ်ခု

Cele News

ပရိသတ်ကြီးရေ……ဒါရိုက်တာ ဏကြီးကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစပြီး မြန်မာ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်ကနေ ရဲရဲဝံဝံ ရင်ထဲက ဆန္ဒအမှန်တွေကို ဖော်ထုတ်နေတာ ပဲဖြစ်ပါတယ်။

ဒါရိုက်တာ ဏကြီးက သူရဲ့ချစ်ဇနီး ပိုင်ဖြိုးသုနဲ့အတူ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ကာ လမ်းမထက်တွင် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ချစ်ခင်အားပေးရကျိုး နပ်လို့ ချီးကျူးနေကြတာ ဖြစ်ပါတယ်။

အခုလိုအခြေအနေမျိုးတွင် အနုပညာရှင်တော်တော်များများက စည်းလုံညီညွှတ်စွာ ပြည်သူတွေကို တတ်နိုင်သလောက် အားပေးကူညီဖေးမ ကာ အလှူအတန်းတွေ များစွာကိုလည်း ပြုလုပ်နေကြတာ ပဲဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးက လက်ရှိအချိန်မှာတော့ လမ်းမပေါ်တွင် လူထုလှုပ်ရှားမှုမှာ မပါဝင်နိုင်တော့ပေမယ့်လည်း သူရဲ့ Facebook စာမျက်နှာထက်တွင် ပြည်သူတွေ အတွက် သတင်းအချက်အလက်များနဲ့ လုပ်နိုင်သလောက် ဆက်လက်လုပ်ဆောင် ကြဖို့ကို ပြောကြားပေးနေတာ ဖြစ်ပါတယ်။

တိုင်းပြည်အကျပ်အတည်းကာလရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။ ရပ်တည်ချက်ပြတ်သားသူတွေဖြစ်တာကြောင့် ဘယ်နေရာပဲရောက်ရောက် ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီး ရင်ထဲကဆန္ဒတွေကို ရသလောက်ထုတ်ဖော်နေဆဲပါပဲ။

ကျွန်တော် စစ်မတိုက်တတ်ဘူး။
fundraising တွေလည်း မလုပ်တတ်ဘူး။
ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။
အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။

နိုင်ငံပျောက်သူ short film ကို ပဒေသာပင်ကနေ မေ ၃၀ မှာ တင်ပါမယ်။ Pa Day Thar Pin YouTube Channel ကို Subscribe လုပ်ထားလို့ရပါတယ်။

ကျားပေါက်ကို အထူးကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့် သူတွေကတော့ များပါတယ်။ ကိုမိုး၊ မသဇင်၊ ဉာဏ်လင်း၊ မယ်ကူး၊ ဆရာဟဲ၊ ကိုနေဘုန်းလတ်၊ ဆရာမ၊ ကိုမင်းမင်းနဲ့ အခြား ဝိုင်းဝန်းကူညီသူတွေလည်း အများကြီးပါ။ နာမည် ထုတ်ပြောလို့ မရတဲ့သူတွေ (သူတို့လုံခြုံရေးအတွက်)လည်း ပါပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံပျောက်သူ

starring
ဒေါင်း၊ ပိုင်ဖြိုးသု

written & directed by
ဏကြီး

music composed by
ကျားပေါက်

director of Photography
မိုးသွန်း

assistant Camera
ဘုန်းမောင်

CGI
Anonymous

production design
ဉာဏ်လင်း၊ Kukue

production assistant
နီလာ

set decorator
စောချစ်

sound design
သဇင်ညွှန့်အောင်

location sound
ဂျက်ဂျက်

boom operator
kwan

gaffer
စိုးကြီး၊ သရဲ

အရင်က ကျွန်တော်နဲ့ အတူ လက်တွဲပြီး ရုပ်ရှင်တွေရိုက်ခဲ့ကြတဲ့ Team & Crew လုပ်ဖော်ကိုင်ဖက်အားလုံးကိုလည်း သတိတရ ရှိနေပါတယ်။

နိုင်ငံပျောက်သူ

ပဒေသာပင်

ဒါရိုက်တာ ဏကြီးရဲ့စာသားလေးကို တစ်ဆင့် ပြန်လည်ကူးယူ ဝေမျှပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published.