မိန်ချက်ကြီးကွာ..လမ်းလျှောက်ချီတက်လာသော စစ်ကောင်စီအင်အား ၂၀ (ရုပ်သံ)See More……

News

အရာတော်မြို့နယ်တွင် နောင်ကြီးအိုင်ရွာအနီး စစ်တပ် မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်အပါအဝင် ၅ ဦးသေဆုံးကာ ထွက်ပြေးကြ၊ အရာတော်ထန်းတောကုန်းတွင်လည်း စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့နှင့် နောင်ကြီးအိုင်ကျေးရွာအကြား တောလမ်း တစ်နေရာတွင် ချီတက်လာသော စစ်ကောင်စီအင်အား ၂၀ ကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်း လျှပ်စီးမိုးကြိုးမုန်တိုင်းအဖွဲ့ ဦးဆောင်သော မဟာမိတ်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၇ ဦးရှိကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ထန်းတောကုန်းကျေးရွာရှိ အဆောက် အဦး ၁ ခုတွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက

မေလ ၁၇ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၈ ဦးထက်မနည်းသေဆုံးကြောင်း၊ ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ဒဏ်ရာရကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

အင်အား ၃၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ထန်းတောကုန်းကျေးရွာရှိ ၃ ထပ် အဆောက်အဦး တွင် တပ်စွဲထားကြောင်း၊ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ စစ်ကူများ ရောက်ရှိလာကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင်တပ်ရင်း ၃၊ တပ်ခွဲ ၃ ဂဠုန်နက် PDFနှင့် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ကာကွယ်ရေးမဟာမိတ် ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ကာလက်နက်အင်အား မမျှမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု Chindwin Attack Force ထံမှ သိရှိရသည်။

ဗီဒီယို- လမ်းလျှောက်ချီတက်လာသော စစ်ကောင်စီအင်အား ၂၀ မိုင်းဆွဲခံရပြီး ထွက်ပြေးနေပုံ။

ဗီဒီယို- လမ်းလျှောက်ချီတက်လာသော စစ်ကောင်စီအင်အား ၂၀ မိုင်းဆွဲခံရပြီး ထွက်ပြေးနေပုံ

Video Player

Leave a Reply

Your email address will not be published.