စကစမှ အိမ်စီးကားတစ်စီးကို ပစ်ခတ်မှုကြောင့် မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦး ဦးနှောက်ကျည်ထိမှန်……..seemore
မန္တလေးဆေးတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံး
မနေ့ မေလ ၂၀ ရက်က မန္တလေး – မုံရွာကားလမ်းမပေါ် ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားတစ်စီးကို စစ်ကောင်စီကနေ ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မန္တလေးဆေးတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး ဦးနှောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုကျော်ညီဇင်ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး လက်ရှိစစ်ကောင်စီဖွင့်လှစ်တဲ့ မန္တလေးဆေးတက္ကသိုလ်မှာလည်း ကျောင်းတက်ရောက်တာမရှိဘဲ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်ထားသူတစ်ဦးဖြစ်တယ်လို့ ဆေးတက္ကသိုလ်မန္တလေးကျောင်းသားများသမဂ္ဂဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကျောင်းသားသမဂ္ဂဘက်ကတော့ ကျောင်းသားတစ်ဦးသေဆုံးခဲ့ရတာဖြစ်လို့ ဆေးတက္ကသိုလ်မန္တလေးဟာ သွေးမြေခခဲ့ရပြီဖြစ်ပြီး သပိတ်မှောက်ကျောင်းသား ကိုကျော်ညီဇင်ကို လေးစားတဲ့အနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီမရမချင်း ကျောင်းထဲကို ခြေမလှမ်းကြဖို့ ကျောင်းသားထုကို မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဥ်ကို မိသားစုနဲ့နီးစပ်သူက စစ်ကောင်စီပစ်ခတ်မှုလို့ ဆိုထားပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနေပါတယ်။
ကိုကျော်ညီဇင်ရဲ့နာရေးကို ဒီနေ့ ညနေ ၃ နာရီမှာပြုလုပ်မယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားတာကိုတွေ့ရပါတယ်။
Unicode

Credit – Original Writer