ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်းသိရ

News

နေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်းသိရ

ဧရာဝတီတိုင်းမ်၊ မေလ ၂၄ ရက်

စစ်ကောင်စီ ရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်း ဒေသခံများထံကသိရသည်။

ယခင်နှစ် နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီကတနိုင်ငံလုံးရှိ အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်စဉ်အ ဆိုပါပုဂ္ဂလိကစာသင်ကျောင်းများက ဖွင့်လှစ်ခြင်းမပြုခဲ့ကြောင်း သိရသည်။

ထို့ကြောင့်အဆိုပါစာသင်ကျောင်းများကို ယခုနှစ်တွင် ကျောင်းဖွင့်ခွင့်မပေးဘဲ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ CDM ပညာရေးအသိုင်းအဝိုင်းထံကဆိုသည်။နေပြည်တော်ထဲက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်းကို ဖွင့်ခွင့်မပေးတာပေါ့။ ပိတ်သိမ်းတာမျိုးတော့မဟုတ်ဘူး။ ဒီနှစ်ကိုမဖွင့်ခိုင်းတာလို့သိရတယ်

မနှစ်က အဲ့ဒီကျောင်းတွေက မဖွင့်ဘဲနဲ့နေလို့ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး မဖွင့်ခိုင်းတာလို့သိရတယ် ဟု နေပြည်တော်ကိုယ်ပိုင် ကျောင်းများနှင့်နီးစပ်သည့် CDM ကျောင်းဆရာတဦးက ပြောသည်

နေပြည်တော်စစ်ကောင်စီပညာရေးအသိုင်းအဝိုင်းနှင့်နီး စပ်သည့်အခြားသတင်းရင်းမြစ်တခုကလည်း ယခင်နှစ်ကဖွင့်လှစ်ခြင်းမရှိသည့် အဆိုပါ ကျောင်းများကို ဖွင့်လှစ်ခွင့်မပေးသည်မှာမှန်ကန်ကြောင်း အတည်ပြု ပြော ဆိုသည်

မနှစ်က မဖွင့်တဲ့ကျောင်းမှန်သမျှ ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ရဲ့နေပြည်တော်ကောင်စီ ပညာရေးရုံးဘက်ကသိရတယ်။ ကျောင်းအရေအတွက်တော့မသိရဘူး ဟု ၎င်းကဆိုသည်

အဆိုပါဖွင့်ခွင့်မရသည့်ကိုယ်ပိုင်ကျောင်းများတွင် အောင် ချက်မြင့်မားပြီးနာမည်ကြီးကျောင်းများဖြစ်သည့် ဥတ္တရသီရိမြို့နယ်မှ CAE ကိုယ်ပိုင်အထက်တန်းကျောင်း

ဇမ္ဗူသီရိမြို့နယ်မှ မဟာပညာ၊တပ်ကုန်းမြို့နယ်မှ တော်ဝင်၊ လယ်ဝေးမြို့နယ်မှ ထူးချွန် စသည့် နာမည်ကြီးကိုယ်ပိုင် ကျောင်းများအပါအဝင် ၁၆ ကျောင်း ဟု နေပြည်တော် သတင်းရင်းမြစ်များကပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သ တင်းထုတ်ပြန်မှုမရှိသေးသလို ကိုယ်ပိုင်ကျောင်းများဘက်မှလည်း တစုံတရာသတင်းထုတ်ပြန်လာခြင်းမရှိသေးပါ

ဇမ္ဗူသီရိမြို့နယ်၊ မဟာပညာကိုယ်ပိုင်အထက် တန်းကျောင်းမှ ဝန်ထမ်းတဦးကို အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်မသိရှိကြောင်းနှင့် ဖြေဆိုရန်ငြင်းဆန်ခဲ့သည်

ယခင်နှစ်များတွင်အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း များအနေဖြင့်သြင်္ကန်ပြီးဆုံးသည့် ဧပြီလ နောက်ဆုံးအပတ်မှစတင်ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရသည်

စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံရန်ညွှန်ကြားထားသည် ဓာတ်ပုံ – နေပြည်တော်၊လယ်ဝေးမြို့နယ်မှ ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်းတခုနေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်းသိရ

ဧရာဝတီတိုင်းမ်၊ မေလ ၂၄ ရက်

စစ်ကောင်စီ ရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်း ဒေသခံများထံကသိရသည်။

ယခင်နှစ် နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီကတနိုင်ငံလုံးရှိ အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်စဉ်အ ဆိုပါပုဂ္ဂလိကစာသင်ကျောင်းများက ဖွင့်လှစ်ခြင်းမပြုခဲ့ကြောင်း သိရသည်။

ထို့ကြောင့်အဆိုပါစာသင်ကျောင်းများကို ယခုနှစ်တွင် ကျောင်းဖွင့်ခွင့်မပေးဘဲ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ CDM ပညာရေးအသိုင်းအဝိုင်းထံကဆိုသည်။နေပြည်တော်ထဲက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်းကို ဖွင့်ခွင့်မပေးတာပေါ့။ ပိတ်သိမ်းတာမျိုးတော့မဟုတ်ဘူး။ ဒီနှစ်ကိုမဖွင့်ခိုင်းတာလို့သိရတယ်

မနှစ်က အဲဲ့ဒီကျောင်းတွေက မဖွင့်ဘဲနဲ့နေလို့ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး မဖွင့်ခိုင်းတာလို့သိရတယ် ဟု နေပြည်တော်ကိုယ်ပိုင် ကျောင်းများနှင့်နီးစပ်သည့် CDM ကျောင်းဆရာတဦးက ပြောသည်

နေပြည်တော်စစ်ကောင်စီပညာရေးအသိုင်းအဝိုင်းနှင့်နီး စပ်သည့်အခြားသတင်းရင်းမြစ်တခုကလည်း ယခင်နှစ်ကဖွင့်လှစ်ခြင်းမရှိသည့် အဆိုပါ ကျောင်းများကို ဖွင့်လှစ်ခွင့်မပေးသည်မှာမှန်ကန်ကြောင်း အတည်ပြု ပြော ဆိုသည်

မနှစ်က မဖွင့်တဲ့ကျောင်းမှန်သမျှ ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ရဲ့နေပြည်တော်ကောင်စီ ပညာရေးရုံးဘက်ကသိရတယ်။ ကျောင်းအရေအတွက်တော့မသိရဘူး ဟု ၄င်းကဆိုသည်

အဆိုပါဖွင့်ခွင့်မရသည့်ကိုယ်ပိုင်ကျောင်းများတွင် အောင် ချက်မြင့်မားပြီးနာမည်ကြီးကျောင်းများဖြစ်သည့် ဥတ္တရသီရိမြို့နယ်မှ CAE ကိုယ်ပိုင်အထက်တန်းကျောင်း

ဇမ္ဗူသီရိမြို့နယ်မှ မဟာပညာ၊တပ်ကုန်းမြို့နယ်မှ တော်ဝင်၊ လယ်ဝေးမြို့နယ်မှ ထူးချွန် စသည့် နာမည်ကြီးကိုယ်ပိုင် ကျောင်းများအပါအဝင် ၁၆ ကျောင်း ဟု နေပြည်တော် သတင်းရင်းမြစ်များကပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သ တင်းထုတ်ပြန်မှုမရှိသေးသလို ကိုယ်ပိုင်ကျောင်းများဘက်မှလည်း တစုံတရာသတင်းထုတ်ပြန်လာခြင်းမရှိသေးပါ

ဇမ္ဗူသီရိမြို့နယ်၊ မဟာပညာကိုယ်ပိုင်အထက် တန်းကျောင်းမှ ဝန်ထမ်းတဦးကို အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့်မသိရှိကြောင်းနှင့် ဖြေဆိုရန်ငြင်းဆန်ခဲ့သည်

ယခင်နှစ်များတွင်အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း များအနေဖြင့်သင်္ကြန်ပြီးဆုံးသည့် ဧပြီလ နောက်ဆုံးအပတ်မှစတင်ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရသည်

စစ်ကောင်စီက ၄င်းတို့လက်အောက်ရှိစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံရန်ညွှန်ကြားထားသည် ဓာတ်ပုံ – နေပြည်တော်၊လယ်ဝေးမြို့နယ်မှ ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်းတခု

Credit – Original Writer

Leave a Reply

Your email address will not be published.