အဆိုတော် နီနီခင်ဇော် ဟာ ဂီတလောကမှ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး တက်သစ်စအဆိုတော်လေးတွေကိုလည်း လက်တွဲခေါ်ယူတာ တွေ့ရပါတယ်။ အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ သူမရဲ့ တေးသီချင်းများကလည်း လူကြီးလူငယ် သဘောကျကြိုက်နှစ်သက်ခဲ့ရတာ ဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိထားတဲ့ အဆိုတော်နီနီခင်ဇော်က အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ဖန်တီးသီဆိုနိုင်သူပဲ ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါလွန်းလို့ ဆရာဝန်အလုပ်ကိုတောင် စွန့်လွတ်ထားတဲ့ သူမက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ သီချင်းစာသားလေးတွေကလည်း ပရိသတ်တွေနဲ့ နှုတ်ဖျားမှာလိုက်ဆိုဖြစ်ပြီး ရေပန်းစားသည်ထိကို နာမည်ရထားသူဖြစ်ပါတယ်။
ပရိသတ်ကြီးရေအဆိုတော်နီနီခင်ဇော်ကတော့ အဆိုပြိုင်ပွဲကနေဂီတလောကထဲရောက်လာခဲ့ပြီး ကိုယ်ပိုင်အမ်ဘမ်တွေထွက်ရှိကာအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာ အဆိိုတော်နီနီခင်ဇော်ကဝါရင့်အဆိုတော်ကြီးစိုင်းတီးဆိုင်ရဲ့သီချင်းတွေနဲ့ အခြားနာမည်ကြီးအဆိုတော်တွေရဲ့သီချင်းကို cover ပြန်ဆိုရာမှာ မူရင်းသီချင်းကောင်းနေတာကိုဖျက်တယ်ဆိုပြီး ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။

ဆေးပညာကို သင်ယူတတ်မြောက်ထားတဲ့ သူမဟာ ဝါသနာပါရာ အနုပညာအတွက် ဆရာဝန်ဘဝကို စွန့်လွတ်ထားခဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာဖန်တီးမှုတွေကို ခဏတာ ရပ်နားထားခဲ့ပေမယ့် Cover songတွေပြန်လည်သီဆိုကာ သူမရဲ့ You Tube Channelမှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းခံနေရချိန််မှာ ကမ်းခြေသွားပြီး မြူးတူးပျော်ရွှင်နေတဲ့Music Video တေးသီချင်းများ တင်ဆက်နေတဲ့ တေးသံရှင်နီနီခင်ဇော် ကို အိပန်ဆယ်လိုက သူမရဲ့ လူမှုကွန်ရက်မှာ အခုလိုပဲရေးသားပြီး ရှုတ်ချလာခဲ့ပါတယ်။

သွေးသစ္စာတို့၊ အလိုမရှိတို့၊ ကမ္ဘာမကြေဘူးတို့ကို Cover ပြန်ဆိုဖို့ နီနီ့ကို တောင်းဆိုနေတာမျိုးက မဖြစ်သင့်ဘူးလေ။

အမေ့ခေတ်မှာတုန်းက မျှော်လင့်ချက်တစ်စုံတစ်ရာဆိုပြီး အမေ့အထာနဲ့ သရုပ်ဆောင်တာ ကြည့်ပြီးလက်အုပ်ချီချင်ခဲ့တာမလား။ နိုင်ငံတကာပွဲတွေမှာ အမေ့လိုဝတ် အမေ့လို ပန်းပန်တာ ကြည့်ပြီး ကြက်သီးတွေ ထဖူးတယ်မလား။

အမေ့ခေတ်မှာ RED ဆိုပြီး အခွေထုတ်သလို ပထွေးခေတ်မှာ GREEN ဆိုပြီး အခွေမထုတ်တာပဲ ကျေးဇူးတင်။

အတူဒိုင်ထိုင်ခုံမှာ ထိုင်ခဲ့တဲ့ ကျားပေါက်၊ အာဇာနည်၊ ရန်ရန်ချမ်း၊ လင်းလင်းတို့ ဝရမ်းပြေးဘဝနဲ့ အနုပညာမလုပ်ရချိန်မှာ အတိုးချပြီး ကမ်းခြေမှာ သီချင်းဆိုနေရရှာတာ။

မသာအိမ်မှာ ဂါဝန်တလွှားလွှားနဲ့ လုပ်ပြနေပေမယ့် တို့များက ချစ်ပါတယ်။