စစ်ကောင်စီတပ်သားတွေရဲ့ လက်အတွင်းမှ လက်တစ်လုံးခြားအလိုမှာ လွတ်မြောက်ခဲ့သူ တစ်ဦးပြောပြလာတဲ့ ရင်မောစရာအဖြစ်အပျက်

News

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလပ်ချောင်းကျေးရွာရှိ နေအိမ်တစ်ခုကို တပ်မ ၇၇ အမှတ် တံဆိပ် ပါရှိသည့် ယူနီဖောင်းဝတ်ဆင် ထားသော စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်ရောက်ရှိလာသည်။

တိတ်ဆိတ်ငြိမ်သက်နေသည့် အလပ်ချောင်းကျေးရွာတွင် ၎င်းတို့ရောက်ရှိလာပြီး မိနစ်ပိုင်းအကြာ၌ သေ နတ်သံ များဖြင့် ဆူညံသွားတော့သည်။ စစ်ကောင်စီတပ်သားများသည် နေအိမ်တစ်ခုကို မောင်းပြန် သေ နတ်များဖြင့် စိတ် ကြိုက်ပစ်ခတ်နေခြင်းဖြစ်သည်။

ဧပြီလ ၂၇ ရက်သည် ချမ်းငြိမ်းသူ (ခ) မောင်ပန်ဒါအတွက် ကံဆိုးမိုးမှောင်ကျသည့် နေ့ရက်ပင်ဖြစ်သ ည်။ လုံခြုံ စိတ်ချရမှုမရှိတော့သည့် ဝပ်ကျင်း (ခိုလုံရာနေရာ) မှ ဖောက်ခွဲရေးပစ္စည်းများကို မောင်ပန်ဒါ ရွေ့ပြောင်းရန် ကြိုး စားနေစဉ် စစ်သားများက ရောက်ရှိလာခြင်းဖြစ်သည်။

“ဘယ်ရမလဲ။ ကျွန်တော်တို့လည်း အသံကုန်အော်ပြီး ပြေးတာပေါ့” ဟု မောင်ပန်ဒါက ပြန်ပြောင်းပြောပြသည်။ မောင်ပန်ဒါ၏ အဖော်ဖြစ်သူသည် ကျည်ဆံများနှင့် ဝေးရာသို့မြန်ဆန်စွာ ရောက်ရှိသွားသည်။ မောင်ပန်ဒါကမူ အလပ်ချောင်းကျေးရွာအတွင်း၌ မျက်စိလည်နေခဲ့သည်။သူသည် ပထမဆုံး နေအိမ်နောက်ဘေးလမ်းကြားများကို ဖြတ်ပြေးသည်။ ထို့ နောက် လယ်ကွင်းများကို ဖြတ်ပြေး သည်။ မြင်သမျှတွေ့သမျှ လမ်းကြိုလမ်းကြားတိုင်းကိုလည်း မောင်ပန်ဒါတစ်ယောက် ပတ်ပြေးနေခဲ့သည်။

နောက်ဆုံးတော့ မောင်ပန်ဒါတစ်ယောက် မစင်တွင်းထဲသို့ ပြုတ်ကျသွားတော့သည်။ စစ်သားများကလည်း ထက် ကြပ်မကွာလိုက်ပါရင်း ပစ်ခတ်နေဆဲဖြစ်သည်။ နီးလိုက် ဝေးလိုက်ဖြစ်နေသည့် သေနတ်သံများကို မောင်ပန်ဒါ တစ်ယောက် မစင်တွင်းထဲမှ ကြားနေရသည်။“ပြည်သူနဲ့အတူသစ္စာရှိရှိ တော်လှန်ခဲ့တယ်။ ပြည်သူရဲ့မေတ္တာကြောင့် ဘေးကင်းပါစေ..ဆိုပြီး ကျွန်တော် သစ္စာ ဆိုခဲ့တယ်” ဟု မောင်ပန်ဒါကပြော သည်။ သေတော့မည်ဟု ယုံကြည်နေခြင်းကြောင့် ယခုကဲ့သို့ သစ္စာဆိုလိုက် ခြင်းဖြစ်သည်ဟု သူကပြောသည်။

သေနတ်သံများ ဝေးသွားသည့်အခါ မောင်ပန်ဒါတစ်ယောက် မစင်တွင်းဘေး၌ အမောဖြေနေခဲ့သည်။ ထိုစဉ် ဒုက္ခ ဆိုးတစ်မျိုးကို ထပ်မံကြုံတွေ့ရတော့သည်။ မစင်တွင်းပိုင်ရှင်ဖြစ်သည့် အိမ်ရှင်အမျိုးသမီးသည် သူ့ကို တွေ့သည့် အခါ “သူခိုး ၊ သူခိုး” ဟု ထ၍အော်သည်။အနားယူချိန်မရလိုက်ဘဲ ထပ်၍ ပြေးရပြန်သ ည်။ ဘယ်အချိန်ထိပြေးနေခဲ့သည်ကို မောင်ပန်ဒါတစ်ယောက် မသိခဲ့ ပေ။ စစ်သားများ၏ အရိပ်အယောင်ကို မတွေ့တော့သည့်အခါ နေအိမ်တစ်လုံးဆီသို့ မောင်ပန်ဒါ ပြေးဝင်သွားတော့သည်။

နေအိမ်အတွင်းရှိ လူအကုန်ကို မောင်ပန်ဒါတစ်ယော က် လက်အုပ်ချီ၍ အကြိမ်များစွာကန်တော့သည်။ ပစ္စတို သေနတ် တစ်လက် ၊ ပိုက်ဆံအိတ်နှင့် ဖုန်းကို ရှေ့သို့ချကာ “ကျွန်တော် တော်လှန်ရေးသမားတစ်ယောက်ပါ။ ရေချိုးခွင့်ပြုပါ။ ကူညီပါ” ဟူ၍ ပါးစပ်ကလည်း ဆက်တိုက်ပြောနေခဲ့သည်။အိမ်ရှင်များက အကြောက်လွန်နေခဲ့သော်လည်း မောင်ပန်ဒါတောင်းဆိုသည်ကို ခွင့်ပြုခဲ့သည်။ ညနေ ၃ နာရီခန့် တွင် မောင်ပန်ဒါတစ်ယောက် အလပ်ချောင်းကျေးရွာမှတစ်ဆင့် ရန်ကုန်ဘ က်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာခဏ ပြောလေ့ရှိသည့် နိုင်ငံတကာအဆင့်မီ စစ်တပ်ကြီး၏ တပ်ဖွဲ့ဝင်များ ကမူ တော်လှန်ရေးသမား နှစ်ဦးကို ရှာဖွေရန် အလပ်ချောင်းကျေးရွာ၌ ကျန်ရစ်ခဲ့သည်။ထို့နောက် ဧပြီလ ၂၇ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၌ တော်လှန်ရေးသမား ၁၄ ဦးကျဆုံးခဲ့သည်ဟု သတင်းအမှားများ ထွက်ပေါ်လာသည်။“ရန်ကုန်ပြန်ရောက်တော့ UG (မြေအောက်တော်လှန်ရေးသမားများ) တွေကို ဒုက္ခရောက်မှာစိုးလို့ မချိတ်ဘဲနဲ့ အခြားသူငယ်ချင်းတွေကို ချိတ်ပြီး နေရေးထိုင်ရေးကို စီစဉ်တာ ဘယ်သူမှမကူညီဘူးဗျာ” ဟု မောင်ပန်ဒါက ပြောသည်။

မောင်ပန်ဒါဆိုသည်မှာ Dark Shadow အမည်ရှိ မြေ အောက်တော်လှန်ရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ ကရင်ပြည်နယ်ရှိ နာမည်ကျော်ကော်ဘရာစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့်တော် လှန်ရေး ရဲဘော်ဖြစ်သည်။သူ့ကို ၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် မ အောင် မြင်ခဲ့သည့်နောက် ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ လက်လုပ်လက်စားဖြစ်သည့် မိသားစုအတွက် ဆိုက် ကားနင်းသည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။

ထို့နောက် အဲကွန်းပြုပြင်ရေးလုပ်ငန်းသို့ရောက်ရှိသွားသည်။ နောက်ဆုံး၌ Foodpanda Rider တစ် ယောက်အနေ ဖြင့် စားသောက်ဖွယ်ရာများကို စက်ဘီးနင်း၍ အိမ်အရောက် လိုက်လံပို့ဆောင်ပေးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ နိုင်ငံတော်၏ အာဏာကို သိမ်းယူခဲ့သည်။ နိုင်ငံရေးဆိုသည်ကို အနည်းငယ်မျှစိတ်ဝင်စားခြင်းမရှိသည့် မောင်ပန်ဒါအတွက် နိုင်ငံတော်၏ အာဏာအသိမ်းခံလိုက်ရသည်ကို ကိုယ်နှင့် မဆိုင်ဟု ခံယူထားသည်။

အာဏာသိမ်းခံရပြီး နောက်တစ်ရက်တွင် သူသည်ပုံမှန်အတိုင်း စားသောက်ဖွယ်ရာများကို လိုက်လံပို့ဆောင်ပေး နေခဲ့သည်။“ဆန္ဒတွေပြတော့ ကျွန်တော်စိတ်က ထိန်းမရတော့ဘူး။ စက်ဘီးနဲ့ ပုံးကို လှည်းတန်းတံတားခြေမှာ ထားခဲ့ပြီး လူအုပ်ထဲပါသွားကော” ဟု မောင်ပန်ဒါက ပြောသည်။ထို့နေ့မှစတင်၍ မောင်ပန်ဒါတစ်ယော က် နေ့တိုင်းဆန္ဒပြတော့သည်။ စစ်သားများက လက် နက်မဲ့ ပြည်သူများကို ရိုက်နှက်ဖမ်းဆီးခြင်း ၊ သေနတ်ဖြင့်ပစ်သက်ခြင်းများကို မြင်တွေ့လာရသည့်အခါ မောင်ပန်ဒါ၏ စိတ်သည် ယခင်နှင့်မတူဘဲ များစွာပြောင်းလဲသွားတော့သည်။

“အဆုံးထိတော်လှန်တော့မယ်လို့ ခံယူပစ်လိုက်တယ်” ဟု သူကပြောသည်။မောင်ပန်ဒါသည် ဆန္ဒပြခြင်းကို စမ်းချောင်းမြို့နယ်ရှိ လမ်းထိပ်တစ်ခုတွင် အခြေချခဲ့သည်။ နေ့စဉ်ဆန္ဒပြသည်။ သတင်းစာများတွင် ဖော်ပြခဲ့သည့် ထဘီ (အမျိုးသမီးဝတ် လုံချည်) ခံတပ်ကိုလည်း သူငယ်ချင်းများနှင့်အတူ ဖန်တီးခဲ့သည်။နောက် ဆုံးတွင် မောင်ပန်ဒါတို့၏ ဆန္ဒပြသည့်ခံတပ်ကို စစ် သားများက ရက် စက်စွာဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထို့နေ့မှစတင်၍ သူသည် ပြောက်ကျားစနစ်ဖြင့်ပြုလုပ်သည့် ဆန္ဒပြပွဲများကိုသာ လိုက်လံရှာဖွေကာ ပူးပေါင်းခဲ့သည်။

၂၀၂၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင် မောင်ပန်ဒါဆီသို့ စားသုံးသူတစ်ဦးက ပီဇာနှစ်ချပ်မှာယူခဲ့သည်။ Pizzamaru ဆိုင်မှ ပီဇာနှစ်ချပ်ကိုယူဆောင်ကာ စမ်းချောင်းမြို့နယ် မြင့်မိုရ်လမ်းရှိ တိုက်တစ်လုံးဆီသို့ သူက သွားရောက်ပို့ ဆောင်ခဲ့သည်။စားသုံးသူသည် သုံးလွှာသို့တက်ခဲ့ရန် ပြောဆိုခဲ့သည်။ မောင်ပန်ဒါတစ်ယောက် သုံးလွှာသို့ရောက်ရှိသည့် အခါ အောက်ထပ်၌ စောင့်နေသည့် ရဲနှင့်စစ်သားများက ပိတ်၍ဖမ်းတော့သ ည်။လက်ထိပ်နောက်ပြန်ခတ်၍ ထိုးကြိတ် ကန်ကြောက်ပြီးနောက် ကားတစ်စီးပေါ်သို့တင်ကာ စမ်းချောင်းရဲစခန်းသို့ သူ့ကိုခေါ်ဆောင်သွားခြင်းဖြစ်သည်။

ရဲစခန်းသို့ရောက်သည့်အခါ ဘယ်သူတွေကိုသိလဲ၊ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ စသည်ဖြင့် မေးမြန်းကာ မောင်ပန်ဒါကို ထုကြ၊ ထောင်းကြ၊ ရိုက်ကြ၊ နှက်ကြတော့သည်။“သေနတ်နဲ့ ခဏခဏချိန်ပြီး ပစ်သတ်လိုက်မယ်လည်းပြောတယ်။ ကျွန်တော်လည်း ကြောက်တာပေါ့ဗျာ။ ဒါပေ မယ့် ဘာမေးမေး မသိဘူးပဲ ပြောနေမိတယ်”ဟု ဖမ်းဆီးစစ်ဆေးခံရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။

မောင်ပန်ဒါကို တစ်ရက်အကြာ စိတ်ကြိုက်နှိပ်စက်ပြီးသည့်နောက် ရဲသားများသည် စမ်းချောင်းမြို့နယ် တရားရုံး၌ ၅၀၅ (က) ဖြင့် စွဲချက်တင်ကာ အင်းစိန် ထောင်သို့ ပို့လိုက်တော့သည်။ Foodpanda ဝတ်စုံနှင့်အတူ အင်းစိန် ထောင်သို့ ရောက်ရှိသွားခဲ့သည့် ချမ်းငြိမ်းသူကို နိုင်ငံရေးအကျဉ်းသားများက ပန်ဒါလေးဟု ခေါ်ဆိုခဲ့သည်။“ထောင်ထဲရောက်တော့ အိမ်ပြန်ချင်တာအရမ်းပဲ။ ထောင်ထဲရောက်ကာစက ချီးပုံးတွေလည်းသယ်ရတယ်။ မနိုင်တဲ့ဝန်တွေ ထမ်းရသလို အလုပ်ကြမ်းတွေခိုင်းတာလည်း လုပ်ရတယ်။ စားတော့လည်း ဟင်း မပါဘူး။ ဆန်ကလည်း ရေနဲ့မျှောချရတာ” ဟု မောင်ပန်ဒါက ထောင်တွင်းအတွေ့အကြုံကို ပြောသည်။

အကျဉ်းထောင်ရှိ ဝန်ထမ်းများသည် နိုင်ငံရေးအကျ ဉ်းသားများကို ကိုယ်ခန္ဓာအပေါ်ဒုက္ခပေးရုံသာမက စိတ်ပိုင်း ဆိုင်ရာကိုလည်း ဒုက္ခပေးသည်။ မောင်ပန်ဒါတို့ကို “လွတ်မည်၊ လွတ်မည်” ဟု ပြောဆိုပြီး မလွှတ်ပေးသည့် အကြိမ်ပေါင်း မြောက်များစွာရှိခဲ့သည်။၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မောင်ပန်ဒါတစ်ယောက် ထောင်မှလွတ်မြောက်ခဲ့သည်။“ထောင်ကလွတ်တဲ့နေ့ဆိုတာ တကယ်ပျော်ရတဲ့နေ့ဗျ။ ငိုနေတဲ့အမေကို ချော့ရတာလည်း အခုထိမှတ်မိနေ တုန်းပဲ” ဟု သူကပြောသည်။

ထောင်မှလွတ်လာခဲ့သည့်နောက် မိသားစုအတွက် အလုပ်လုပ်မည်ဟု မောင်ပန်ဒါတစ်ယောက်စိတ်ကူး ထားခဲ့ သော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ “ထောင်ထဲမှာ လူရုပ်မပေါ်အောင် နှိပ်စက်ခံထားရတဲ့ တော်လှန် ရေးသမားအကိုတွေရဲ့ အသံတွေပြန်ကြားယောင်နေတာဗျာ” ဟု သူကပြော သည်။ထောင်အတွင်း၌ လွတ်မြောက်ခြင်းမရှိသေးသည့် တော်လှန်ရေးသမားများက “ပန်ဒါလေး မင်းကိုယုံတယ်။ မင်းကို အားကိုးတယ်။ ငါတို့အတွက် ပိုချပေးစမ်းပါ” ဟု မှာကြားသံများကို မောင်ပန်ဒါတစ်ယောက် အမြဲကြားယောင်နေခဲ့သည်။

ထို့နောက် မောင်ပန်ဒါသည် စစ်ကောင်စီကို တော်လှန်ရန်အတွက် နည်းလမ်းမျိုးစုံစဉ်းစားတော့သည်။ မြေ အောက်တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်ကာ အဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်းအကြောင်း သိ မဟုတ်သော ကြောင့် မည်သည့်အဖွဲ့ကမှ သူ့ကို လက်ခံခဲ့ခြင်းမရှိပေ။“တစ်ရက်တော့ ကျွန်တော်အသိဦးလေးတစ်ယောက်ဆီသွားတာဗျ။ သူက ကျွန် တော်ကို မုန့်ဖိုးပေးတယ်။ကျွန် တော်က မုန့်ဖိုးမယူဘဲ ဗုံးနှစ်လုံးတောင်းတာ …. သူကလည်း ပေးလိုက်တယ်” ဟု မောင်ပန်ဒါက ပြောသည်။

ဗုံးနှင့်ပတ်သက်၍ ဟိုကြိုးနှင့် ဒီကြိုးချိတ်ရသည်ဟုသာ သိထားသည့် မောင်ပန်ဒါသည် စစ်ကောင်စီတပ် သားများကို တိုက်ခိုက်ရန် စိတ်လောနေခဲ့သည်။ “ဒီဇ င်ဘာလ (၂၀၂၁) ကတည်း ကျွန်တော်လူစုတယ်။ အမည်ကိုလည်း Dark Shadow လို့ပေးလိုက်တယ်။ ရန်ပုံငွေလည်း ရှာရသေးတယ်” ဟု မောင်ပန်ဒါက ပြောသည်။Dark Shadow အဖွဲ့သည် လူငယ်များနှင့်ဖွဲ့စည်းထားသည့် အဖွဲ့ငယ်တစ်ခုဖြစ်ပြီး အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်သည်။ ၎င်းအဖွဲ့သည် ပထမဦးဆုံးသော မစ်ရှင်ကို ရန်ကုန်မြို့လယ်ခေါင်တွင်ရှိသည့် လမ်းမတော်ရဲစခန်း ရှေ့၌ စတင်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် မသင်္ကာစရာအထုပ်တစ်ခု တွေ့သည်ဟုဆိုကာ ရဲစခန်းကိုဖုန်းဆက်ပြီးနောက် လာရောက်စစ်ဆေးစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ Dark Shadow ၏ နောက်ဆုံးမစ်ရှင်သည် ဧပြီလ ၂၅ ရက်နေ့၌ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သားလမ်းရှိ ရေတပ်အိမ်ယာဝင်းတွင် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သုံးလကျော်ကာလအတွင်း မစ်ရှင် ၂၀ ကျော် ကိုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဒေါက်တိုင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု မောင်ပန်ဒါကပြောသည်။

“ကျွန်တော်တို့ က ဗုံးတွေသယ်ပြီး ရန်ကုန်မြို့ထဲလျောက်သွားနေကြတာ။ လစ်တဲ့နေရာ ခွဲတာပဲ” ဟု သူကပြောသည်။တော်လှန်ရေးအတွက် ရန်ပုံငွေကိုမူ ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများက ကူညီပေးခဲ့သည်ဟု မောင်ပန်ဒါကပြောသ ည်။ လက်ရှိအချိန်တွင် မောင်ပန်ဒါအပါအဝင် Dark Shadow အဖွဲ့အဝင်အများစုသည် ကော်ဘရာစစ် ကြောင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။လူကောင် ပိန်ပိန်သေးသေးနှင့် လူပျော့တစ် ယောက်ဟု ထင်မှတ်ရသည့် မောင်ပန်ဒါသည် မင်းအောင်လှိုင်အတွက်မူ ရန်သူတော်များစွာအနက်မှ တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ သူသည် လက်ရှိအချိန်၌ မင်းအောင်လှိုင်ကို ဆက် လက်၍ ဒုက္ခပေးနိုင်ရန် စစ်ပညာကိုကြိုးစားသင်ယူနေသည်။

အာဏာရှင်ကို အမြစ်ပြုတ်သည်အထိ တော် လှန်မည်ဟု ဆုံးဖြတ်ချက်ချထားသည့် မောင် ပန်ဒါသည် တော်ဘလှန်ရေးအောင်မြင်သည့် အခါ စစ်သားတစ်ယောက်အနေဖြင့် ဆက်လက်ရပ်တည်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။“မိသားစုအပေါ်ကျွန်တော်တာဝန်မကျေသေးဘူး။ တော်လှန်ရေးပြီးရင် သာမန်ဘဝကို ပြန်သွားမယ်။ မိသားစုနဲ့ စားသောက်ဆိုင်လေး ဖွင့်ချင်တယ်”ဟု မောင်ပန်ဒါက သူ၏ဆန္ဒကို ပြောပြရင်း……….။

#M02 #Lungekhit

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္တစ္ဖက္ကမ္း အလပ္ေခ်ာင္းေက်း႐ြာရွိ ေနအိမ္တစ္ခုကို တပ္မ ၇၇ အမွတ္ တံဆိပ္ ပါရွိသည့္ ယူနီေဖာင္းဝတ္ဆင္ ထားေသာ စစ္ေကာင္စီတပ္သားအင္အား ၅၀ ခန႔္ေရာက္ရွိလာသည္။

တိတ္ဆိတ္ၿငိမ္သက္ေနသည့္ အလပ္ေခ်ာင္းေက်း႐ြာတြင္ ၎တို႔ေရာက္ရွိလာၿပီး မိနစ္ပိုင္းအၾကာ၌ ေသ နတ္သံ မ်ားျဖင့္ ဆူညံသြားေတာ့သည္။ စစ္ေကာင္စီတပ္သားမ်ားသည္ ေနအိမ္တစ္ခုကို ေမာင္းျပန္ ေသ နတ္မ်ားျဖင့္ စိတ္ ႀကိဳက္ပစ္ခတ္ေနျခင္းျဖစ္သည္။

ဧၿပီလ ၂၇ ရက္သည္ ခ်မ္းၿငိမ္းသူ (ခ) ေမာင္ပန္ဒါအတြက္ ကံဆိုးမိုးေမွာင္က်သည့္ ေန႕ရက္ပင္ျဖစ္သ ည္။ လုံၿခဳံ စိတ္ခ်ရမႈမရွိေတာ့သည့္ ဝပ္က်င္း (ခိုလုံရာေနရာ) မွ ေဖာက္ခြဲေရးပစၥည္းမ်ားကို ေမာင္ပန္ဒါ ေ႐ြ႕ေျပာင္းရန္ ႀကိဳး စားေနစဥ္ စစ္သားမ်ားက ေရာက္ရွိလာျခင္းျဖစ္သည္။

“ဘယ္ရမလဲ။ ကြၽန္ေတာ္တို႔လည္း အသံကုန္ေအာ္ၿပီး ေျပးတာေပါ့” ဟု ေမာင္ပန္ဒါက ျပန္ေျပာင္းေျပာျပသည္။ ေမာင္ပန္ဒါ၏ အေဖာ္ျဖစ္သူသည္ က်ည္ဆံမ်ားႏွင့္ ေဝးရာသို႔ျမန္ဆန္စြာ ေရာက္ရွိသြားသည္။ ေမာင္ပန္ဒါကမူ အလပ္ေခ်ာင္းေက်း႐ြာအတြင္း၌ မ်က္စိလည္ေနခဲ့သည္။သူသည္ ပထမဆုံး ေနအိမ္ေနာက္ေဘးလမ္းၾကားမ်ားကို ျဖတ္ေျပးသည္။ ထို႔ ေနာက္ လယ္ကြင္းမ်ားကို ျဖတ္ေျပး သည္။ ျမင္သမွ်ေတြ႕သမွ် လမ္းႀကိဳလမ္းၾကားတိုင္းကိုလည္း ေမာင္ပန္ဒါတစ္ေယာက္ ပတ္ေျပးေနခဲ့သည္။

ေနာက္ဆုံးေတာ့ ေမာင္ပန္ဒါတစ္ေယာက္ မစင္တြင္းထဲသို႔ ျပဳတ္က်သြားေတာ့သည္။ စစ္သားမ်ားကလည္း ထက္ ၾကပ္မကြာလိုက္ပါရင္း ပစ္ခတ္ေနဆဲျဖစ္သည္။ နီးလိုက္ ေဝးလိုက္ျဖစ္ေနသည့္ ေသနတ္သံမ်ားကို ေမာင္ပန္ဒါ တစ္ေယာက္ မစင္တြင္းထဲမွ ၾကားေနရသည္။“ျပည္သူနဲ႕အတူသစၥာရွိရွိ ေတာ္လွန္ခဲ့တယ္။ ျပည္သူရဲ႕ေမတၱာေၾကာင့္ ေဘးကင္းပါေစ..ဆိုၿပီး ကြၽန္ေတာ္ သစၥာ ဆိုခဲ့တယ္” ဟု ေမာင္ပန္ဒါကေျပာ သည္။ ေသေတာ့မည္ဟု ယုံၾကည္ေနျခင္းေၾကာင့္ ယခုကဲ့သို႔ သစၥာဆိုလိုက္ ျခင္းျဖစ္သည္ဟု သူကေျပာသည္။

ေသနတ္သံမ်ား ေဝးသြားသည့္အခါ ေမာင္ပန္ဒါတစ္ေယာက္ မစင္တြင္းေဘး၌ အေမာေျဖေနခဲ့သည္။ ထိုစဥ္ ဒုကၡ ဆိုးတစ္မ်ိဳးကို ထပ္မံႀကဳံေတြ႕ရေတာ့သည္။ မစင္တြင္းပိုင္ရွင္ျဖစ္သည့္ အိမ္ရွင္အမ်ိဳးသမီးသည္ သူ႕ကို ေတြ႕သည့္ အခါ “သူခိုး ၊ သူခိုး” ဟု ထ၍ေအာ္သည္။အနားယူခ်ိန္မရလိုက္ဘဲ ထပ္၍ ေျပးရျပန္သ ည္။ ဘယ္အခ်ိန္ထိေျပးေနခဲ့သည္ကို ေမာင္ပန္ဒါတစ္ေယာက္ မသိခဲ့ ေပ။ စစ္သားမ်ား၏ အရိပ္အေယာင္ကို မေတြ႕ေတာ့သည့္အခါ ေနအိမ္တစ္လုံးဆီသို႔ ေမာင္ပန္ဒါ ေျပးဝင္သြားေတာ့သည္။

ေနအိမ္အတြင္းရွိ လူအကုန္ကို ေမာင္ပန္ဒါတစ္ေယာ က္ လက္အုပ္ခ်ီ၍ အႀကိမ္မ်ားစြာကန္ေတာ့သည္။ ပစၥတို ေသနတ္ တစ္လက္ ၊ ပိုက္ဆံအိတ္ႏွင့္ ဖုန္းကို ေရွ႕သို႔ခ်ကာ “ကြၽန္ေတာ္ ေတာ္လွန္ေရးသမားတစ္ေယာက္ပါ။ ေရခ်ိဳးခြင့္ျပဳပါ။ ကူညီပါ” ဟူ၍ ပါးစပ္ကလည္း ဆက္တိုက္ေျပာေနခဲ့သည္။အိမ္ရွင္မ်ားက အေၾကာက္လြန္ေနခဲ့ေသာ္လည္း ေမာင္ပန္ဒါေတာင္းဆိုသည္ကို ခြင့္ျပဳခဲ့သည္။ ညေန ၃ နာရီခန႔္ တြင္ ေမာင္ပန္ဒါတစ္ေယာက္ အလပ္ေခ်ာင္းေက်း႐ြာမွတစ္ဆင့္ ရန္ကုန္ဘ က္သို႔ ျပန္လည္ေရာက္ရွိလာခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ မၾကာခဏ ေျပာေလ့ရွိသည့္ နိုင္ငံတကာအဆင့္မီ စစ္တပ္ႀကီး၏ တပ္ဖြဲ႕ဝင္မ်ား ကမူ ေတာ္လွန္ေရးသမား ႏွစ္ဦးကို ရွာေဖြရန္ အလပ္ေခ်ာင္းေက်း႐ြာ၌ က်န္ရစ္ခဲ့သည္။ထို႔ေနာက္ ဧၿပီလ ၂၇ ရက္ ညပိုင္းတြင္ ၾကည့္ျမင္တိုင္တစ္ဖက္ကမ္း၌ ေတာ္လွန္ေရးသမား ၁၄ ဦးက်ဆဳံးခဲ့သည္ဟု သတင္းအမွားမ်ား ထြက္ေပၚလာသည္။“ရန္ကုန္ျပန္ေရာက္ေတာ့ UG (ေျမေအာက္ေတာ္လွန္ေရးသမားမ်ား) ေတြကို ဒုကၡေရာက္မွာစိုးလို႔ မခ်ိတ္ဘဲနဲ႕ အျခားသူငယ္ခ်င္းေတြကို ခ်ိတ္ၿပီး ေနေရးထိုင္ေရးကို စီစဥ္တာ ဘယ္သူမွမကူညီဘူးဗ်ာ” ဟု ေမာင္ပန္ဒါက ေျပာသည္။

ေမာင္ပန္ဒါဆိုသည္မွာ Dark Shadow အမည္ရွိ ေျမ ေအာက္ေတာ္လွန္ေရးအဖြဲ႕ကို စတင္တည္ေထာင္ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္၌ ကရင္ျပည္နယ္ရွိ နာမည္ေက်ာ္ေကာ္ဘရာစစ္ေၾကာင္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ေတာ္ လွန္ေရး ရဲေဘာ္ျဖစ္သည္။သူ႕ကို ၂၀၀၁ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္၌ ေမြးဖြားခဲ့သည္။ တကၠသိုလ္ဝင္တန္းေျဖဆိုရာတြင္ မ ေအာင္ ျမင္ခဲ့သည့္ေနာက္ ဆက္လက္ေျဖဆိုျခင္းမရွိေတာ့ဘဲ လက္လုပ္လက္စားျဖစ္သည့္ မိသားစုအတြက္ ဆိုက္ ကားနင္းသည့္ အလုပ္ကို စတင္လုပ္ကိုင္ခဲ့သည္။

ထို႔ေနာက္ အဲကြန္းျပဳျပင္ေရးလုပ္ငန္းသို႔ေရာက္ရွိသြားသည္။ ေနာက္ဆုံး၌ Foodpanda Rider တစ္ ေယာက္အေန ျဖင့္ စားေသာက္ဖြယ္ရာမ်ားကို စက္ဘီးနင္း၍ အိမ္အေရာက္ လိုက္လံပို႔ေဆာင္ေပးသည့္ လုပ္ငန္းကို လုပ္ကိုင္ခဲ့ သည္။၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ နံနက္ပိုင္းတြင္ စစ္တပ္က ေ႐ြးေကာက္ခံအရပ္သားအစိုးရထံမွ နိုင္ငံေတာ္၏ အာဏာကို သိမ္းယူခဲ့သည္။ နိုင္ငံေရးဆိုသည္ကို အနည္းငယ္မွ်စိတ္ဝင္စားျခင္းမရွိသည့္ ေမာင္ပန္ဒါအတြက္ နိုင္ငံေတာ္၏ အာဏာအသိမ္းခံလိုက္ရသည္ကို ကိုယ္ႏွင့္ မဆိုင္ဟု ခံယူထားသည္။

အာဏာသိမ္းခံရၿပီး ေနာက္တစ္ရက္တြင္ သူသည္ပုံမွန္အတိုင္း စားေသာက္ဖြယ္ရာမ်ားကို လိုက္လံပို႔ေဆာင္ေပး ေနခဲ့သည္။“ဆႏၵေတြျပေတာ့ ကြၽန္ေတာ္စိတ္က ထိန္းမရေတာ့ဘူး။ စက္ဘီးနဲ႕ ပုံးကို လွည္းတန္းတံတားေျခမွာ ထားခဲ့ၿပီး လူအုပ္ထဲပါသြားေကာ” ဟု ေမာင္ပန္ဒါက ေျပာသည္။ထို႔ေန႕မွစတင္၍ ေမာင္ပန္ဒါတစ္ေယာ က္ ေန႕တိုင္းဆႏၵျပေတာ့သည္။ စစ္သားမ်ားက လက္ နက္မဲ့ ျပည္သူမ်ားကို ရိုက္ႏွက္ဖမ္းဆီးျခင္း ၊ ေသနတ္ျဖင့္ပစ္သက္ျခင္းမ်ားကို ျမင္ေတြ႕လာရသည့္အခါ ေမာင္ပန္ဒါ၏ စိတ္သည္ ယခင္ႏွင့္မတူဘဲ မ်ားစြာေျပာင္းလဲသြားေတာ့သည္။

“အဆုံးထိေတာ္လွန္ေတာ့မယ္လို႔ ခံယူပစ္လိုက္တယ္” ဟု သူကေျပာသည္။ေမာင္ပန္ဒါသည္ ဆႏၵျပျခင္းကို စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ လမ္းထိပ္တစ္ခုတြင္ အေျခခ်ခဲ့သည္။ ေန႕စဥ္ဆႏၵျပသည္။ သတင္းစာမ်ားတြင္ ေဖာ္ျပခဲ့သည့္ ထဘီ (အမ်ိဳးသမီးဝတ္ လုံခ်ည္) ခံတပ္ကိုလည္း သူငယ္ခ်င္းမ်ားႏွင့္အတူ ဖန္တီးခဲ့သည္။ေနာက္ ဆုံးတြင္ ေမာင္ပန္ဒါတို႔၏ ဆႏၵျပသည့္ခံတပ္ကို စစ္ သားမ်ားက ရက္ စက္စြာျဖင့္ ပစ္ခတ္ၿဖိဳခြင္းခဲ့သည္။ ထို႔ေန႕မွစတင္၍ သူသည္ ေျပာက္က်ားစနစ္ျဖင့္ျပဳလုပ္သည့္ ဆႏၵျပပြဲမ်ားကိုသာ လိုက္လံရွာေဖြကာ ပူးေပါင္းခဲ့သည္။

၂၀၂၁ ခုႏွစ္ ေမလ ၃၀ ရက္ေန႕တြင္ ေမာင္ပန္ဒါဆီသို႔ စားသုံးသူတစ္ဦးက ပီဇာႏွစ္ခ်ပ္မွာယူခဲ့သည္။ Pizzamaru ဆိုင္မွ ပီဇာႏွစ္ခ်ပ္ကိုယူေဆာင္ကာ စမ္းေခ်ာင္းၿမိဳ႕နယ္ ျမင့္မိုရ္လမ္းရွိ တိုက္တစ္လုံးဆီသို႔ သူက သြားေရာက္ပို႔ ေဆာင္ခဲ့သည္။စားသုံးသူသည္ သုံးလႊာသို႔တက္ခဲ့ရန္ ေျပာဆိုခဲ့သည္။ ေမာင္ပန္ဒါတစ္ေယာက္ သုံးလႊာသို႔ေရာက္ရွိသည့္ အခါ ေအာက္ထပ္၌ ေစာင့္ေနသည့္ ရဲႏွင့္စစ္သားမ်ားက ပိတ္၍ဖမ္းေတာ့သ ည္။လက္ထိပ္ေနာက္ျပန္ခတ္၍ ထိုးႀကိတ္ ကန္ေၾကာက္ၿပီးေနာက္ ကားတစ္စီးေပၚသို႔တင္ကာ စမ္းေခ်ာင္းရဲစခန္းသို႔ သူ႕ကိုေခၚေဆာင္သြားျခင္းျဖစ္သည္။

ရဲစခန္းသို႔ေရာက္သည့္အခါ ဘယ္သူေတြကိုသိလဲ၊ ေခါင္းေဆာင္ေတြက ဘယ္သူေတြလဲ စသည္ျဖင့္ ေမးျမန္းကာ ေမာင္ပန္ဒါကို ထုၾက၊ ေထာင္းၾက၊ ရိုက္ၾက၊ ႏွက္ၾကေတာ့သည္။“ေသနတ္နဲ႕ ခဏခဏခ်ိန္ၿပီး ပစ္သတ္လိုက္မယ္လည္းေျပာတယ္။ ကြၽန္ေတာ္လည္း ေၾကာက္တာေပါ့ဗ်ာ။ ဒါေပ မယ့္ ဘာေမးေမး မသိဘူးပဲ ေျပာေနမိတယ္”ဟု ဖမ္းဆီးစစ္ေဆးခံရသည့္အေၾကာင္းကို ျပန္လည္ေျပာျပသည္။

ေမာင္ပန္ဒါကို တစ္ရက္အၾကာ စိတ္ႀကိဳက္ႏွိပ္စက္ၿပီးသည့္ေနာက္ ရဲသားမ်ားသည္ စမ္းေခ်ာင္းၿမိဳ႕နယ္ တရား႐ုံး၌ ၅၀၅ (က) ျဖင့္ စြဲခ်က္တင္ကာ အင္းစိန္ ေထာင္သို႔ ပို႔လိုက္ေတာ့သည္။ Foodpanda ဝတ္စုံႏွင့္အတူ အင္းစိန္ ေထာင္သို႔ ေရာက္ရွိသြားခဲ့သည့္ ခ်မ္းၿငိမ္းသူကို နိုင္ငံေရးအက်ဥ္းသားမ်ားက ပန္ဒါေလးဟု ေခၚဆိုခဲ့သည္။“ေထာင္ထဲေရာက္ေတာ့ အိမ္ျပန္ခ်င္တာအရမ္းပဲ။ ေထာင္ထဲေရာက္ကာစက ခ်ီးပုံးေတြလည္းသယ္ရတယ္။ မနိုင္တဲ့ဝန္ေတြ ထမ္းရသလို အလုပ္ၾကမ္းေတြခိုင္းတာလည္း လုပ္ရတယ္။ စားေတာ့လည္း ဟင္း မပါဘူး။ ဆန္ကလည္း ေရနဲ႕ေမွ်ာခ်ရတာ” ဟု ေမာင္ပန္ဒါက ေထာင္တြင္းအေတြ႕အႀကဳံကို ေျပာသည္။

အက်ဥ္းေထာင္ရွိ ဝန္ထမ္းမ်ားသည္ နိုင္ငံေရးအက် ဥ္းသားမ်ားကို ကိုယ္ခႏၶာအေပၚဒုကၡေပး႐ုံသာမက စိတ္ပိုင္း ဆိုင္ရာကိုလည္း ဒုကၡေပးသည္။ ေမာင္ပန္ဒါတို႔ကို “လြတ္မည္၊ လြတ္မည္” ဟု ေျပာဆိုၿပီး မလႊတ္ေပးသည့္ အႀကိမ္ေပါင္း ေျမာက္မ်ားစြာရွိခဲ့သည္။၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ေန႕တြင္ ေမာင္ပန္ဒါတစ္ေယာက္ ေထာင္မွလြတ္ေျမာက္ခဲ့သည္။“ေထာင္ကလြတ္တဲ့ေန႕ဆိုတာ တကယ္ေပ်ာ္ရတဲ့ေန႕ဗ်။ ငိုေနတဲ့အေမကို ေခ်ာ့ရတာလည္း အခုထိမွတ္မိေန တုန္းပဲ” ဟု သူကေျပာသည္။

ေထာင္မွလြတ္လာခဲ့သည့္ေနာက္ မိသားစုအတြက္ အလုပ္လုပ္မည္ဟု ေမာင္ပန္ဒါတစ္ေယာက္စိတ္ကူး ထားခဲ့ ေသာ္လည္း လက္ေတြ႕တြင္ လုပ္ေဆာင္နိုင္ျခင္းမရွိခဲ့ေပ။ “ေထာင္ထဲမွာ လူ႐ုပ္မေပၚေအာင္ ႏွိပ္စက္ခံထားရတဲ့ ေတာ္လွန္ ေရးသမားအကိုေတြရဲ႕ အသံေတြျပန္ၾကားေယာင္ေနတာဗ်ာ” ဟု သူကေျပာ သည္။ေထာင္အတြင္း၌ လြတ္ေျမာက္ျခင္းမရွိေသးသည့္ ေတာ္လွန္ေရးသမားမ်ားက “ပန္ဒါေလး မင္းကိုယုံတယ္။ မင္းကို အားကိုးတယ္။ ငါတို႔အတြက္ ပိုခ်ေပးစမ္းပါ” ဟု မွာၾကားသံမ်ားကို ေမာင္ပန္ဒါတစ္ေယာက္ အၿမဲၾကားေယာင္ေနခဲ့သည္။

ထို႔ေနာက္ ေမာင္ပန္ဒါသည္ စစ္ေကာင္စီကို ေတာ္လွန္ရန္အတြက္ နည္းလမ္းမ်ိဳးစုံစဥ္းစားေတာ့သည္။ ေျမ ေအာက္ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ဆက္သြယ္ကာ အဖြဲ႕ဝင္ျဖစ္ခြင့္ေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္းအေၾကာင္း သိ မဟုတ္ေသာ ေၾကာင့္ မည္သည့္အဖြဲ႕ကမွ သူ႕ကို လက္ခံခဲ့ျခင္းမရွိေပ။“တစ္ရက္ေတာ့ ကြၽန္ေတာ္အသိဦးေလးတစ္ေယာက္ဆီသြားတာဗ်။ သူက ကြၽန္ ေတာ္ကို မုန႔္ဖိုးေပးတယ္။ကြၽန္ ေတာ္က မုန႔္ဖိုးမယူဘဲ ဗုံးႏွစ္လုံးေတာင္းတာ …. သူကလည္း ေပးလိုက္တယ္” ဟု ေမာင္ပန္ဒါက ေျပာသည္။

ဗုံးႏွင့္ပတ္သက္၍ ဟိုႀကိဳးႏွင့္ ဒီႀကိဳးခ်ိတ္ရသည္ဟုသာ သိထားသည့္ ေမာင္ပန္ဒါသည္ စစ္ေကာင္စီတပ္ သားမ်ားကို တိုက္ခိုက္ရန္ စိတ္ေလာေနခဲ့သည္။ “ဒီဇ င္ဘာလ (၂၀၂၁) ကတည္း ကြၽန္ေတာ္လူစုတယ္။ အမည္ကိုလည္း Dark Shadow လို႔ေပးလိုက္တယ္။ ရန္ပုံေငြလည္း ရွာရေသးတယ္” ဟု ေမာင္ပန္ဒါက ေျပာသည္။Dark Shadow အဖြဲ႕သည္ လူငယ္မ်ားႏွင့္ဖြဲ႕စည္းထားသည့္ အဖြဲ႕ငယ္တစ္ခုျဖစ္ၿပီး အမ်ိဳးသမီးငယ္တစ္ဦးလည္းပါဝင္သည္။ ၎အဖြဲ႕သည္ ပထမဦးဆုံးေသာ မစ္ရွင္ကို ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ရွိသည့္ လမ္းမေတာ္ရဲစခန္း ေရွ႕၌ စတင္ခဲ့သည္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္တြင္ မသကၤာစရာအထုပ္တစ္ခု ေတြ႕သည္ဟုဆိုကာ ရဲစခန္းကိုဖုန္းဆက္ၿပီးေနာက္ လာေရာက္စစ္ေဆးစဥ္ ေဖာက္ခြဲခဲ့ျခင္းျဖစ္သည္။ Dark Shadow ၏ ေနာက္ဆုံးမစ္ရွင္သည္ ဧၿပီလ ၂၅ ရက္ေန႕၌ ဗဟန္းၿမိဳ႕နယ္ မဟာစည္သာသနာ့ရိပ္သားလမ္းရွိ ေရတပ္အိမ္ယာဝင္းတြင္ ေဖာက္ခြဲတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။သုံးလေက်ာ္ကာလအတြင္း မစ္ရွင္ ၂၀ ေက်ာ္ ကိုျပဳလုပ္ခဲ့ၿပီး စစ္ေကာင္စီေဒါက္တိုင္မ်ားအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးခန႔္ကိုလည္း ရွင္းလင္းနိုင္ခဲ့သည္ဟု ေမာင္ပန္ဒါကေျပာသည္။

“ကြၽန္ေတာ္တို႔ က ဗုံးေတြသယ္ၿပီး ရန္ကုန္ၿမိဳ႕ထဲေလ်ာက္သြားေနၾကတာ။ လစ္တဲ့ေနရာ ခြဲတာပဲ” ဟု သူကေျပာသည္။ေတာ္လွန္ေရးအတြက္ ရန္ပုံေငြကိုမူ ျပည္တြင္းရွိ ျပည္သူမ်ားႏွင့္ ျပည္ပေရာက္ျမန္မာနိုင္ငံသားမ်ားက ကူညီေပးခဲ့သည္ဟု ေမာင္ပန္ဒါကေျပာသ ည္။ လက္ရွိအခ်ိန္တြင္ ေမာင္ပန္ဒါအပါအဝင္ Dark Shadow အဖြဲ႕အဝင္အမ်ားစုသည္ ေကာ္ဘရာစစ္ ေၾကာင္းသို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။လူေကာင္ ပိန္ပိန္ေသးေသးႏွင့္ လူေပ်ာ့တစ္ ေယာက္ဟု ထင္မွတ္ရသည့္ ေမာင္ပန္ဒါသည္ မင္းေအာင္လွိုင္အတြက္မူ ရန္သူေတာ္မ်ားစြာအနက္မွ တစ္ေယာက္အပါအဝင္ျဖစ္ခဲ့သည္။ သူသည္ လက္ရွိအခ်ိန္၌ မင္းေအာင္လွိုင္ကို ဆက္ လက္၍ ဒုကၡေပးနိုင္ရန္ စစ္ပညာကိုႀကိဳးစားသင္ယူေနသည္။

အာဏာရွင္ကို အျမစ္ျပဳတ္သည္အထိ ေတာ္ လွန္မည္ဟု ဆုံးျဖတ္ခ်က္ခ်ထားသည့္ ေမာင္ ပန္ဒါသည္ ေတာ္ဘလွန္ေရးေအာင္ျမင္သည့္ အခါ စစ္သားတစ္ေယာက္အေနျဖင့္ ဆက္လက္ရပ္တည္မည္မဟုတ္ေၾကာင္း ေျပာဆိုခဲ့သည္။“မိသားစုအေပၚကြၽန္ေတာ္တာဝန္မေက်ေသးဘူး။ ေတာ္လွန္ေရးၿပီးရင္ သာမန္ဘဝကို ျပန္သြားမယ္။ မိသားစုနဲ႕ စားေသာက္ဆိုင္ေလး ဖြင့္ခ်င္တယ္”ဟု ေမာင္ပန္ဒါက သူ၏ဆႏၵကို ေျပာျပရင္း……….။

#M02 #Lungekhit

Leave a Reply

Your email address will not be published.