မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်စေဘဲ တိုးပွားနိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်းအကြံပြုဖို့
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်း မပျောက်မတည်ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်းမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်စေဘဲ တိုးပွားနိုင်မည့်နည်းလမ်းများ ဝိုင်းဝန်းဆွေး နွေးအကြံပြုစေရေးဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲအစည်းများအားအကျိုးရှိစွာ အသုံးပြုထောက်ပံ့ နိုင်ရေးတို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်းပြီး လုပ်ငန်းစီမံချက်နှင့် စံလုပ်ငန်းအစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားရမယ် လို့ ၎င်းက ပြောကြားပါတယ်။
မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အသုံးပြုနိုင်ရေး ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ Crd- Myanma Platform