သွေးသောက်အဖွဲ့ကြောင့် ယနေ့ ကျဆုံးခဲ့ရတဲ့ သာကေတက တက္ကသိုလ်ကျောင်းသူ မဟန်နီဦး
News
သွေးသောက်အဖွဲ့သက်ဖြတ်၍ တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံး
ကျော်ဇော/People’s Spring
စစ်ကောင်စီအောက်ဆွဲ သွေးသောက်အဖွဲ့မှ သက်ဖြတ်၍ တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့(မေ ၁၉) ထုတ်ပြန်သည်။
ပစ်ခတ်ခံရမှုကြောင့် အသက်ဆုံးပါးခဲ့ရသူမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ရုပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး ၎င်းနှင့်အတူ မိသားစုဝင်အချို့ပါ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယနေ့(မေ ၁၉)နေ့လယ် ၂ နာရီ ၄၅ ခန့်က သာကေတမြို့နယ် (၈)ထိပ်မှတ်တိုင် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်တွင် သွေးသောက်အဖွဲ့၏ ရှင်းလင်းခြင်းကိုခံရပြီး နားထင်တွင် နှစ်ချက်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
မဟန်နီဦးနှင့်အတူ မိခင်ဖြစ်သူနှင့် ဦးလေးပါဒဏ်ရာရရှိခဲ့ပြီး ထိုပစ်ခတ်မှုမှာ သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ထုတ်ပြန်အသိပေးထားသည်။ Crd- People Spring
Leave a Reply
Your email address will not be published.