Lattနက် ၂ခုနဲ့ ဒုတိယအကြိမ် CDM ဝင်လာတဲ့ ရဲတစ်ဦးကို See More …..

News

>

Lattနက် ၂ခုနဲ့ ဒုတိယအကြိမ် CDM ဝင်လာတဲ့ ရဲတစ်ဦးကို ဆုငွေ သိန်း ၁၁၀ see more…..

Lattနက် ၂ခုနဲ့ ဒုတိယအကြိမ် CDM ဝင်လာတဲ့ ရဲတစ်ဦးကို ဆုငွေ သိန်း ၁၁၀ ချီးမြင့်



‌မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက် ၂လက်နဲ့ အတူ ပစ္စည်းအစုံအလင်နဲ့ ထီးလင်း PDF ဆီကို ဒုတိယအကြိမ် CDM ဝင်ရောက်လာခဲ့တယ်လို့ ထီးလင်း PDF တာဝန်ခံဆီက သိရပါတယ်။


အဲ့ဒီ ရဲတပ်သားဟာ အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် ၃လပိုင်းမှာကတည်းက CDM ဝင်ရောက်ပြီးသားဖြစ်ပေမယ့် စစ်ကောင်စီဘက်က ပြန်ဖမ်းမိသွားပြီး နယ်ပြောင်းခံလိုက်ရတယ်လို့ ထီးလင်း PDFတာဝန်ခံ ဗိုလ်လရောင်က ပြောပါတယ်။


” အဲဒီရဲဘော်က ထီးလင်းမြို့မစခန်းကနေပြီးတော့ ၃ လပိုင်းက CDM တခါလုပ်ဖူးတယ်၊ ရက်ပေါင်း ၃၀ လောက် CDM လုပ်ပြီးမှ ပြန်အဖမ်းခံရပြီးတော့ ထီးလင်းမြို့မရဲစခန်းကနေ့ ဂန့်ဂေါမြို့မရဲစခန်းအပြောင်းကျပြီးတော့



နောက်ထပ်တခေါက်လက်နက်အပြည့်အစုံနဲ့ CDMပြန်လုပ်လာတာပါ” လို့ ဗိုလ်လရောင်က ပြောပါတယ်။

ဂန့်ဂေါမြို့ကို အပြောင်းကျပြီး မြို့အဝင် ဂိတ်မှာ တာဝန်ကျနေရင်း နောက်တကြိမ် CDM လုပ်ဖို့ ထီးလင်း PDF ကို ဆက်သွယ်လာတာကြောင့် PDF တွေက သွားကြိုခဲ့ပြီး လက်နက် ၂လက်နဲ့ အခုတကြိမ်ထပ်ရောက်လာတာလို့ ပြောပါတယ်။


” သူကင်းပုန်းစခန်းအခြေထိလာနိုင်ရင် လက်နက်က ၅ လက်လောက်ရမှာလို့ပြောတာ၊ ကျနော်တို့ သွားကြိုတဲ့ရဲဘော်တွေကလည်း ဂိတ်အနားအထိ မသွားနိုင်ခဲ့ဘူး၊ ဂိတ်ရဲ့ခပ်လှမ်းလှမ်းကသွားကြိုလို့လက်နက်က ၂ လက်ထဲရခဲ့တာ၊ သူကလက်နက် ၅ လက်ထိအာမ ခံတာဗျ” လို့ ဗိုလ်လရောင်က ဆက်ပြောပါတယ်။

G3 ၁လက် နဲ့ ကျည်ဘောက် ၂ဘောက် ကျည် ၁၉၀ကျော်၊ MK 22 ၁လက် ကျည်ဘောက် ၁ခု ကျည် ၂၀ အပါအဝင် ကျည်ကာအင်္ကျီနဲ့ ဦးထုတ် တွေ ပါဝင်လာတာကြောင့် ဆုကြေးငွေ သိန်း ၁၁၀ ကို ချီးမြင့်ခဲ့ပြီး မိသားစုဝင်တွေကိုလည်း လုံခြုံရာကို ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။


” သူကPDF ထဲဝင်ပြီးတော့ ဆက်လှုပ်ရှားချင်တယ်လို့ ကမ်းလှမ်းထားပါတယ်၊ ကျနော်တို့ကတော့ PDF အလံ NUG အလံကိုင်ခိုင်းပြီးတော့ သစ္စာဆိုခိုင်းထားပြီး NUG သစ္စာခံခိုင်းထားပါတယ်၊ လောလောစယ်တော့သူ့ကိုအနားယူခိုင်းထားပါတယ်၊ စောင့်ကြည့်ဆဲ အနေအထားနဲ့ လေ့လာအကဲခတ်နေတဲ့ အပိုင်းပဲရှိပါသေးတယ် ” လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၄လပိုင်းမှာ ထီးလင်းမြို့နယ် ဆေးမင်းတော ရဲစခန်းက CDM ဝင်လာတဲ့ ရဲတပ်သားတဦးကတော့ လက်ရှိ ရှေ့တန်းမှာတော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေပြီဖြစ်ပါတယ်။

ဓါတ်ပုံ – ထီးလင်း PDF

Leave a Reply

Your email address will not be published.