ဦးမင်းကိုနိုင်ပေးပို့သော PDF အတွက်မွေးနေ့လက်ဆောင်

News

မြင်ကွင်း(၁)

ကိုဗစ်ခြိမ်းခြောက်ဗုံးတွေပေါက်လည်းရအောင်မဲပေးခဲ့ပြီးပြီ။တသက်တခါလူရာဝင်ပေးခဲ့တဲ့ရလဒ်တွေကိုမကြိုက်လို့ပြန်ဖျက်သည်တဲ့။ဒါမျိုးတော့ငုံ့မခံ၊ပတ်ဝန်းကျင်ကြည့်တော့ခံပြင်းသူတွေချည်း၊ဒါ အသက်အရွယ်စုံဘဝစုံကပြည်သူတွေကိုစော်ကားတာပဲ။အထူးသဖြင့်သန်းပေါင်းများစွာလူငယ်တွေရဲ့ဆန္ဒကိုမထီမဲ့မြင်ပြုတာပဲ။

မြင်ကွင်း(၂)

ဒီအတွက် ပြည်သူအားလုံးကိုယ်စားသူတို့လမ်းပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြသည်။ကိုယ်တိုင်ရေးပိုစတာတွေကိုယ်တိုင်လျှောက်ခြေလှမ်းတွေနှင့်ပြည်လုံးကျွတ်တခဲနက်လူပင်လယ်ဖြစ်အောင်လက်နက်မဲ့ဆန္ဒပြကြသည်။ကြွေးကြော်သံနှင့် ဂီတနှင့်ပါဖောင့်မန့်တွေနှင့်ဒါကိုအာဏာလုစစ်တပ်ကအကြမ်းကြုတ်ဆုံးဖြိုခွင်း၏။

မြင်ကွင်း(၃)

ပလတ်စတစ်ဦးထုပ်ကသူတို့ခေါင်းတွေကိုအကာအကွယ်မပေးနိုင်တော့။သွေးတွေရွှဲနေသည့်မြို့ပြကျေးလက်လမ်းတွေမှသူတို့ရွှေ့ပြီ။“ကိုယ့်လမ်းကိုယ်ဖောက်ရတယ်ဆိုတာကျွန်တော်တို့မှအစစ်ဗျ။မောင်းချဓားနဲ့ကိုယ်တိုင်သစ်ကိုင်းတွေကိုခုတ်ပြီးတောတိုးရတာ၊နယ်မြေဘာမှမကျွမ်းဘူးတောကြီးမျက်မဲတိုးရတာပဲ။ဒါပေမယ့်ယုံတယ်။ကျွန်တော်တို့အတွက်လွတ်မြောက်ရာတော်လှန်ရေးနယ်မြေရှိကိုရှိရမယ်။ခါးဝတ်ခါးစတွေနဲ့ပဲထွက်လာကြတာ။ဘာမဆိုစားနိုင်ရမယ်၊ဘယ်နေရာမဆိုအိပ်နိုင်ရမယ်၊ဘယ်လောက်ပြင်းထန်လေ့ကျင့်နိုင်ရမယ်။ဒီလိုယုံပြီးရောက်အောင်လာခဲ့တာ”တိုက်ပွဲဝင်သင်တန်းတစ်ဖက်နှင့်အချိန်လုအဖြေပေးသည့်လူငယ်တစ်ဦးရဲ့စကားဖြစ်သည်။လေ့ကျင့်ရေးမှ ဟောဟဲသံကဖျောက်မရ။ဒါပေမယ့်အသံမာနေဆဲ။သန်မာမာနေဆဲ။

မြင်ကွင်း(၄)

“အရာရာဟာအဆင်သင့်ရှိမနေနိုင်ဘူးဆိုတာကြိုသိပြီးသားပါ။ရောက်အောင်လာဖို့ပဲ၊နိုင်အောင်တိုက်ဖို့ပဲ။ကျွန်တော်တို့ကဖောင်ဖျက်ပြီးပြီလေ။ပြန်ဆုတ်ဖို့မရှိဘူး”ကျောင်းဆရာတဦးကပြောသည်။မြေဖြူကိုင်သောလက်တွေ၊ကွန်ပျူတာကိုင်သောလက်တွေ၊နားကြပ်ကိုင်သောလက်တွေကတော်လှန်ရေးလိုအပ်ချက်ရှိသမျှပြောင်းကိုင်နေရသည်။

“ရည်းစားကိုတောင်ခွင့်ပန်ပြီးနှုတ်ဆက်ခဲ့လို့ရသေးတယ်။ဒီကောင်ကရှင်းပြလို့လည်းမရဘူးဆန္ဒပြတုန်းကလည်းလျှောက်လိုက်နေကျကိုး။လိုက်မယ်ဆိုတာချည်းပဲသူ့ကိုမထားခဲ့ပါနဲ့လို့တောင်တောင်းပန်တယ်ဗျာ။ဒါနဲ့ကျွန်တော်လည်းဒီလောက်တောင်ဖြစ်တာလိုက်ခဲ့ကွာဆိုပြီးခေါ်လာရတာပဲ”ကျောပိုးအိတ်ထဲမှခေါင်းပြူကြည့်နေသည့်နားကားကား အမွှေးထူထူဝဝကစ်ကစ်လေး၊(ခွေးလားကြောင်လားတောင်သေချာမမြင်လိုက်ရ)တကောင်ကိုလှစ်ခနဲတွေ့ခဲ့ရသည်။ဒါပဲပြောပြီးတောင်ကုန်းပေါ်ပြေးတက်သွားသည့်သူ့သခင်ကြိုးသိုင်းအိတ်ထဲခြေကားယားလက်ကားယားပါသွားရှာလေ၏။

မြင်ကွင်း(၅)

“အိမ်ကခွင့်ပြုမပြုမသိဘူး။ခိုးထွက်လာရတာဆိုတော့မသေချာဘူးလေ။ကျွန်မချစ်သူရှိတဲ့တပ်ရင်းကိုပြောင်းဖို့လည်းမရေရာသေးဘူး။ဟိုနေ့ကတော့ကြိုးတန်းတွယ်တက်လေ့ကျင့်ရေးအပြီးမှာပေါက်ပြဲဖူးရောင်နေတဲ့လက်ဖဝါးတွေကိုဓာတ်ပုံရိုက်ပြီးပို့လိုက်တယ်။သူကပြန်ပို့တယ်ပိုလှတယ်တဲ့”ဒီလိုစကားတွေကဆန်းလှသည်တော့မဟုတ်။ခြေနှစ်ဖက်လက်နှစ်ဖက်ဆုံးရှုံးရသည့်တိုင်မေတ္တာစစ်ကိုတော့မဆုံးရှုံးစေရသည့်မိန်းမငယ်တွေကိုမနေ့တနေ့ကပင် နှလုံးသားမျက်ကြည်လွှာတွေမှာမြင်ရပြီပဲ။

မြင်ကွင်း(၆)

“ဆရာဝန်တွေဆေးကျောင်းကတွေ ပါတယ်လေ။ကိုယ့်အချင်းချင်းပြန်ကုပေါ့။ရောက်ရာအရပ်မှာဘာသာစကားတွေအပြန်အလှန်သင်ပေးကြတယ်။နှစ်မျိုးသုံးမျိုးတွေတတ်ကုန်ပြီ။အင်ဂျင်နီယာတွေနည်းပညာသမားတွေကတီထွင်ကြံဆတာတွေလုပ်ပေးရတာပေါ့။ဒီလိုပါပဲဗျာ။အင်တာနက်ခေတ်မှာဘာမဆိုလိုချင်ရင်ရပါတယ်ဆန္ဒရယ်ဝီရိယရယ်စိတ်အင်အားနဲ့ဉာဏ်ပညာတွေရှိရင်ရတာပဲ”ဂါဇာကမ်းမြှောင်အရှေ့အလယ်ပိုင်းအပါအဝင်ကမ္ဘာ့တော်လှန်ရေးပေါင်းစုံမှပြောက်ကျားသေင်္နဂဗျူဟာတွေ၊ဝယ်ယူမရနိုင်သည့်ပစ္စည်းကိရိယာထုတ်လုပ်နည်းတွေရှာကြံနေကြရသည်။တွင်ခုံဆရာမှအစPhDအထိပါဝင်နေသည့်ဤတပ်ဖွဲ့များကြံလျှင်ဘာခံနိုင်မည်နည်း။အာဏာရှင်တာဝါတိုင်ကိုအဝေးပစ်တွေဖြစ်စေခဲ့ပြီ။ပြည်သူတွေချွေးနည်းစာနဲ့ထောက်ပံ့နေရတာ။ကျွန်တော်တို့ကောင်းကောင်းသိတယ်ဆန်တစေ့မှအလဟဿမဖြစ်စေရဘူးတဲ့။

မြင်ကွင်း(၇)

“ထရိန်နင်မှာကျွန်တော်တို့ကမောင်းတယ်။လိုတာထက်ပိုမောင်းတယ်။ဒါတောင်ဒီလူငယ်တွေကကျွန်တော်တို့မောင်းတာထက်ပိုပြီးတော့ကျင့်ပြရအုံးမလားလို့ပြန်စိန်ခေါ်တယ်။ဇွဲသတ္တိကိုကျွန်တော်မချီးကျူးဘဲမနေနိုင်တော့ဘူး။ဆန်းတော့မဆန်းပါဘူးလေ။ယုံကြည်ချက်ကမောင်းနှင်နေပြီကိုး။ဒါကတော့”သူတို့ကိုလေ့ကျင့်ပေးတဲ့သင်တန်းဆရာတစ်ဦးရဲ့မှတ်ချက်ဖြစ်ပါ၏။

မြင်ကွင်း(၈)

လူတိုင်းလက်ထဲလက်နက်မကိုင်နိုင်၊မဲနှိုက်ရတုန်းကမဲပေါက်သူရဲ့တက်ကြွမှုမျိုး၊မဲမပေါက်သူရဲ့မချင့်မရဲဖြစ်ပုံတွေတော့ဗီဒီယိုကလစ်တွေမှာမြင်ဖူးကြပါလိမ့်မည်။ထိခိုက်ဆုံးရှုံးအသက်ပေးရတတ်သည့်ကိစ္စ ဒီလိုအလုအယက်တက်ကြွမှုတွေကပြည်သူ့လွတ်မြောက်ရေးအတွက်သူတို့ဘာမဆိုအသင့်ရှိကြောင်း နဖူးပေါ်ဆေးမင်ထိုးပြလိုက်တာမဟုတ်ပါလား။

မြင်ကွင်း(၉)

သူတို့အတွက်ဖြေသိမ့်စရာကာလအချို့ရှိသည်။ပြည်တွင်းပြည်ပကပြည်သူတွေ ဖမ်ဆီးသတ်ဖြတ်အန္တရာယ်အမျိုးမျိုးကြားခက်ခက်ခဲခဲပို့လိုက်သောစားစရာကလေးလက်ဆောင်ကလေးတဆုပ်တဖဲ့ရသောအခါမျိုး။အချို့ညများတွင်အနုပညာရှင်များ ထင်ရှားသူများနှင့်ရှေ့မျိုးဆက်တို့ကနှုတ်ဆက်အပြန်အလှန်အားယူကြသည့်ညမျိုး။အဆိုတော်တွေကသီချင်းဆိုပြ။မျိုးဆက်ဟောင်းတော်လှန်ကဗျာရွတ်သူတွေရွတ်ပြကြတော့သူတို့မျက်နှာတွေကအမှောင်ထဲညအရိပ်တွေလှုပ်ခါလျက်။
သူတို့လည်းဆိုပြရွတ်ပြချင်သည်တဲ့။

လုပ်စမ်းပါဆိုသည်နှင့်တဦးချင်းရောတပ်ဖွဲ့အလိုက်ရောဖေါက်ထုတ်ချလိုက်ကြသည်မှာနှလုံးသားတွေကိုထွင်းဖောက်မြင်ရ။
တောင်ပိုင်းအဖွဲ့ဆိုပြီးတော့အလယ်ပိုင်း။ပြီးတော့မြောက်ပိုင်း။ဆိုသမျှအစစ်တွေချည်း။စစ်မှာပေါ့ရင်ထဲကလာတာကြီးကိုး။သူတို့ကိုယ်တိုင်စပ်ထားတာတွေကပိုတောင်ကောင်းနေသေး။ဆိုရွတ်ကောင်းနေတုန်းအင်တာနက်ပြတ်သွား၍ဟာခနဲဟင်ခနဲမချင့်မရဲ။ဒီလိုပဲရောင့်ရဲကြသည်ပင်။ဒါတွေကတချိန်ကြယ်စုံသောတညမြို့ပြကျေးလက်လမ်းတွေမှာဒီလိုစုဖွဲ့ပြီးနွေဦးတော်လှန်ရေးဂုဏ်ပြုတေးတွေလက်ချင်းချိတ်ဆိုနိုင်မည့်ရက်ရောက်လာရဖို့ပြည်သူနှင့်အတူအားသစ်ယူထားနေရော့မည်။

မြင်ကွင်း(၁၀)

တောင်ပေါ်တိုင်းရင်းသားဒေသမှလူကြီးတယောက်ကအခုလိုပြောသည်။“မျက်စိထဲမှာတော့ကလေးတွေဗျ။ဒါပေမယ့်ဆယ်တန်းအောင်ပြီးတချို့ကအလုပ်ထဲဝင်တချို့ကတက္ကသိုလ်တက်နေတုန်းရှိသေးတယ်ခုတော်လှန်ရေးကသူတို့ကိုချက်ချင်းရင့်ကျက်သွားစေတာပဲ။စဉ်းစားတာ ဆွေးနွေးတာဆုံးဖြတ်တာတွေက တကယ်လူကြီးစိတ်တွေနဲ့ဉာဏ်ပညာတွေနဲ့”ဒီလိုသူတို့ကိုချစ်သောပြည်သူနှင့်သူတို့ချစ်သောပြည်သူများရောက်ရာအရပ်ကလက်သုံးချောင်းထောင်နှုတ်ဆက်နေကြမြဲ ။သူတို့တောင်အသက်ပေးတိုက်နေကြတာပဲငါတို့ဘာလို့လက်နှေးနေကြမလဲဟုအားတင်း၍ငွေအား ဉာဏ်အားလုပ်အားတွေကူနေကြမြဲ။ရှေ့မျိုးဆက်တဦးကခုလိုရေးထားသည်။

“PDF ဆိုတာခံစားချက်နဲ့ ခံယူချက်ထဲအသက် ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာရည်မှန်းချက် ပန်းတိုင်တွေထဲဘဝ ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့သားစဉ်မြေးဆက်လိပ်ပြာလှနေကြမဲ့ ကြီးမြတ်ထည်ဝါလူသားတွေပါ။ကျင့်ကြံဖို့ခက်ခဲတဲ့ တရားတွေကြားကသင်က PDF တစ်ယောက်လား”သူတို့ပြည်သူနှင့်အတူယုံထားတာတခုရှိသည်။“တော်လှန်လမ်းဟာ သဘာဝအလျောက်ကောက်ကွေ့ချင်ကွေ့မယ် စိတ်တွေကတော့အဖြောင့်”ခြေဗလာလက်ဗလာဖြင့်စခဲ့သောသူတို့၏စုဖွဲ့မှုများအခု(၁)နှစ်ပြည့်ပြီ။ယနေ့ သူတို့မွေးနေ့။ဆန်ကြမ်းထမင်းကိုBirthday ကိတ်လုပ်ပြီး ရောင့်ရဲပြ ၊စိန်ခေါ်သံကိုပြန်ထူးပြသည့်သူတို့ကဘာမျှမတောင်းဆိုသော်လည်းသူတို့ချစ်သောပြည်သူတွေဆီက မွေးနေ့လက်ဆောင်ပေးမည်ဆိုလျင် သူတို့ဘာများလိုချင်ရှာပါလိမ့်။

မင်းကိုနိုင်….၅၊၅၊၂၀၂၂

ဦးမင်းကိုနိုင်ပေးပို့သော PDF အတွက်မွေးနေ့လက်ဆောင်

မြင်ကွင်း(၁)

ကိုဗစ်ခြိမ်းခြောက်ဗုံးတွေပေါက်လည်းရအောင်မဲပေးခဲ့ပြီးပြီ။တသက်တခါလူရာဝင်ပေးခဲ့တဲ့ရလဒ်တွေကိုမကြိုက်လို့ပြန်ဖျက်သည်တဲ့။ဒါမျိုးတော့ငုံ့မခံ၊ပတ်ဝန်းကျင်ကြည့်တော့ခံပြင်းသူတွေချည်း၊ဒါ အသက်အရွယ်စုံဘဝစုံကပြည်သူတွေကိုစော်ကားတာပဲ။အထူးသဖြင့်သန်းပေါင်းများစွာလူငယ်တွေရဲ့ဆန္ဒကိုမထီမဲ့မြင်ပြုတာပဲ။

မြင်ကွင်း(၂)

ဒီအတွက် ပြည်သူအားလုံးကိုယ်စားသူတို့လမ်းပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြသည်။ကိုယ်တိုင်ရေးပိုစတာတွေကိုယ်တိုင်လျှောက်ခြေလှမ်းတွေနှင့်ပြည်လုံးကျွတ်တခဲနက်လူပင်လယ်ဖြစ်အောင်လက်နက်မဲ့ဆန္ဒပြကြသည်။ကြွေးကြော်သံနှင့် ဂီတနှင့်ပါဖောင့်မန့်တွေနှင့်ဒါကိုအာဏာလုစစ်တပ်ကအကြမ်းကြုတ်ဆုံးဖြိုခွင်း၏။

မြင်ကွင်း(၃)

ပလတ်စတစ်ဦးထုပ်ကသူတို့ခေါင်းတွေကိုအကာအကွယ်မပေးနိုင်တော့။သွေးတွေရွှဲနေသည့်မြို့ပြကျေးလက်လမ်းတွေမှသူတို့ရွှေ့ပြီ။“ကိုယ့်လမ်းကိုယ်ဖောက်ရတယ်ဆိုတာကျွန်တော်တို့မှအစစ်ဗျ။မောင်းချဓားနဲ့ကိုယ်တိုင်သစ်ကိုင်းတွေကိုခုတ်ပြီးတောတိုးရတာ၊နယ်မြေဘာမှမကျွမ်းဘူးတောကြီးမျက်မဲတိုးရတာပဲ။ဒါပေမယ့်ယုံတယ်။ကျွန်တော်တို့အတွက်လွတ်မြောက်ရာတော်လှန်ရေးနယ်မြေရှိကိုရှိရမယ်။ခါးဝတ်ခါးစတွေနဲ့ပဲထွက်လာကြတာ။ဘာမဆိုစားနိုင်ရမယ်၊ဘယ်နေရာမဆိုအိပ်နိုင်ရမယ်၊ဘယ်လောက်ပြင်းထန်လေ့ကျင့်နိုင်ရမယ်။ဒီလိုယုံပြီးရောက်အောင်လာခဲ့တာ”တိုက်ပွဲဝင်သင်တန်းတစ်ဖက်နှင့်အချိန်လုအဖြေပေးသည့်လူငယ်တစ်ဦးရဲ့စကားဖြစ်သည်။လေ့ကျင့်ရေးမှ ဟောဟဲသံကဖျောက်မရ။ဒါပေမယ့်အသံမာနေဆဲ။သန်မာမာနေဆဲ။

မြင်ကွင်း(၄)

“အရာရာဟာအဆင်သင့်ရှိမနေနိုင်ဘူးဆိုတာကြိုသိပြီးသားပါ။ရောက်အောင်လာဖို့ပဲ၊နိုင်အောင်တိုက်ဖို့ပဲ။ကျွန်တော်တို့ကဖောင်ဖျက်ပြီးပြီလေ။ပြန်ဆုတ်ဖို့မရှိဘူး”ကျောင်းဆရာတဦးကပြောသည်။မြေဖြူကိုင်သောလက်တွေ၊ကွန်ပျူတာကိုင်သောလက်တွေ၊နားကြပ်ကိုင်သောလက်တွေကတော်လှန်ရေးလိုအပ်ချက်ရှိသမျှပြောင်းကိုင်နေရသည်။

“ရည်းစားကိုတောင်ခွင့်ပန်ပြီးနှုတ်ဆက်ခဲ့လို့ရသေးတယ်။ဒီကောင်ကရှင်းပြလို့လည်းမရဘူးဆန္ဒပြတုန်းကလည်းလျှောက်လိုက်နေကျကိုး။လိုက်မယ်ဆိုတာချည်းပဲသူ့ကိုမထားခဲ့ပါနဲ့လို့တောင်တောင်းပန်တယ်ဗျာ။ဒါနဲ့ကျွန်တော်လည်းဒီလောက်တောင်ဖြစ်တာလိုက်ခဲ့ကွာဆိုပြီးခေါ်လာရတာပဲ

”ကျောပိုးအိတ်ထဲမှခေါင်းပြူကြည့်နေသည့်နားကားကား အမွှေးထူထူဝဝကစ်ကစ်လေး၊(ခွေးလားကြောင်လားတောင်သေချာမမြင်လိုက်ရ)တကောင်ကိုလှစ်ခနဲတွေ့ခဲ့ရသည်။ဒါပဲပြောပြီးတောင်ကုန်းပေါ်ပြေးတက်သွားသည့်သူ့သခင်ကြိုးသိုင်းအိတ်ထဲခြေကားယားလက်ကားယားပါသွားရှာလေ၏။

မြင်ကွင်း(၅)

“အိမ်ကခွင့်ပြုမပြုမသိဘူး။ခိုးထွက်လာရတာဆိုတော့မသေချာဘူးလေ။ကျွန်မချစ်သူရှိတဲ့တပ်ရင်းကိုပြောင်းဖို့လည်းမရေရာသေးဘူး။ဟိုနေ့ကတော့ကြိုးတန်းတွယ်တက်လေ့ကျင့်ရေးအပြီးမှာပေါက်ပြဲဖူးရောင်နေတဲ့လက်ဖဝါးတွေကိုဓာတ်ပုံရိုက်ပြီးပို့လိုက်တယ်။သူကပြန်ပို့တယ်ပိုလှတယ်တဲ့”ဒီလိုစကားတွေကဆန်းလှသည်တော့မဟုတ်။ခြေနှစ်ဖက်လက်နှစ်ဖက်ဆုံးရှုံးရသည့်တိုင်မေတ္တာစစ်ကိုတော့မဆုံးရှုံးစေရသည့်မိန်းမငယ်တွေကိုမနေ့တနေ့ကပင် နှလုံးသားမျက်ကြည်လွှာတွေမှာမြင်ရပြီပဲ။

မြင်ကွင်း(၆)

“ဆရာဝန်တွေဆေးကျောင်းကတွေ ပါတယ်လေ။ကိုယ့်အချင်းချင်းပြန်ကုပေါ့။ရောက်ရာအရပ်မှာဘာသာစကားတွေအပြန်အလှန်သင်ပေးကြတယ်။နှစ်မျိုးသုံးမျိုးတွေတတ်ကုန်ပြီ။အင်ဂျင်နီယာတွေနည်းပညာသမားတွေကတီထွင်ကြံဆတာတွေလုပ်ပေးရတာပေါ့။ဒီလိုပါပဲဗျာ။အင်တာနက်ခေတ်မှာဘာမဆိုလိုချင်ရင်ရပါတယ်ဆန္ဒရယ်ဝီရိယရယ်စိတ်အင်အားနဲ့ဉာဏ်ပညာတွေရှိရင်ရတာပဲ”

ဂါဇာကမ်းမြှောင်အရှေ့အလယ်ပိုင်းအပါအဝင်ကမ္ဘာ့တော်လှန်ရေးပေါင်းစုံမှပြောက်ကျားသေင်္နဂဗျူဟာတွေ၊ဝယ်ယူမရနိုင်သည့်ပစ္စည်းကိရိယာထုတ်လုပ်နည်းတွေရှာကြံနေကြရသည်။တွင်ခုံဆရာမှအစPhDအထိပါဝင်နေသည့်ဤတပ်ဖွဲ့များကြံလျှင်ဘာခံနိုင်မည်နည်း။အာဏာရှင်တာဝါတိုင်ကိုအဝေးပစ်တွေဖြစ်စေခဲ့ပြီ။ပြည်သူတွေချွေးနည်းစာနဲ့ထောက်ပံ့နေရတာ။ကျွန်တော်တို့ကောင်းကောင်းသိတယ်ဆန်တစေ့မှအလဟဿမဖြစ်စေရဘူးတဲ့။

မြင်ကွင်း(၇)

“ထရိန်နင်မှာကျွန်တော်တို့ကမောင်းတယ်။လိုတာထက်ပိုမောင်းတယ်။ဒါတောင်ဒီလူငယ်တွေကကျွန်တော်တို့မောင်းတာထက်ပိုပြီးတော့ကျင့်ပြရအုံးမလားလို့ပြန်စိန်ခေါ်တယ်။ဇွဲသတ္တိကိုကျွန်တော်မချီးကျူးဘဲမနေနိုင်တော့ဘူး။ဆန်းတော့မဆန်းပါဘူးလေ။ယုံကြည်ချက်ကမောင်းနှင်နေပြီကိုး။ဒါကတော့”သူတို့ကိုလေ့ကျင့်ပေးတဲ့သင်တန်းဆရာတစ်ဦးရဲ့မှတ်ချက်ဖြစ်ပါ၏။

မြင်ကွင်း(၈)

လူတိုင်းလက်ထဲလက်နက်မကိုင်နိုင်၊မဲနှိုက်ရတုန်းကမဲပေါက်သူရဲ့တက်ကြွမှုမျိုး၊မဲမပေါက်သူရဲ့မချင့်မရဲဖြစ်ပုံတွေတော့ဗီဒီယိုကလစ်တွေမှာမြင်ဖူးကြပါလိမ့်မည်။ထိခိုက်ဆုံးရှုံးအသက်ပေးရတတ်သည့်ကိစ္စ ဒီလိုအလုအယက်တက်ကြွမှုတွေကပြည်သူ့လွတ်မြောက်ရေးအတွက်သူတို့ဘာမဆိုအသင့်ရှိကြောင်း နဖူးပေါ်ဆေးမင်ထိုးပြလိုက်တာမဟုတ်ပါလား။

မြင်ကွင်း(၉)

သူတို့အတွက်ဖြေသိမ့်စရာကာလအချို့ရှိသည်။ပြည်တွင်းပြည်ပကပြည်သူတွေ ဖမ်ဆီးသတ်ဖြတ်အန္တရာယ်အမျိုးမျိုးကြားခက်ခက်ခဲခဲပို့လိုက်သောစားစရာကလေးလက်ဆောင်ကလေးတဆုပ်တဖဲ့ရသောအခါမျိုး။အချို့ညများတွင်အနုပညာရှင်များ ထင်ရှားသူများနှင့်ရှေ့မျိုးဆက်တို့ကနှုတ်ဆက်အပြန်အလှန်အားယူကြသည့်ညမျိုး။အဆိုတော်တွေကသီချင်းဆိုပြ။မျိုးဆက်ဟောင်းတော်လှန်ကဗျာရွတ်သူတွေရွတ်ပြကြတော့သူတို့မျက်နှာတွေကအမှောင်ထဲညအရိပ်တွေလှုပ်ခါလျက်။
သူတို့လည်းဆိုပြရွတ်ပြချင်သည်တဲ့။

လုပ်စမ်းပါဆိုသည်နှင့်တဦးချင်းရောတပ်ဖွဲ့အလိုက်ရောဖေါက်ထုတ်ချလိုက်ကြသည်မှာနှလုံးသားတွေကိုထွင်းဖောက်မြင်ရ။
တောင်ပိုင်းအဖွဲ့ဆိုပြီးတော့အလယ်ပိုင်း။ပြီးတော့မြောက်ပိုင်း။ဆိုသမျှအစစ်တွေချည်း။စစ်မှာပေါ့ရင်ထဲကလာတာကြီးကိုး။သူတို့ကိုယ်တိုင်စပ်ထားတာတွေကပိုတောင်ကောင်းနေသေး။ဆိုရွတ်ကောင်းနေတုန်းအင်တာနက်ပြတ်သွား၍ဟာခနဲဟင်ခနဲမချင့်မရဲ။ဒီလိုပဲရောင့်ရဲကြသည်ပင်။ဒါတွေကတချိန်ကြယ်စုံသောတညမြို့ပြကျေးလက်လမ်းတွေမှာဒီလိုစုဖွဲ့ပြီးနွေဦးတော်လှန်ရေးဂုဏ်ပြုတေးတွေလက်ချင်းချိတ်ဆိုနိုင်မည့်ရက်ရောက်လာရဖို့ပြည်သူနှင့်အတူအားသစ်ယူထားနေရော့မည်။

မြင်ကွင်း(၁၀)

တောင်ပေါ်တိုင်းရင်းသားဒေသမှလူကြီးတယောက်ကအခုလိုပြောသည်။“မျက်စိထဲမှာတော့ကလေးတွေဗျ။ဒါပေမယ့်ဆယ်တန်းအောင်ပြီးတချို့ကအလုပ်ထဲဝင်တချို့ကတက္ကသိုလ်တက်နေတုန်းရှိသေးတယ်ခုတော်လှန်ရေးကသူတို့ကိုချက်ချင်းရင့်ကျက်သွားစေတာပဲ။စဉ်းစားတာ ဆွေးနွေးတာဆုံးဖြတ်တာတွေက တကယ်လူကြီးစိတ်တွေနဲ့ဉာဏ်ပညာတွေနဲ့”ဒီလိုသူတို့ကိုချစ်သောပြည်သူနှင့်သူတို့ချစ်သောပြည်သူများရောက်ရာအရပ်ကလက်သုံးချောင်းထောင်နှုတ်ဆက်နေကြမြဲ ။သူတို့တောင်အသက်ပေးတိုက်နေကြတာပဲငါတို့ဘာလို့လက်နှေးနေကြမလဲဟုအားတင်း၍ငွေအား ဉာဏ်အားလုပ်အားတွေကူနေကြမြဲ။ရှေ့မျိုးဆက်တဦးကခုလိုရေးထားသည်။

PDF ဆိုတာရည်မှန်းချက် ပန်းတိုင်တွေထဲဘဝ ကိုပေါင်းထည့် လိုက်ရတာ။

PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့သားစဉ်မြေးဆက်လိပ်ပြာလှနေကြမဲ့ ကြီးမြတ်ထည်ဝါလူသားတွေပါ။ကျင့်ကြံဖို့ခက်ခဲတဲ့ တရားတွေကြားကသင်က PDF တစ်ယောက်လား”သူတို့ပြည်သူနှင့်အတူယုံထားတာတခုရှိသည်။“တော်လှန်လမ်းဟာ သဘာဝအလျောက်ကောက်ကွေ့ချင်ကွေ့မယ် စိတ်တွေကတော့အဖြောင့်”ခြေဗလာလက်ဗလာဖြင့်စခဲ့သောသူတို့၏စုဖွဲ့မှုများအခု(၁)နှစ်ပြည့်ပြီ။ယနေ့ သူတို့မွေးနေ့။ဆန်ကြမ်းထမင်းကိုBirthday ကိတ်လုပ်ပြီး ရောင့်ရဲပြ ၊စိန်ခေါ်သံကိုပြန်ထူးပြသည့်သူတို့ကဘာမျှမတောင်းဆိုသော်လည်းသူတို့ချစ်သောပြည်သူတွေဆီက မွေးနေ့လက်ဆောင်ပေးမည်ဆိုလျင် သူတို့ဘာများလိုချင်ရှာပါလိမ့်။

Crd

<

Leave a Reply

Your email address will not be published.