ပွူစောထီးခေါငဆြောငအြုနြးကှီ မိုးကှိုးပ-ဈခံရ၍ေ-သဆုံး

News

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

“မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်။ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ။ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ။

ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်။ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ။” လို့ ဒေသခံတစ်ဦးကစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်ကလည်းမန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိခဲ့ရပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာများရရှိခဲ့သည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်ကြောင်းမိုးလေဝသပညာရှင်များကပြောသည်။

Credit Original writer

Zawgyi
အောင်ဇေယျ/Peoples Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်။ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ။ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ။

ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်။ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ။ လို့ ဒေသခံတစ်ဦးကစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်ကလည်းမန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိခဲ့ရပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာများရရှိခဲ့သည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်ကြောင်းမိုးလေဝသပညာရှင်များကပြောသည်

Credit Original writer

Leave a Reply

Your email address will not be published.