မႏၲေလးေဆးတကၠသိုလ္ တတိယႏွစ္ေက်ာင္းသားတစ္ဦး ဦးေခါင္းက်ည္ထိမွန္ေသဆုံ

News

မႏၲေလးေဆးတကၠသိုလ္ တတိယႏွစ္ေက်ာင္းသားတစ္ဦး ဦးေခါင္းက်ည္ထိမွန္ေသဆုံး

မေန႔ ေမလ ၂၀ ရက္က မႏၲေလး – မုံရြာကားလမ္းမေပၚ ျဖတ္သန္းသြားလာတဲ့ အိမ္စီးကားတစ္စီးကို စစ္ေကာင္စီကေန ပစ္ခတ္ခဲ့တာေၾကာင့္

ကားေပၚမွာလိုက္ပါလာတဲ့ မႏၲေလးေဆးတကၠသိုလ္တတိယႏွစ္ေက်ာင္းသားတစ္ဦး ဦးေႏွာက္က်ည္ထိမွန္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

“ကားက အရွိန္နဲ႔သြားေနတဲ့အခ်ိန္ ႐ုတ္တရက္စစ္ေဆးမယ္ဆိုၿပီးတားေတာ့ ဘရိတ္ိတ္ပ္ရပ္မလို႔ဘဲရွိေသးတာကို ပစ္ခ်လိုက္တာ။

ကားကမွန္ပဲ ကြာတာဆိုေပမဲ့ လူကေတာ့ ေခါင္းကိုထိသြားတာေပါ့။

အဲဒါနဲ႔ ကားကိုမရပ္ေတာ့ဘဲ ခ်က္ခ်င္းေမာင္းလာလိုက္လို႔ Dead Body ရတာ၊ မဟုတ္ရင္ မေတြးရဲစရာပဲ” လို႔ မိသားစုနဲ႔နီးစပ္သူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ေသဆုံးသူ ကိုေက်ာ္ညီဇင္ဟာ အသက္ ၂၁ ႏွစ္သာ ရွိေသးၿပီး လက္ရွိစစ္ေကာင္စီဖြင့္လွစ္တဲ့ မႏၲေလးေဆးတကၠသိုလ္မွာလည္း ေက်ာင္းတက္ေရာက္တာမရွိဘဲ

အၾကမ္းမဖက္အာဏာဖီဆန္ေရး CDM ပါဝင္ထားသူတစ္ဦးျဖစ္တယ္လို႔ ေဆးတကၠသိုလ္မႏၲေလးေက်ာင္းသားမ်ားသမဂၢဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာင္းသားသမဂၢဘက္ကေတာ့ ေက်ာင္းသားတစ္ဦးေသဆုံးခဲ့ရတာျဖစ္လို႔ ေဆး‌တကၠသိုလ္မႏၲေလးဟာ ေသြးေျမခခဲ့ရၿပီျဖစ္ၿပီး

သပိတ္ေမွာက္ေက်ာင္းသား ကိုေက်ာ္ညီဇင္ကို ေလးစား‌တဲ့အေနနဲ႔ ဖယ္ဒရယ္ဒီမိုကေရစီမရမခ်င္း ေက်ာင္းထဲကို ေျခမလွမ္းၾကဖို႔ ေက်ာင္းသားထုကို ေမတၱာရပ္ခံတယ္လို႔ ဆိုပါတယ္။

အဲဒီပစ္ခတ္မႈျဖစ္စဥ္ကို မိသားစုနဲ႔နီးစပ္သူက စစ္ေကာင္စီပစ္ခတ္မႈလို႔ ဆိုထားၿပီး ဘီဘီစီက အတည္ျပဳနိုင္ဖို႔ စစ္ေကာင္စီဘက္ကို ဆက္သြယ္ေမးျမန္းေနပါတယ္။

ကိုေက်ာ္ညီဇင္ရဲ့နာ‌ေရးကို ဒီေန႔ ညေန ၃ နာရီမွာျပဳလုပ္မယ္လို႔ နာေရးဖိတ္စာမွာေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

ဓာတ္ပုံ-လူမႈကြန္ရက္

unicode

မန္တလေးဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံး

မနေ့ မေလ ၂၀ ရက်က မန္တလေး – မုံရွာကားလမ်းမပေါ် ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားတစ်စီးကို စစ်ကောင်စီကနေ ပစ်ခတ်ခဲ့တာကြောင့်

ကားပေါ်မှာလိုက်ပါလာတဲ့ မန္တလေးဆေးတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး ဦးနှောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကားက အရှိန်နဲ့သွားနေတဲ့အချိန် ရုတ်တရက်စစ်ဆေးမယ်ဆိုပြီးတားတော့ ဘရိတ်ိတ်ပ်ရပ်မလို့ဘဲရှိသေးတာကို ပစ်ချလိုက်တာ။

ကားကမှန်ပဲ ကွာတာဆိုပေမဲ့ လူကတော့ ခေါင်းကိုထိသွားတာပေါ့။

အဲဒါနဲ့ ကားကိုမရပ်တော့ဘဲ ချက်ချင်းမောင်းလာလိုက်လို့ Dead Body ရတာ၊ မဟုတ်ရင် မတွေးရဲစရာပဲ” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူ ကိုကျော်ညီဇင်ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး လက်ရှိစစ်ကောင်စီဖွင့်လှစ်တဲ့ မန္တလေးဆေးတက္ကသိုလ်မှာလည်း ကျောင်းတက်ရောက်တာမရှိဘဲ

အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်ထားသူတစ်ဦးဖြစ်တယ်လို့ ဆေးတက္ကသိုလ်မန္တလေးကျောင်းသားများသမဂ္ဂဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းသားသမဂ္ဂဘက်ကတော့ ကျောင်းသားတစ်ဦးသေဆုံးခဲ့ရတာဖြစ်လို့ ဆေး‌တက္ကသိုလ်မန္တလေးဟာ သွေးမြေခခဲ့ရပြီဖြစ်ပြီး

သပိတ်မှောက်ကျောင်းသား ကိုကျော်ညီဇင်ကို လေးစား‌တဲ့အနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီမရမချင်း ကျောင်းထဲကို ခြေမလှမ်းကြဖို့ ကျောင်းသားထုကို မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်ကို မိသားစုနဲ့နီးစပ်သူက စစ်ကောင်စီပစ်ခတ်မှုလို့ ဆိုထားပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနေပါတယ်။

ကိုကျော်ညီဇင်ရဲ့နာ‌ရေးကို ဒီနေ့ ညနေ ၃ နာရီမှာပြုလုပ်မယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

Crd

Leave a Reply

Your email address will not be published.