သာကေတတွင် ဆိုင်အတွင်းသေနတ်ဖြင့်ဝင်ပစ်၍ ကျောင်းသူသေဆုံး ၂ ဦးဒဏ်ရာရ..
ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ယနေ့ မေလ၁၉ရက် မွန်းလွဲပိုင်းက သေနတ်သမားများက ပစ်ခတ်၍
တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံးကာ သူ၏မိသားစုဝင်နှစ်ဦး ဒဏ်ရာရသွားခဲ့သည်။..
သာကေတ (၇) အရှေ့ရပ်ကွက် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်ရှိ အထည်ဆိုင်တွင်းဝင်ရောက်ပစ်ခတ်မှုကြောင့်
အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသူ မဟန်နီဦး သေဆုံးကာ ၎င်း၏ဦးလေးဖြစ်သူနှင့်မိခင်တို့လည်း ဒဏ်ရာရသွားသည်။..
ဟွန်ဒါကားနဲ့လာပစ်တာပါ,,၊နေ့လယ်က အထည်ဆိုင်ကိုဝင်ပစ်သွားတာ..၊ခေါင်းကိုထိပြီးပွဲချင်းပြီးသေသွားတယ်ဟု ဒေသခံတစ်ယောက်ကပြောသည်။..
မဟန်နီဦးမှာ ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့သည်။
ဦးလေးဖြစ်သူမှာ ဝမ်းဗိုက်ကျည်လေးချက်ထိမှန်ပြီး မိခင်ဖြစ်သူမှာ ရင်ဘတ် ကျည်ထိမှန်ခဲ့သည်။.
နောက်ဆက်တွဲသတင်းများအရ မဟန်နီဦး၏ ဦးလေးဖြစ်သူ ကိုရဲမှာ သေဆုံးသွာပြီဖြစ်ကြောင်းသိရှိရပြီး
မဟန်နီဦး၏ မိခင်ဖြစ်သူမှာလည်း အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း နီးစပ်သူထံများက သိရသည်။
အသေးစိတ်အခြေအနေကိုမူ မဇ္ဈိမသတင်း ဌာနက စုံစမ်းနေဆဲ ဖြစ်ပြီး အတည်ပြု၍ မရနိုင်သေးပေ။
unicode..
သာကေတတွင် ဆိုင်အတွင်းသေနတ်ဖြင့်ဝင်ပစ်၍ ကျောင်းသူသေဆုံး ၂ ဦးဒဏ်ရာရ..
ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ယနေ့ မေလ၁၉ရက် မွန်းလွဲပိုင်းက သေနတ်သမားများက ပစ်ခတ်၍
တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံးကာ သူ၏မိသားစုဝင်နှစ်ဦး ဒဏ်ရာရသွားခဲ့သည်။
သာကေတ (၇) အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်ရှိ အထည်ဆိုင်တွင်းဝင်ရောက်ပစ်ခတ်မှုကြောင့်
အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသူ မဟန်နီဦး သေဆုံးကာ ၎င်း၏ဦးလေးဖြစ်သူနှင့်မိခင်တို့လည်း ဒဏ်ရာရသွားသည်။..
“ဟွန်ဒါကားနဲ့လာပစ်တာပါနေ့လယ်က အထည်ဆိုင်ကိုဝင်ပစ်သွားတာခေါင်းကိုထိပြီးပွဲချင်းပြီးသေသွားတယ်ဟု ဒေသခံတစ်ယောက်ကပြောသည်။..
မဟန်နီဦးမှာ ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့သည်။..
ဦးလေးဖြစ်သူမှာ ဝမ်းဗိုက်ကျည်လေးချက်ထိမှန်ပြီး မိခင်ဖြစ်သူမှာ ရင်ဘတ် ကျည်ထိမှန်ခဲ့သည်။.နောက်ဆက်တွဲသတင်းများအရ မဟန်နီဦး၏ ဦးလေးဖြစ်သူ ကိုရဲမှာ သေဆုံးသွာပြီဖြစ်ကြောင်းသိရှိရပြီး..
မဟန်နီဦး၏ မိခင်ဖြစ်သူမှာလည်း အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း နီးစပ်သူထံများက သိရသည်။
အသေးစိတ်အခြေအနေကိုမူ မဇ္ဈိမသတင်း ဌာနက စုံစမ်းနေဆဲ ဖြစ်ပြီး အတည်ပြု၍ မရနိုင်သေးပေ။..
credit..