ဝရမ်းပြေးအဖြစ် ထွက်ပြေးရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ အဖြစ်အပျက်ကို ရင်ဖွင့်ပြောပြလာတဲ့ သရုပ်ဆောင် သီဟထွန်း
(ဧပြီ 17ရက် )ဘဝမှအမှန်တရားအတွက် တိုင်းပြည်ပြောင်းလဲရေးအတွက် ကိုယ်မလိုချင်တာမလိုချင်ဘူးပြောမိလို့ ဘဝတစ်ဆစ်ချိုးပြောင်းသွားခဲ့ရတာ ဒီမိုကရေစီတောင်းဆိုခရီးအတွက် အိမ်နှင့်ဝေးခဲ့ရတာတစ်နှစ်ပြည့်ခဲ့ပြီ NUGအစိုးရဖွဲ့စည်းတဲ့နေ့နဲ့ကျနော် ဝရမ်းပါတဲ့နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် သမိုင်းမှတ်တမ်းလေးဖြစ်ခဲ့ရပါတယ်။




ရည်းစားတွေထားလို့တောင် ၁နှစ်ပြည့်ဆိုပြီးဘယ်တော့မှ မတင်ခဲ့တဲ့ကျနော် အခုတော့ ခံယူချက်အတွက် ထွေ့ပိုက်ရတဲ့ ၅၀၅(က)ဒုက္ခသည် နှင့်ချစ်သူဖြစ်ရတဲ့ တစ်နှစ်ပြည့်ကို့တော့ ဝမ်းနည်းဝမ်းသာနဲ့ သောက်ကျောတင်း နေသေးကြောင်းပြောပြီး ဂုဏ်ပြန်ဆာရတာပေါ့ ၀ရမ်းပါလာတဲ့အချိန်ကနေ တစ်နှစ်တာကာလကို့ပြန်ပြောင်းသတိရပြီး မပြောပြရသေးတဲ့ကျနော်ရဲ့ ဒုက္ခတွေကို့ စမုံပြန်ပါရစေ။ စာတော့ရှည်ပါမယ်။ ဖတ်ပေးနော်
မနှစ်ကဒီလိုအချိန်ကျနော်တို့ဘာသာဝါတွင်းကာလမို့ ဥပုလ်ယူရင်း အိမ်မှာပြန်နေချိန်မှာပေါ့..ဘယ်လိုမှဝရမ်းမပါလောက်ဘူးထင်ထားခဲ့တာ ဒါပေမယ့်စိတ်ကတော့ အရင်နေ့တွေမှာ ကိုယ်နဲ့အတူလုပ်နေတဲ့သူတွေဝရမ်းထွက်လာပြီဆိုတော့ ကိုယ်လည်းပါလာနိုင်မလားတွေးရင်း ရောမပါနိုင်လောက်ဘူးလို့ပြန်ဖြေရင်းနဲ့ပဲမရှောင်ပဲ အိမ်မှာဆက်နေပြီး ဥပုလ်ယူဘုရားဝတ်ပြုနေချိန်မှာပဲ (ည၈:၃၀)မှာ ဝရမ်းပါကြောင်းtvက ကြေညာတော့ ဝတ်ပြုနေရင်းတန်းလန်း မိသားစုတစ်စုလုံး ထူပူပြီး
ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ် တစ်ချို့ကလည်းဖုန်းဆက်ပြီးအမြန်ရှောင်ဖို့ပြော ရှောင်ဖို့ကလည်း ည၈နာရီ ကာဖျူးအမိန့်ထုတ်ထားတော့ ထွက်ဖို့မလွယ်အ နီးနားကအိမ်နီးနားချင်းတွေကို့




အကူညီတောင်းပြီးသွားနေဖို့ကလည်း ပတ်ဝန်းကျင်မှာ ရင်းနှီးသူတွေကမရှိဆိုတော့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ ခွေးကားတွေကလည်းလမ်းပေါ်မှဖြတ်နေတာအများကြီး ဆိုတော့ ပြေးမှရတော့မယ်ဆိုပြီး နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တာက ကားထဲမှာဝင်ပုန်းပြီး ဒီတစ်ညတော့ရှောင်မယ်လို့တွေးလိုပ်တယ် ကားထဲကို့ မသိမသာဝင် စက်နှိုးပြီး အိမ်နားက အမှောင်ကျတဲ့လမ်းကြားတစ်ခုကို့ တိတ်တိတ်လေးမှောင်ပြီး ကားစက်သတ် ပြီး ကားခုံအောက်လေးမှာပုန်းပြီးနေခဲ့ရတယ်
ရာသီဥတု ကပူနေတဲ့အချိန် ကားစက်သတ်ပြီးပုန်းနေရတော့ ချွေးဒီးဒီးကျ အသက်ရှုကြပ် ခွေးတွေကို့လည်းကြောက်ရ ရပ်ကွက်ကလူတွေကို့လည်း ကိုယ်ကို့ ရိပ်မိပြီး တစ်ခုခုရပ်ကွက်မှာ အဖျက်မှောင့်လုပ်မယ်ကောင်လို့ထင်ပြီး လာဖမ်းပြီးကျွေးကြမလားလို့တွေးရနဲ့ တော်တော်ကို့ စိုးရိမ်စိတ်ကြီးကြီးနဲ့ ဒုက္ခခံ ဖြတ်သန်းပြီး နောက်နေ့မနက်လူတွေ ပြန်ထွက်ချိန်ကို့တစ်ညလုံးအခြေအနေစောင့်ပြီးနေခဲ့ရတယ်။




မနက်လင်းတာနဲ့ အိမ်ပေါ်ခဏပြန်တက်အဝတ်အစားအနည်းငယ်ယူပြီးတော့ ရုပ်ဖျက်ပြီး အသိတစ်ယောက်ကို့လာခေါ်ခိုင်းပြီးသူငယ်ချငိးတွေ ပုန်းနေတဲ့နေရာကို့ သွားဖို့ထွက်သွားပြီးချိန်ကနေ အိမ်မပြန်ရောက်တော့တာဒီနေ့ထိပါပဲ။ အဲဒီအချိန်မှာသိလိုက်ရတာက အရင်းနှီးဆုံးလူရင်းတွေက အရင်းနှီးဆုံးသူစိမ်းတွေဖြစ်သွားကြတယ်ဆိုတာပါပဲ ဘယ်သူမှ ကူညီပေးဖို့ လာပြောကြတဲ့သူမရှိသလောက်ကလည်း အခုချိန်ထိပါပဲ။
ဒီလိုနဲ့သူငယ်ချင်းတွေပုန်းနေတဲ့ နေရာရောက်သွားပါတယ် သူတို့ပုန်းနေတဲ့နေရာက ပိတ်ထားတဲ့ဆေးခန်းတစ်ခုမှာဖြစ်နေတယ် ကိုယ်တွေရောက်ပြီး တစ်ညပဲအိပ်ရသေးနောက်ရက်တွေဆေးခန်းပြန်ဖွင့်တော့မှာမို့ လူနာတွေလာရင် ကိုယ်ကို့မြင်ပြီးသိကြမှာမို့ အဆင်မပြေဘူး နောက်တစ်နေရာပြောင်းဖို့ခေါင်းစားနေတုန်း မမြနှငွ်းရည်လွင်နဲ့ အဆက်သွယ်ရပြီး သူကနေတစ်ဆင့်ကူညီပေးတဲ့ အိမ်တစ်ခုကို့ရပြီး သွားရှောင်ရတယ်။




အဲနေရာမှာ နှစ်လကျော်နီးပါး ကိုယ်ရဲ့လုံခြုံရေးအတွက် ကိုယ်တိုင်အကျယ်ချုပ် ချပြီး နေရတော့တာပါပဲ။ အဲဒီနေ့ရက်တွေကတော့ လုံးဝ ငရဲပါပဲ..ဘယ်နေ့ဘယ်အချိန်ဒီနေရာကို့ ခွေးတွေသိပြီးလာဖမ်းမလဲ ဧည့်စာရင်းလာစစ်မလဲ တွေးပြီး ညတိုင်းအိပ်မပျော် တဲ့ညများစွာ အဲဒီအနီးနားမှာရုတ်ရုတ်ဖြစ်ရင်ဆိုရင်ပဲ ကိုယ်တွေမှာ ကြိုပြင်ဆင်နေရတယ် လာဖမ်းရင် ဘယ်အပေါက်ကနေခုန်ချပြီးပြေးရမလဲဆိုတာ ဒီနေရာမှာအပြင်ပတ်ဝန်းကျင်ကို့ထိတွေ့ခံစားရတယ်ဆိုတာ
သတင်းစာလေးတွေကပ်ထားတဲ့ မှန်ပါတင်းပေါက်လေးက သတင်းစာလေးမျက်လုံးတစ်လူံးစာချောင်းကြည့်ရရုံလေးဖြဲကြည့်ပြီးခံစားခွင့်ရတဲ့အခြေအနေပါပဲ..ညရောက်တိုင်းစကားသံတိုးတိုး ခြေသံလုံလုံနဲ့ မီးအမှောင်ချနေခဲ့ရတယ်။ ဒုက္ခများစွာထဲက ရတဲ့ကောင်းကျိုးတစ်ခုကတော့ ခံယူချက်ယုံကြည်ချက်တူသူ ဘဝတူသမားအချို့နဲ့ ဒီနေရာမှာအတူနေရင်း မရင်းနှီးတဲ့သူစိမ်းတွေဟာမိတ်ဆွေစစ်မှန်ဖြစ်လာခဲ့တာပါပဲ..
ခွေးအုပ်စုရဲ့ ဘာသာရေးမှိုင်းဖန်တီးမှုတွေကြားမှာ အေးစက်ကွဲအက်နေတဲ့ ဆက်ဆံရေး ဖြစ်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် ဆိုတဲ့ခေါင်းစဉ်အောက်မှာ အတူယှဉ်တွဲနေထိုင်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျနော်အစ္စလာမ်ဘာသာဝင်တစ်ဦးရဲ့ဘုရားဝတ်ပြုမှုအချိန်မှာ နားလည်စွာအသံတိတ်ဆိတ်ပေးမှု ညီအကိုလိုသဘောထားမှု ကျနော်ဟာ ဗုဒ္ဓဝင်အကိုကြီးတစ်ယောက်ရဲ့ ချက်ပြုတ်ပေးမှုနဲ့ကျန်ရှိတဲ့ဥပုဒ်ရက်တွေမှာ ဥပုဒ်ယူတာ ဥပုဒ်ထွက်တာလုပ်ခဲ့ရတာပါ။




ဒီမှာကျနော်အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ခံစားလိုက်ရတာက ဒီတော်လှန်ရေးကနေအစပြုလို့ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်မှာ ဘာသာရေးအရိပ်မဲတွေကင်းစင်းပြီး တန်းတူအခွင့်ရေးကို့လေးစားတတ်တဲ့ လူ့အသိုင်းဝိုင်းဖြစ်တော့မယ်ဆိုတာပါပဲ။ ဒီလိုအခြေနေမျိုးနေရာတော်တော်များများမှာရှိနေခဲ့ကြမှာပါ။ အဲလိုနဲ့ မြို့ထဲမှာအိမ်၃အိမ်လောက်ပတ်ပြောင်းနေပြီး ၂လအကြာမှာ တကယ့်လွတ်မြောက်မယ့် လွတ်မြောက်နေရာကို့ ရွေ့ဖို့ အတားဆီးများစွာကြားထဲက အရဲစွန့်အိမ်နဲ့ဝေးသထက်ဝေးရာကို့စထွက်ရတော့တာပါပဲ..
ထွက်လာရပြီဆိုကတည်းက ကျွန်တော်သိလိုက်တယ် … ပြန်လာဖို့ မလွယ်တော့ဘူးဆိုတာပေါ့ …ခံဝန်ထိုးပြီး အိမ်ပြန်လာစေချင်တဲ့ မိသားစုဆန္ဒကို့မဖြည့်စည်းပေးနိုင်တော့မိသားစုနဲ့ရန်သူငါ့ပြတ် အမွေပြတ်စွန့်လွတ်ခံရ..ခံဝန်ထိုးပြီးအလုပ်ပြန်လုပ်စေချင်တဲ့မိခင်companyနဲ့လည်း ကိုယ်ကျိုးစီးပွားအတွက် ဘာမှမဖြစ်သလိုပါးစပ်ပိတ်ဟန်ဆောင်သရုပ်ဆောင်ပြီးပြန်နေရတာကို့မလိုချင်လို့ ငြင်းခဲ့တော့ အလုပ်စာချုပ်ဖျက်သိမ်းခံရ အနုပညာအလုပ်တစ်ခန်းရပ်လေသည်ပေါ့




လူထုတော်လှန်ရေးဆိုတာက အကြောင်းညီညွတ်မှအောင်ပွဲဖြစ်နိုင်တာ …. အကြောင်းတွေ ဘယ်တော့ ညီညွတ်မယ်မသိဘူး …. တနေ့အောင်မြင်ရမယ်လို့ စိတ်ထဲယုံကြည်ပေမယ့် အဲ့ဒီနေ့အထိ ကျွန်တော်စောင့်ရတော့မယ် ….
ဘဝတဆစ်ချိုးခရီးလို့လည်း ပြောလို့ရတယ်ကျွန်တော်ရွေးချယ်လို့ရခဲ့တဲ့ အကြောင်းတရားဆိုလည်း ဟုတ်ပါတယ် … တော်လှန်ရေးအတွက် တနည်းနည်းနဲ့ ဆက်ပါဖို့ ကျွန်တော်ရွေးချယ်ခဲ့တယ် … ဖြစ်လာသမျှ ခံရမှာ ကျွန်တော့်တာဝန်ပါပဲ …. နိုင်တဲ့နေရာလုပ်နိုင်တဲ့နေရာကနေ ကိုယ့်ရဲ့အနာဂတ်အတွက် ဘဝသစ်အတွက်ရှေးရှုပေးရင်း ကျရာနေရာကနေ နောင်တမရပဲဆက်တိုက်ပွဲဝင်နေအုံးမှာပါ။ . . . . . . .




အားလုံးလည်းနှစ်သစ်မှာ ဘေးကင်းကျန်းမာပြီး လိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီကို့ကျနော်တို့အားလုံးကြိုးစားမှုနှင့်အတူအမြန်ဆုံးရရှိပြီး လုံခြုံစိတ်ချအေးချမ်းတဲ့အပြုံးတွေအမြန်ဆုံးပြန်မြင်ကြရပါစေ
crd