စိုင္းထီးဆိုင္ရဲ႕ သီခ်င္းကို Cover ဆိုခဲ့လို႕ ပြဲဆူေနတဲ့အေပၚ နီနီခင္ေဇာ္ ေျဖရွင္းၿပီ…

Cele News

စိုင္းထီးဆိုင္ရဲ႕ သီခ်င္းကို cover ဆိုခဲ့လို႕ ပြဲဆူေနတဲ့အေပၚ နီနီခင္ေဇာ္ ေျဖရွင္းၿပီ…

စိုင္းထီးဆိုင္ရဲ့ နာမည္ႀကီးသီခ်င္းျဖစ္တဲ့ ‘အခ်စ္ဆိုတာလ်ိဳ႕ဝွက္ခ်က္တစ္ခုပါ’ သီခ်င္းကို ျပန္ဆိုခဲ့မိလို႔ ပြဲဆူေနၾကတဲ့အေပၚ ျပန္လည္ရွင္းလင္းလာခဲ့တဲ့ ေတးသံရွင္နီနီခင္ေဇာ္

အဆိုေတာ္ နီနီခင္ေဇာ္ ဟာ ဂီတေလာကမွ ေအာင္ျမင္မႈမ်ားစြာနဲ႔ ရပ္တည္ေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနၿပီး တက္သစ္စအဆိုေတာ္ေလးေတြကိုလည္း လက္တြဲေခၚယူတာ ေတြ႕ရပါတယ္။

အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သီဆိုထားတဲ့ သူမရဲ့ ေတးသီခ်င္းမ်ားကလည္း လူႀကီးလူငယ္ သေဘာက်ႀကိဳက္ႏွစ္သက္ခဲ့ရတာ ျဖစ္ပါတယ္။

အႏုပညာေလာကမွာ ေအာင္ျမင္မႈတစ္ခုကို ရရွိထားတဲ့ အဆိုေတာ္နီနီခင္ေဇာ္က အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ဖန္တီးသီဆိုနိုင္သူပဲ ျဖစ္ပါတယ္။

အႏုပညာကို ဝါသနာပါလြန္းလို႔ ဆရာဝန္အလုပ္ကိုေတာင္ စြန႔္လြတ္ထားတဲ့ သူမက ပရိသတ္ေတြရဲ့ အားေပးမႈကိုလည္း ရရွိထားသူျဖစ္ပါတယ္။

သူမရဲ့ သီခ်င္းစာသားေလးေတြကလည္း ပရိသတ္ေတြနဲ႔ ႏႈတ္ဖ်ားမွာလိုက္ဆိုျဖစ္ၿပီး ေရပန္းစားသည္ထိကို နာမည္ရထားသူျဖစ္ပါတယ္။

ေဆးပညာကို သင္ယူတတ္ေျမာက္ထားတဲ့ သူမဟာ ဝါသနာပါရာ အႏုပညာအတြက္ ဆရာဝန္ဘဝကို စြန႔္လြတ္ထားခဲ့သူပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အႏုပညာဖန္တီးမႈေတြကို ခဏတာ ရပ္နားထားခဲ့ေပမယ့္ Cover songေတြျပန္လည္သီဆိုကာ သူမရဲ့ You Tube Channelမွာ တင္ဆက္ေပးေနတာျဖစ္ပါတယ္။

“အဆိုေတာ္ နီနီခင္ေဇာ္ ရဲ့ Cover Song သီခ်င္းရွင္းတမ္း

Rhythm of The Ocean programme တြင္ တင္ဆက္သီဆိုခဲ့ေသာ ေတးသီခ်င္းမ်ားအားလုံးသည္ ဖန္တီးေရးသားခဲ့ေသာ ေတးေရးဆရာမ်ားျဖစ္ၾကသည့္

အခ်စ္ဆိုတာလၽွို႔ဝွက္ခ်က္တစ္ခုပါ -ဆရာစိုင္းခမ္းလိတ္ သီခ်င္း​ေလးအတိုင္း – ကိုထူး ေမတၱာေရလွိုင္း – J ေရာင္ထုန္ ေရႊပင္လယ္ – ဆရာမင္းခ်စ္သူ

မ်က္ဝန္းထဲမွာအ​ေျဖရွာ – ဆရာဒီ​ေန႔ပုဏၰက ရွင္ဘုရင္​ေလး – ဆရာ ညီညီသြင္ ဒုတိယ – ဆရာေရႊေဂ်ာ္ေဂ်ာ္ လမင္းခ်စ္သူ – ဆရာ​ေနာင္​​ေနာင္(S.F)

ေျဖးေျဖးေလးနဲ႔ၿငိမ့္ၿငိမ့္ေလး -ဂီတစာဆို ကိုေလးလြင္

အစရွိသည့္ေတးေရးဆရာမ်ားႏွင့္ကိုယ္စား မိသားစုဝင္မ်ား အားလုံးထံမွ အႏုပညာေၾကးထမ္းေဆာင္ထားပီး ေတးေရးခြင့္ျပဳခ်က္မ်ား ရရွိပီး မွ ျပန္လည္ သီဆို ရိုက္ကူးခဲ့ပါသည္။

Cover Songs မ်ားရဲ့ Standard Format အရ Music Arrangement ေတြကိုစနစ္တက်ဖန္တီးခဲ့ၿပီး မူရင္းသီဆိုခဲ့သူမ်ားကိုလည္း တေလးတစားေဖာ္ျပခြင့္ရခဲ့ပါသည္။

(Youtube Revenue မ်ားကိုလည္း Reddy Global Music မွ မူပိုင္ခြင့္တည္​ေသာ​ေတး​ေရးမ်ားရဲဲ့ ​သ​ေဘာတူညီထား​ေသာ အခ်ိဳးအစားအတိုင္း တသက္တာ ခြဲ​ေဝ​ေပးပီး စီမံခန္႔ခြဲခြင့္ ​ေဆာင္ရြက္​ေပးလ်က္ ရွိပါတယ္)

အားေပးၾကည့္ရႈခဲ့သူမ်ား အားလုံး ေက်းဇူးတင္ပါတယ္။

Crd

unicode

စိုင္းထီးဆိုင္ရဲ႕ သီခ်င္းကို cover ဆိုခဲ့လို႕ ပြဲဆူေနတဲ့အေပၚ နီနီခင္ေဇာ္ ေျဖရွင္းၿပီ…

စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ ‘အချစ်ဆိုတာလျို့ဝှက်ချက်တစ်ခုပါ’ သီချင်းကို ပြန်ဆိုခဲ့မိလို့ ပွဲဆူနေကြတဲ့အပေါ် ပြန်လည်ရှင်းလင်းလာခဲ့တဲ့ တေးသံရှင်နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော် ဟာ ဂီတလောကမှ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး တက်သစ်စအဆိုတော်လေးတွေကိုလည်း လက်တွဲခေါ်ယူတာ တွေ့ရပါတယ်။

အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ သူမရဲ့ တေးသီချင်းများကလည်း လူကြီးလူငယ် သဘောကျကြိုက်နှစ်သက်ခဲ့ရတာ ဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိထားတဲ့ အဆိုတော်နီနီခင်ဇော်က အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ဖန်တီးသီဆိုနိုင်သူပဲ ဖြစ်ပါတယ်။

အနုပညာကို ဝါသနာပါလွန်းလို့ ဆရာဝန်အလုပ်ကိုတောင် စွန့်လွတ်ထားတဲ့ သူမက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။

သူမရဲ့ သီချင်းစာသားလေးတွေကလည်း ပရိသတ်တွေနဲ့ နှုတ်ဖျားမှာလိုက်ဆိုဖြစ်ပြီး ရေပန်းစားသည်ထိကို နာမည်ရထားသူဖြစ်ပါတယ်။

ဆေးပညာကို သင်ယူတတ်မြောက်ထားတဲ့ သူမဟာ ဝါသနာပါရာ အနုပညာအတွက် ဆရာဝန်ဘဝကို စွန့်လွတ်ထားခဲ့သူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာဖန်တီးမှုတွေကို ခဏတာ ရပ်နားထားခဲ့ပေမယ့် Cover songတွေပြန်လည်သီဆိုကာ သူမရဲ့ You Tube Channelမှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

“အဆိုတော် နီနီခင်ဇော် ရဲ့ Cover Song သီချင်းရှင်းတမ်း

Rhythm of The Ocean programme တွင် တင်ဆက်သီဆိုခဲ့သော တေးသီချင်းများအားလုံးသည် ဖန်တီးရေးသားခဲ့သော တေးရေးဆရာများဖြစ်ကြသည့်

အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ -ဆရာစိုင်းခမ်းလိတ် သီချင်း​လေးအတိုင်း – ကိုထူး မေတ္တာရေလှိုင်း – J ရောင်ထုန် ရွှေပင်လယ် – ဆရာမင်းချစ်သူ

မျက်ဝန်းထဲမှာအ​ဖြေရှာ – ဆရာဒီ​နေ့ပုဏ္ဏက ရှင်ဘုရင်​လေး – ဆရာ ညီညီသွင် ဒုတိယ – ဆရာရွှေဂျော်ဂျော် လမင်းချစ်သူ – ဆရာ​နောင်​​နောင်(S.F)

ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေး -ဂီတစာဆို ကိုလေးလွင်

အစရှိသည့်တေးရေးဆရာများနှင့်ကိုယ်စား မိသားစုဝင်များ အားလုံးထံမှ အနုပညာကြေးထမ်းဆောင်ထားပီး တေးရေးခွင့်ပြုချက်များ ရရှိပီး မှ ပြန်လည် သီဆို ရိုက်ကူးခဲ့ပါသည်။

Cover Songs များရဲ့ Standard Format အရ Music Arrangement တွေကိုစနစ်တကျဖန်တီးခဲ့ပြီး မူရင်းသီဆိုခဲ့သူများကိုလည်း တလေးတစားဖော်ပြခွင့်ရခဲ့ပါသည်။

(Youtube Revenue များကိုလည်း Reddy Global Music မှ မူပိုင်ခွင့်တည်​သော​တေး​ရေးများရဲဲ့ ​သ​ဘောတူညီထား​သော အချိုးအစားအတိုင်း တသက်တာ ခွဲ​ဝေ​ပေးပီး စီမံခန့်ခွဲခွင့် ​ဆောင်ရွက်​ပေးလျက် ရှိပါတယ်)

အားပေးကြည့်ရှုခဲ့သူများ အားလုံး ကျေးဇူးတင်ပါတယ်။

Crd

Leave a Reply

Your email address will not be published.