စစ်ကောင်စီမှ စစ်ကိုင်းတိုင်း မြောင်တောင်ပိုင်းက ကျေးရွာအများအပြား မီးရှို့ခံနေရ
မြောင်တောင်ပိုင်းက ကျေးရွာတွေ မီးရှို့ခံနေရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ကစပြီး ဒီကနေ့ မေ ၂၁ ရက်အထိ နှစ်ရက်အတွင်း မြောင်တောင်ပိုင်းကကျေးရွာ ငါးရွာထက်မနည်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မေ ၂၁ ရက်မှာ နဂါးပေါက်ရွာက နေအိမ် တစ်လုံး၊ နေပူကုန်းရွာက နေအိမ်လေးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
“မနေ့ကဆို ပေါက်ချောင်း၊ ပန်းညို၊ ရွာသာရွာ တောက်လျှောက် မယ်မသော်ရွာဆို အိမ် ၇၀ ကျော်မီးရှို့တယ်။ ဒီမနက်လည်း နဂါးပေါက်၊ နေပူကုန်း တောက်လျှောက် ဝင်သမျှကို ရှို့နေတာ။ ဘယ်သူမှ ကိုယ့်ရွာကို မကပ်ရဲဘူး၊ မီးငြှိမ်းရင်လည်း သူတို့နဲ့တွေ့ရင် အဖမ်းခံရဦးမယ်” လို့ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကနေ မြောင်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့ဖြတ်သန်းသွားလာတဲ့တလျှောက်က ကျေးရွာတိုင်းကို မီးရှို့တာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီလို ကျေးရွာတွေဘက် မီးရှို့မှုလုပ်ဆောင်နေချိန်အတွင်း ကာကွယ်ရေးအဖွဲ့တွေဘက်ကနေ မြောင်မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်နဲ့ စည်ပင်ရုံးကို ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပေမဲ့ ဘီဘီစီဘက်က သီးခြားအတည်ပြုလို့မရခဲ့ပါဘူး။
အလားတူ မြောင်က ဒီလို ကျေးရွာတွေကို အလုံးအရင်းနဲ့စစ်တပ်က မီးရှို့နေတဲ့အပေါ် မျက်မြင်ဒေသခံတွေရဲ့ပြောကြားချက်တွေကို ဘီဘီစီက သိရှိရပြီး စစ်တပ်ဘက်ကတော့ မြောင်အပါအ၀င် စစ်ကိုင်းတိုင်းထဲက ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ မေ ၂၁ ရက်ညနေပိုင်းထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
BBC ပုံစာ – ဒီကနေ့မြောင်ထဲက ကျေးရွာတစ်ရွာမီးရှို့ခံရတဲ့မြင်ကွင်း
Unicode