PDF တွေရဲ့ ငွေကို သိန်းရာချီ လိမ်သွားတဲ့ အမျိုးသမီး

News

PDF တွေရဲ့ ငွေကို သိန်းရာချီ လိမ်သွားတဲ့ အမျိုးသမီး

PDF တွေရဲ့ ငွေကို သိန်းရာချီ လိမ်သွားတဲ့ အမျိုးသမီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသအခြေစိုက် One Star Task Force ကို တော်လှန်ရေးအတွက် အသုံးပြုရန် ပြည်သူတွေရဲ့ လှူဒါန်းငွေ ၁၈၅ သိန်းကို ရာခိုင်နှုန်းပေးစရာမလိုဘဲ အခမဲ့ ထုတ်ပေးမယ်ဟုဆိုကာ မဇင်မာထွန်းက လိမ်လည် ရယူသွားခဲ့ပါတယ်။


လပေါင်းများစွာကြာအောင် တောင်းခံသော်လည်း ယနေ့အထိ တစ်ပြားတစ်ချပ်မှ ပြန်လည် ပေးအပ်ချင်းမရှိတာကြောင့် သူတို့ရဲ့ လူမှုကွန်ယက်မှာ ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လာပါတယ်။ အဲဒီဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် One Star Task Force ကို Democratic TV က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ အစ်ကိုတို့အဖွဲ့ရဲ့ အလိမ်ခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါဦး

ဖြေ။ ၂၀၂၂ ဖေဖော်ဝါရီလ ၂၂ ရက် မှာစပြီး လိမ်ခံရတယ်။ ပြန်ရဖို့အလားအလာကတော့မရှိပါဘူး။ အခုကတော့ကျွန်တော်တို့ကို အဆက်အသွယ်ဖြတ်ထားပါတယ်။ အဆက်အသွယ်ဖြတ်ခံရတာကတော့ ကျွန်တော်တို့ Page မှာ စာတင်လိုက်ကတည်းကပဲ။ လိမ်တယ်လို့စသိထဲကနေ နှစ်လလောက်အထိ အဆက်အသွယ်ရသေးတယ်။


မေး။ သူက ဘယ်လို ပုံစံမျိုးနဲ့ လိမ်သွားတာလဲ။

ဖြေ။ ။ သူလိမ်တဲ့ပုံစံက ပိုက်ဆံကိုမပေးဘူးမပြောဘူး။ ပေးမှာ ဆိုပြီး ကတိမတည်တဲ့ပုံစံနဲ့ကိုလိမ်တာ။ မှတ်မှတ်ရရ ၂၂ရက် နေ့ည ၇နာရီလောက်မှာ လွှဲလိုက်တယ်။ နောက်နေ့၁၂နာရီလောက်မှာ ပိုက်ဆံက ရောက်မလာဘူး။

အဲဒီတော့ ၂၃ရက်နေ့ညမှာ ဖုန်းဆက်လိုက်တယ်။ အစ်မဘာဖြစ်လို့လဲ မေးတော့။ ဂျမ့်ဖြစ်သွားလို့ပါတဲ။ ကျွန်တော်နောက်ရက်စောင့်မယ်ပြောတယ်။ နောက်ရက်လဲရောက်မလာဘူး။ နေ့တိုင်းဗျာ အဲဒီလိုနဲ့လိမ်ခဲ့တာနှစ်ပတ်လောက်ကြာတယ်။

မေး။ အဲဒီလို လိမ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ကြုံရတာလဲ။ ဘာတွေ ဆက်ဖြစ်သေးလဲ။

ဖြေ။ ။ကိုယ့်ငွေပါသွားတာမဟုတ်ဘူးဗျာ ပြည်သူတွေလှူထားတဲ့ငွေကိုအကျိုးရှိရှိသုံးချင်တာပေါ့ သူ့ဆီက ပိုက်ဆံရောက်မလာ၊ ရောက်မလာနဲ့နေ့တိုင်းစောင့်ခဲ့ရတာဗျာ။


တော်လှန်ရေးလည်းကောင်းကောင်းမလုပ်ရဘူး ညတွေလည်း မအိပ်ရဘူး။ အချိန်ကိုတိတိကျကျချိန်းတယ်။ တစ်ခါတစ်လေ မနက်လေးနာရီ ငါးနာရီလောက် ထဲကနေ ထစောင့်နေရတာတွေရှိတယ်။ တစ်ခါတလေလည်း ည၁၁နာရီ၊ ၁၂နာရီထိစောင့်နေရတာတွေရှိတယ်။

မေး။ ။ အဲဒီတော့ အစ်ကိုတို့ ဘယ်လို ဆက်လုပ်လဲ။

ဖြေ။ ။ ရန်ကုန်ထိဆင်းပြီး ပိုက်ဆံကိုတောင်းမှရတော့မယ်။ ရိက္ခာကလည်းပြတ်သွားပြီ အဆင်မပြေတော့ဘူးဆိုပြီး ကျွန်တော်ရန်ကုန်ကို ပိုက်ဆံတောင်းဖို့အတွက် လူငါးယောက်လွှတ်လိုက်တယ်။ ရန်ကုန်မလွှတ်ခင် သူကပြောတယ်။ အဲဒီငွေတွေကို သူကတဆင့်လိမ်ခံထိတယ်လို့ ပြောတယ်။

အစ်မကို လိမ်သွားတဲ့သူတွေကို ကျွန်တော်တို့ကိုပြပေးပါလို့ ပြောတော့ ပထမတော့ ကျွန်တော်တို့ကို အစ်မကြီး တစ်ယောက်ကိုပြတယ်။ ကျွန်တော့်လူတွေကသွားမေးတော့ အဲဒီအစ်မကြီးက မဟုတ်ပါဘူးလို့ ပြန်ပြောလိုက်ပြန်တယ်။ လိမ်သွားတဲ့ကောင်မလေးက ခုနကတစ်ယောက်မဟုတ်ဘူး ရုံးကတစ်ယောက်လိမ်သွားတယ်ဆိုပြီး ထပ်ပြောတယ်။ အဲဒီလိမ်သွားတဲ့သူနဲ့ ချိန်းပေးပြောတော့ မနက်ဖန်ချိန်းပေးမယ်လို့ပြောပြန်တယ်။ ကျွန်တော်တို့ကစောင့်ခဲ့တယ် ပေါ်မလာပြန်ဘူး။


မေး။ ။ ရုံးကတစ်ယောက်လိမ်သွားတယ်ဆိုတော့ အစ်ကိုတို့ ရုံးကို လိုက်သွားသေးလား။ ဘယ်လို ဆက်ဖြစ်လဲ။

ဖြေ။ ။ ကျွန်တော်တို့က အစပိုင်း သူ့ရုံးကိုမသွားဘူး သူ့ရုံးကသူတွေသိမှာစိုးလို့ အပြင်မှာဘဲစောင့်နေကြတယ် ဒါပေမဲ့ သူရော သူ့ကိုလိမ်သွားတဲ့သူတွေဆိုတဲ့သူတွေရော ပေါ်မလာဘူး။

အဲဒါနဲ့ မထူးဘူးဆိုပြီး သူ့ရုံးကိုလိုက်သွားတော့ HR manager ကိုအကျိုးအကြောင်းပြောပြလိုက်တယ်။ သူဘယ်လို လိမ်ခဲ့တာလည်းဆိုတာ သူက သူ့ရုံးကို ကျွန်တော်တို့ လိုက်သွားမယ်ဆိုတာ သိပုံရတယ်။ HRမန်နေဂျာကို ကျွန်တော်တို့မရောက်ခင်ညက သူက ကြိုဖုန်းဆက်တယ်။ သူအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီက သူဌေးက သူ့ပိုက်ဆံတွေယူပြီး ခရီးထွက်သွားပါတယ်လို့ ပြောပေးပါဆိုပြီး မန်နေဂျာကိုပြောခိုင်းတယ်။

ကျွန်တော်တို့ ရုံးကို ရောက်သွားတဲ့အချိန်” မန်နေဂျာက သူ့ကိုအမှန်တရားကိုဘဲပြောပါ ရိုးသားပါလို့ပဲ ပြန်ပြောလိုက်တယ်လို့” ပြန်ပြောပြတယ်။ သူက အဲဒါကို ဝန်မခံနိုင်ဘူး။ အဲဒါကြောင့် မန်နေဂျာကဒေါသထွက်သွားတယ်။ ဆက်လိုက်ကြည့်တော့ သူကသူ့ရုံးမှာလည်း ငွေတွေလိမ်ထားတယ်လို့ သိရသေးတယ်။ သူ့ရုံးက သူ့ကို မရိုးသားမှုနဲ့ အလုပ်ထုတ်လိုက်တယ် ပြောတယ်။

မေး။ သူ့မိဘတွေကိုရော မဆက်သွယ်ဘူးလား။ သူ့မိဘတွေကရော အစ်ကိုတို့ကို ဘာမှ မပြောဘူးလား။


ဖြေ။ သူ့အိမ်ကို အသိပေးလိုက်တယ် သူ့ကိုဘာမှမလုပ်ချင်ဘူးဗျာ။ ပြည်သူလှူတဲ့ အလှူငွေတွေကိုပဲ ပြန်လိုချင်တယ်ဆိုပြီး သူ့အိမ်ကို အသိပေးလိုက်တော့ သူ့အိမ်ကရှိတာရောင်းပြီး စိုက်လျော်မယ်လို့ ပြောတယ်။

သူ့အမေနဲ့ဖုန်းပြောတော့ ကျွန်တော်တို့က အကုန်လုံးကြီး ပေးပါလို့မပြောဘူး အခုလောလောဆယ်ဆယ် အခက်အခဲဖြစ်နေတာ အန်တီတို့ သိန်းလေးငါးဆယ်လောက် ရနိုင်မလား မေးတော့ သိန်းလေးဆယ် လောက်တော့ ရှာပြီးပေးမယ် လို့ပြောတယ်။ တစ်ပတ်အချိန်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။

သူ့အိမ်က ရှိတာရောင်းလိုက်တာ ၁၅သိန်း သိန်း၂၀လောက်ရတယ် သူ့သမီးဆီကိုလွှဲပေးလိုက်တယ် သူ့သမီးက ရှာလိုက်တဲ့ငွေက သိန်း ၂၀ လောက်ရှိတယ် အားလုံးပေါင်း သိန်း၄၀ပြည့်တော့မယ်ပေါ့။

တစ်ပတ်နဲ့ သုံးရက်ကြာတော့ လွှဲတော့မယ်ဆိုပြီး ပြောတယ် နောက်ပြီးတော့ ကျွန်တော်တို့ဆီကို ည၁၁နာရီလောက်မှာ လွှဲပြီးပြီပြောတယ် ။ကျွန်တော်စစ်ကြည့်လိုက်တော့ ပိုက်ဆံကတစ်ပြားမှမဝင်လာဘူး။

SS (Screen Shot) တောင်းကြည့်လိုက်တော့ နောက်ရက်မှပြမယ်လို့ပြောတယ်။ SS ပို့လာတော့ သေချာလေး ဖြဲကြည့်လိုက်တော့မှ Photoshop နဲ့လုပ်ထားတာကြီးဖြစ်နေတယ်။ သိန်းလေးဆယ် လွှဲပါတယ်ဆိုပြီး SS အတုကြီးဖြစ်နေတယ်။ အဲဒါနဲ့ အတုတွေဆိုပြီး ခဲနဲ့ဝိုင်းပြပြီးတော့ပို့လိုက်တယ်။


အဲဒီတော့ သူဘာမှ ပြန်မပြောတတ်တော့ဘူး။ သူ့အိမ်ကိုလှမ်းပြောလိုက်တယ် အန်တီ့သမီးက အန်တီပေးလိုက်တဲ့ငွေတွေကို ထပ်ပြီးလိမ်သွားပြီလို့။ သူ့အမေကတော့ အန်တီတို့ညှိနှိုင်းပါ့မယ် တကယ်လို့ညှိနှိုင်းလို့မှမရရင် သားတို့သဘောပါ ကောင်းမယ်ထင်တာ လုပ်လိုက်ပါတော့လို့ ပြောတယ်။

မေး။ ။ အဲဒီလို ထပ်လိမ်တော့ အစ်ကိုတို့အနေနဲ့ ဘယ်လို ထပ်ပြီးဆက်သွယ်လဲ။ ဘာတွေဆက်ဖြစ်လဲ။

ဖြေ။ ။ သူ့မိဘတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးတော့ တစ်လကို ၁၀ သိန်းပေးမယ်ညှိနှိုင်းကြတယ်။ လကုန်ပြီးသုံးရက်လောက်နေတော့ပေးမယ်ပြောတယ်။ ၁၀ အောက်မလျော့စေရဘူးလို့လည်း ပြောတယ်။ နောက်ဆုံးရက်ချိန်းပေးပြီးသုံးရက်မြောက်နေ့မှာ ကျွန်တော်သူလွှဲမှာကို စောင့်သေးတယ်။

၄ ရက်နေ့ကျတော့ ပိုက်ဆံမလွှဲလာသေးလို့ဆိုပြီး ဖုန်းဆက်လိုက်တော့ အထက်စီးလေသံနဲ့ပြန်ပြောတယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာ ပြည်သူကျွေးတာကိုစားနေတာ သူက သူ့လုပ်စာထိုင်စားနေသလို လေသံနဲ့ပြောပြီး ဖုန်းချပစ်တယ်။ အရမ်းစိတ်တိုဖို့ကောင်းတယ်။


အဆက်သွယ်မပြတ်ခင် ဧပြီနေ့ ၉ရက်နေ့လောက်က ပထမတစ်ခါ စာစီပြီးတော့သူ့ဆီကိုပို့လိုက်တယ်။ တင်ချင်တင်ဂရုမစိုက်ဘူးလို့ပါ။ သူကပြောတယ် ဒုတိယတစ်ခါကျတော့တင်လိုက်တယ်။ သူကနဂိုတုန်းက ကြံ့ဖွတ်အားပေးတာ လို့နောက်မှသိရတယ်။

သူကပိုပိုပြီးယုတ်မာလာတယ်။ ကျွန်တော်တို့ကို သတင်းပေးဖို့ လုပ်လာတယ်။ သူ ထောက်လိုက်တဲ့location ကတစ်လွဲကြီးပါ။ကျွန်တော်တို့အနေနဲ့ရှောင်ထားတော့ သူထောက်တဲ့location ကတစ်လွဲကြီးပါ။

မေး။ ဒီကိစ္စကို NUG ကိုရော အကြောင်းကြားသေးလား။

ဖြေ။ ။ NUG ဘက်ကတကယ်ဟုတ်လားဆိုပြီးလှမ်းမေးတယ်။ ဟုတ်တယ်လို့ ဖြေလိုက်တာ။ အကြောင်းပြန်တာတော့မရှိသေးဘူး။

မေး။ ။ အခုရော အဲဒီငွေမရတော့ အစ်ကိုတို့ ရိက္ခာကိစ္စတွေ၊ လက်နက်ကိစ္စတွေ ပြေလည်ပြီလား။ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ သူအခုလိုလိမ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေ ဒုက္ခအများကြီး ရောက်တယ်။ ငွေတွေ အကုန်လိမ်သွားတော့ စားစရာလည်းမရှိတော့ဘူး။ အဲဒီချိန်မှာနီးစပ်ရာဒေသခံတွေဆီကနေ ထမင်းတွေဘာတွေ အလှူခံပြီးစားရတဲ့အခြေနေထိရောက်ခဲ့တယ်။ သူလိမ်ထားတဲ့ငွေတော်တော်များများက click 2 donate က ကျွန်တော်တို့ကို လှူထားတဲ့ငွေတွေကများတယ်။


သူ့ကိုသတ်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာ ပြည်သူတစ်ယောက်အနေနဲ့ ပြန်မြင်လာပြန်တယ်။ ဘာအခက်အခဲကြောင့် ပို့စ်ကို မတင်ချင်ဘဲတင်လိုက်ရတာလည်းဆိုတော့ Gun နှစ်လက်မှာထားတော့တစ်လက်သိန်း၈၀ နှစ်လက်ဆိုတော့ သိန်း၁၆၀ ကျွန်တော့်မှာကအခုသိန်း၅၀ပဲရှိတယ်။

အဲဒီ သိန်း၅၀တောင် နီးစပ်တဲ့ သူဌေးတွေဆီကချေးထားတာ။ မကြာသေးခင်ကမှ ဝယ်ထားတဲ့ မောင်းပြန်တစ်လက်ပဲရှိတယ်။ မိုင်းလုပ်ဖို့ယမ်းကလည်းလိုသေးတယ်။ မောင်းပြန်လည်းလိုသေးတယ်။ ဝယ်ထားတဲံ့တစ်လက်ကလည်းအကြွေးစနစ်နဲ့သူများဆီကချေးပြီးဝယ်ထားတာ အဲဒီအကြွေးလည်း မဆပ်ရသေးဘူး။ အလှူခံလို့ရသမျှငွေ အကုန်သူလိမ်သွားတာ။

မေး။ ။ ပို့စ်တင်ပြီးတော့ရော ဘာထူးခြားသေးလဲ။

ဖြေ။ ။ Postတင်ပြီးသိပ်မကြာခင်ရက်မှာ သူpage ကိုလာဆက်သွယ်တယ်။ ဝင်းသိုနယ်ဘက်က pdfတွေက သူ့ဘက်ကနေ ဝင်ပြီးဖြေရှင်းပေးပါမယ်ပေါ့။ ကျွန်တော်ကတော့မယုံပါဘူး သူကလိမ်နေကျပဲဆိုတော့ ဆက်ပြီးလိမ်မှာလို့ပဲတွေးထားတယ်။

Pdf အချင်းချင်းဆိုရင်မှားနေတာကို သိသိကြီးနဲ့ အမှန်တရား တွက်တိုက်နေတဲ့သူတွေက သူ့ဘက်ကနေပြီး ဝင်ဖြေရှင်းပေးမယ်လို့တော့ ကျွန်တော်ကတော့မထင်ဘူး သူ့အပြောပေါ့။

မေး။ ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်သေးလဲ။ဖြေ။ ကျွန်တော်တို့ကတကယ်တော့လူကိုမသတ်ချင်ဘူး ပြည်သူလူထုလှူထားတဲ့ငွေကိုပဲ အကျိုးရှိရှိ အသုံးချ ချင်တာ။ ဒီငွေတွေကကျွန်တော်ကြောင့်ဆုံးရှုံးသွားတာဗျာ။ ကျွန်တော်သူ့ကို ယုံခဲ့မိလို့ ကျွန်တော့ကြောင့် ဆုံးရှုံးသွားတာ။ သူဘက်ကတော့ပေးမယ့်ပုံ မပေါ်ပါဘူး။

လုပ်သင့်ရင်လုပ်ရမှာ။ အဲဒီအခါကျရင် PDF တွေက ပြည်သူတွေကို သတ်နေပါတယ် ဆိုပြီးမြင်လာနိုင်တယ်။ အရမ်းစိုးရိမ်ရတယ်။ လိမ်သွားတဲ့သူဆိုတာလည်း ဒလန်နဲ့ တူတူကို ကျွန်တော်တို့နည်းနည်းတော့ စဉ်းစားရခက်တာပေါ့။

အလှူငွေတွေကလည်းလိုအပ်တယ်။ ဟိုတလောက တိုက်တဲ့တိုက်ပွဲဆို အဖွဲ့လေးဖွဲ့ပေါင်းမှမောင်းပြန်တစ်လက်ပဲရှိ မောင်းပြန်တွေ အများကြီးလိုအပ်တယ်။ ထောက်ပံ့မှုတွေအများကြီးလိုအပ်တယ်။


တော်လှန်ရေးမြန်မြန်ပြီးချင်ရင် များများထောက်ပံ့မှရမှာ။ သူလိမ်သွားတဲ့အချိန်ကာလမှာလည်း ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ် ထိခိုက်သွားတဲ့ရဲဘော်တွေလည်းရှိတယ်။ သူ့မိဘတွေနဲ့ သိန်းလေးဆယ် ညှိနှိုင်းတာကလည်း ကျွန်တော့ရဲဘော်တစ်ယောက် လက်နက်စမ်းသပ်ရင်း ကိုယ်ထုတ်ထားတဲ့ လက်လုပ်ကို စမ်းသပ်ရင်း ဆေးရုံတင်လိုက်ရတယ်။

အဲဒီတော့ကုန်ကျမယ့်ငွေအတွက် တောင်းခဲ့တာ။ သူ့အိမ်ကဝင်ဖြေရှင်းမယ့်ဟာလည်း ရမလာခဲ့ဘူး။ တော်တော်ကြီးကိုခက်ခက်ခဲခဲနဲ့ ကုခဲ့ရတာ။

Crd

Leave a Reply

Your email address will not be published.