အသုတ်မြို့တွင် ဖခင်ဖြစ်သူက ၁၆ နှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်ဆုံးမရာမှ လက်လွန်ကာ သမီးဖြစ်သူ သေဆုံး

News

<

ညီညီမင်း/ဧရာဝတီတိုင်းမ်

အသုတ် ၊ မေလ ၂၀ ရက်

ဧရာဝတီတိုင်းဒေသကြီး၊အသုတ်မြို့၊ထန်းကျွန်းဆိပ်သာအုပ်စု၊ဆိပ်သာကျေးရွာမှာ မေလ၁၈ရက်နေ့ညနေက ဖခင်ဖြစ်သူက ၁၆ နှစ်အရွယ် သမီးဖြစ်သူအားရိုက်နှက် ဆုံးမရာလက်လွန်ပြီး သမီးဖြစ်သူသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ အသက် ၁၆ နှစ် အရွယ် မစုပုံချစ်ဆိုသူဖြစ်ပြီး ဖခင်ဖြစ်သူ ဦးစိုးလွင်ဦးနဲ့ စကားများခဲ့ရာမှာ ရိုက်နှက်တဲ့ဒဏ်ကိုမခံနိုင်တာကြောင့် နေအိမ်ကအော်ဟစ်ထွက်ပြေးရာမှ လမ်းပေါ်တွင် လဲကျသွားတာကြောင့် အနီးရှိ ဒေသခံများက ရွာရှိကျန်းမာရေးဌာနမှ သူနာပြုဆရာမအား ခေါ်ယူစစ်ဆေးရာ အသက်သေဆုံးသွားတာကို သိရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။

“သေသွားတဲ့ ကောင်မလေးက ၁၆ နှစ်ပဲရှိသေးတာ။ သူ့အဖေနဲ့ အဲ့ညနေက စကားများတော့သူ့အဖေကရိုက်တာ ကြားတာတော့ နှီးဝါးစိတ်၊ လက်၊ဖိနပ်နဲ့အဆက်မပြတ်ရိုက်လို့အိမ်ကနေအော်ပြီးထွက်ပြေးရင်း လမ်းမှာလဲပြီးသေသွားတာ”လို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မစုပုံချစ်ဟာ ဖခင်ဖြစ်သူ ရိုက်နှက်တာကြောင့် ဝဲဘက်ပါးဖူးရောင် ဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားတာဖြစ်ပြီး အသေးစိတ်ကိုရင်ခွဲစစ်ဆေးမှုပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာသမီးဖြစ်သူကို သေဆုံး‌အောင်ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးစိုးလွင်ဦးကို အသုတ်နယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

crd
အသုတ်မြို့တွင် ဖခင်ဖြစ်သူက ၁၆ နှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်ဆုံးမရာမှ လက်လွန်ကာ သမီးဖြစ်သူ သေဆုံး

ညီညီမင်း/ဧရာဝတီတိုင်းမ်

အသုတ် ၊ မေလ ၂၀ ရက်

ဧရာဝတီတိုင်းဒေသကြီး၊အသုတ်မြို့၊ထန်းကျွန်းဆိပ်သာအုပ်စု၊ဆိပ်သာကျေးရွာမှာ မေလ၁၈ရက်နေ့ညနေက ဖခင်ဖြစ်သူက ၁၆ နှစ်အရွယ် သမီးဖြစ်သူအားရိုက်နှက် ဆုံးမရာလက်လွန်ပြီး သမီးဖြစ်သူသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ အသက် ၁၆ နှစ် အရွယ် မစုပုံချစ်ဆိုသူဖြစ်ပြီး ဖခင်ဖြစ်သူ ဦးစိုးလွင်ဦးနဲ့ စကားများခဲ့ရာမှာ ရိုက်နှက်တဲ့ဒဏ်ကိုမခံနိုင်တာကြောင့် နေအိမ်ကအော်ဟစ်ထွက်ပြေးရာမှ လမ်းပေါ်တွင် လဲကျသွားတာကြောင့် အနီးရှိ ဒေသခံများက ရွာရှိကျန်းမာရေးဌာနမှ သူနာပြုဆရာမအား ခေါ်ယူစစ်ဆေးရာ အသက်သေဆုံးသွားတာကို သိရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။

သေသွားတဲ့ ကောင်မလေးက ၁၆ နှစ်ပဲရှိသေးတာ။ သူ့အဖေနဲ့ အဲ့ညနေက စကားများတော့သူ့အဖေကရိုက်တာ ကြားတာတော့ နှီးဝါးစိတ်၊ လက်၊ဖိနပ်နဲ့အဆက်မပြတ်ရိုက်လို့အိမ်ကနေအော်ပြီးထွက်ပြေးရင်း လမ်းမှာလဲပြီးသေသွားတာလို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မစုပုံချစ်ဟာ ဖခင်ဖြစ်သူ ရိုက်နှက်တာကြောင့် ဝဲဘက်ပါးဖူးရောင် ဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားတာဖြစ်ပြီး အသေးစိတ်ကိုရင်ခွဲစစ်ဆေးမှုပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာသမီးဖြစ်သူကို သေဆုံးအောင်ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးစိုးလွင်ဦးကို အသုတ်နယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

Crd

Leave a Reply

Your email address will not be published.