ယနေ့မနက်တွင် အမျိုးသမီး(၂)ဦးကို သွေးသောက်အဖွဲ့မှ ရက်ရက်စက်စက်ကိုပါပဲ…

News

မန္တလေးမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတဲ့ သားအမိ နှစ်ဦးရုပ်အလောင်းတွေ့

အသတ်ခံရသူတွေရဲ့လည်ပင်းမှာ သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားတွေ ချိတ်ဆွဲထားတာတွေ့ရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့(မေ ၂၁) မနက်က အမျိုးသမီးနှစ်ဦး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး

အနီရောင် သွေးသောက်အဖွဲ့ကတ်ပြားကို လည်ပင်းမှာ ချိတ်ဆွဲထားတာတွေ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူမှာ အသက် ၆၁ နှစ်နဲ့ ၃၅ နှစ်အရွယ်အမျိုးသမီး‌တွေဖြစ်ပြီး နေအိမ်အတွင်းမှာ လက်ပြန်ကြိုးတုတ်အနေထားနဲ့ မနေ့ညပိုင်းကတည်းက ဓားထိုးအသတ်ခံရတာ ဖြစ်ပါတယ်။

အမျိုးသမီး နှစ်ဦးလုံးဟာ အနေအေးတဲ့ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုအသတ်ခံရသူတွေဟာ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် အကွက် ၂၇၃ မှာ သားအမိနှစ်ဦးတည်း နေထိုင်တာ များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိခင်ဖြစ်သူ ဒေါ်မြမြမှာ ဝမ်းဗိုက်နဲ့ ဘယ်ဘက်ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ သမီးဖြစ်သူ ဒေါ်ခင်စန်းအေးမှာ ရင်ညွန့်လည်ပင်းအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” သားအမိနှစ်ယောက်တည်းနေတာ။ လူနေတယ်လို့တောင်မသိရဘူး အဲဒီအိမ်ကြီးက။

အိမ်ထဲတွင်ကို ဝင်သတ်သွားတာ။ ထိုးသွင်းဒဏ်ရာတွေ သွေးကွက်တွေလည်းအများကြီးပဲ။

ညကသတ်ထားခဲ့တာ နေမယ်။ ကြိုးတုတ် အသတ်ခံထားတာ။ မမြင်ရဲစရာပဲ”လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံကပြောပါတယ်။

ပုံစာ – မန်းလေးမြို့မြင်ကွင်း/ပုံဟောင်း

==============

Unicode

Leave a Reply

Your email address will not be published.