နန္းထိုက္ေအာင္စစ္ဆင္ေရး အျဖစ္ KNLA ပူးေပါင္းအဖြဲ႕က ခမရ(၂၀၇)အား တိုက္ခိုက္ တပ္ၾကပ္ႀကီးတစ္ဦးေတၿပီး ႏွစ္ဦးျပင္းထန္စြာဒဏ္ရာရရွိဟု စစ္ဆင္ေရးဦးေဆာင္သူေျပာနန္းထိုက္ေအာင္စစ္ဆင္ေရး ၏ စစ္ေရးပစ္မွတ္အျဖစ္ မြန္ျပည္နယ္ သိမ္ဇရပ္အေျခစိုက္ တပ္မ(၄၄)လက္ေအာက္ခံ ခမရ(၂၀၇)အား တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္မွ တပ္ၾကပ္ႀကီးတစ္ဦးေတကာ ႏွစ္ဦးဒဏ္ရာရရွိေၾကာင္း အဆိုပါစစ္ဆင္ေရးဦးေဆာင္သူက People’s Springသို႔ ေျပာသည္။
ယေန႔ (ေမ ၂၄ ရက္) နံနက္ ၃နာရီခြဲခန္႔က ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (KNLA)၊ PDF ႏွင့္ပကဖ ေတာ္လွန္ေရးအင္အားစုမ်ား ပူးေပါင္းအဖြဲ႕မွ အဆင့္ျမင့္နည္းပညာျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။
ကၽြန္ေတာ္တို႔ ထပ္တိုက္လို႔ရတဲ့အခြင့္အေရးေတြရွိေပမယ့္ တပ္ရင္းက မိသားစုေတြကို လူကိုလူလိုျမင္တတ္တဲ့ စိတ္နဲ႔အျပစ္မရွိတဲ့ မိသားစုဝင္ေတြအတြက္ ငဲ့ညာလိုက္တာပါ။
အၾကမ္းဖက္စစ္ေကာင္စီေအာက္က ႐ုန္းထြက္ခ်င္ၾကတဲ့သူေတြ က်ိဳက္ထိုေတာ္လွန္ေရးအင္အားစုနဲ႔ အျမန္ဆုံးဆက္သြယ္ဖို႔ အသိေပးထားပါတယ္။
ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ စကစနဲ႔ပတ္သက္သူမွန္သမၽွ ဘယ္သူ႔ကိုမွသက္ညႇာေတာ့မွာမဟုတ္ဘဲ ေခ်မႈန္းသြားပါ့မယ္လို႔ စစ္ဆင္ေရးမွာဦးေဆာင္ပါဝင္ခဲသူက ရွင္းျပသည္။
ထို႔အတူ တၿပိဳင္နက္တည္းမွာပင္ သိမ္ဇရပ္ၿမိဳ႕မရဲစခန္းအားတိုက္ခိုက္ရာ ထိခိုက္မႈကို အေသးစိပ္စုံစမ္းဆဲဟု အသိေပးသည္။ အဆင့္ျမင့္နည္းပညာနဲ႔ပတ္သက္လို႔ ေလာေလာ ဆယ္ေျပာလို႔
မရေသးတဲ့ လၽွို႔ဝွက္ အေၿခ အေန ျဖစ္ေနပါေသးတယ္ ေသတာ၊ဒဏ္ရာရတာေတြကေတာ့ က်ိန္းေသတယ္ ဟု စစ္ဆင္ေရးတြင္ပါဝင္သူက People’s Springသို႔ ေျပာသည္။
စစ္ေကာင္စီလက္ေအာက္ခံမ်ားအေနျဖင့္ အခ်ိန္မီႏႈတ္ထြက္ႏွင့္ လက္ပါးေစမ်ား၊ သတင္းေပးဒလန္မ်ားႏွင့္ ေဒါက္တိုင္မ်ားကို တိုက္ခိုက္ေခ်မႈန္းသြားမည္ဟုလည္း စစ္ဆင္ေရးတြင္ပါဝင္သည့္ က်ိဳက္ထိုေတာ္လွန္ေရးအင္အားစုက သီးျခားထုတ္ျပန္ထားသည္။
ယမန္ေန႔ကလည္း ပဲခူးတိုင္း၊သာယာဝတီၿမိဳ႕တြင္ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရးအျဖစ္ တပ္မ (၆၆) ၏ ခလရ (၃၅)တပ္ရင္းသို႔ ဆန္ရိကၡာမ်ားေထာက္ ပံ့ေပးေနေသာဆန္စက္အား မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း စစ္ဆင္ေရးတာဝန္ခံက People’s Springသို႔ ေျပာထားသည္။
အဆိုပါတိုက္ခိုက္မႈေၾကာင့္ ဆန္စက္ပိုင္ရွင္၏ အိမ္စီးကားႏွင့္ ကုန္ကားတစ္စီးလည္း ထိခိုက္ပ်က္စီးခဲ့သည္။ လက္ရွိတြင္ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ ေရး မွာ ရန္ကုန္တြင္သာမက ပဲခူးတိုင္းႏွင့္ မြန္ျပည္ နယ္အတြင္း၌ပါ ေဆာင္ရြက္ေနျခင္းျဖစ္သည္။
ထို႔အျပင္ စစ္ဆင္ေရးတစ္လအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီေထာက္တိုင္ စုစုေပါင္း ၅၅ဦးကို ရွင္းလင္းထားၿပီး ၆၀ေက်ာ္ဒဏ္ရာရရွိခဲ့သည္ဟု ဆိုသည္။ ယခုႏွစ္ ဧၿပီ၈ရက္က စတင္ခဲ့ေသာ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး သည္ ေမလ၈ ရက္က တစ္လျပည့္ေျမာက္ခဲ့ျခင္း ျဖစ္သည္။ Credit- People Spring
နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် KNLA ပူးပေါင်းအဖွဲ့က ခမရ(၂၀၇)အား တိုက်ခိုက် တပ်ကြပ်ကြီးတစ်ဦးတေပြီး နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိဟု စစ်ဆင်ရေးဦးဆောင်သူပြော
နန်းထိုက်အောင်စစ်ဆင်ရေး ၏ စစ်ရေးပစ်မှတ်အဖြစ် မွန်ပြည်နယ် သိမ်ဇရပ်အခြေစိုက် တပ်မ(၄၄)လက်အောက်ခံ ခမရ(၂၀၇)အား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးတေကာ နှစ်ဦးဒဏ်ရာရရှိကြောင်း အဆိုပါစစ်ဆင်ရေးဦးဆောင်သူက People’s Springသို့ ပြောသည်။
ယနေ့ (မေ ၂၄ ရက်) နံနက် ၃နာရီခွဲခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF နှင့်ပကဖ တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့မှ အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ကျွန်တော်တို့ ထပ်တိုက်လို့ရတဲ့အခွင့်အရေးတွေရှိပေမယ့် တပ်ရင်းက မိသားစုတွေကို လူကိုလူလိုမြင်တတ်တဲ့ စိတ်နဲ့အပြစ်မရှိတဲ့ မိသားစုဝင်တွေအတွက် ငဲ့ညာလိုက်တာပါ။
အကြမ်းဖက်စစ်ကောင်စီအောက်က ရုန်းထွက်ချင်ကြတဲ့သူတွေ ကျိုက်ထိုတော်လှန်ရေးအင်အားစုနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အသိပေးထားပါတယ်။
နောက်တစ်ကြိမ်ဆိုရင်တော့ စကစနဲ့ပတ်သက်သူမှန်သမျှ ဘယ်သူ့ကိုမှသက်ညှာတော့မှာမဟုတ်ဘဲ ချေမှုန်းသွားပါ့မယ်လို့ စစ်ဆင်ရေးမှာဦးဆောင်ပါဝင်ခဲသူက ရှင်းပြသည်။
ထို့အတူ တပြိုင်နက်တည်းမှာပင် သိမ်ဇရပ်မြို့မရဲစခန်းအားတိုက်ခိုက်ရာ ထိခိုက်မှုကို အသေးစိပ်စုံစမ်းဆဲဟု အသိပေးသည်။ အဆင့်မြင့်နည်းပညာနဲ့ပတ်သက်လို့ လောလော ဆယ်ပြောလို့
မရသေးတဲ့ လျှို့ဝှက် အခြေ အနေ ဖြစ်နေပါသေးတယ် သေတာ၊ဒဏ်ရာရတာတွေကတော့ ကျိန်းသေတယ် ဟု စစ်ဆင်ရေးတွင်ပါဝင်သူက People’s Springသို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ပဲခူးတိုင်း၊သာယာဝတီမြို့တွင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် တပ်မ (၆၆) ၏ ခလရ (၃၅)တပ်ရင်းသို့ ဆန်ရိက္ခာများထောက် ပံ့ပေးနေသောဆန်စက်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်။ လက်ရှိတွင် နန်းထိုက်အောင်မြို့ပြစစ်ဆင် ရေး မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည် နယ်အတွင်း၌ပါ ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို ရှင်းလင်းထားပြီး ၆ဝကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။ Credit- People Spring