အရပ်ဝတ်ဖြင့် အယောင်ဆောင်သွားလာနေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦး PDF တပ်များက ဖမ်းမိ

News

ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် အယောင်ဆောင်သွားလာသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦးကို PDF တပ်များက ဖမ်းဆီးရမိ

မေ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် အယောင်ဆောင် သွားလာသော စစ်ကောင်စီတပ်မှ အရာရှိ ဗိုလ်ကြီး၂ ဦးကို ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။

မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေဘို-မြစ်ကြီးနား- ကောလင်း ကားလမ်းကို PDF တပ်ဖွဲ့ဝင်များက ထိန်းချုပ် စစ်ဆေးမှုများ

လုပ်ဆောင်နေစဉ် တပ်ရေးဗိုလ်ကြီး ၁ ဦး၊ တပ်ထောက် ဗိုလ်ကြီး ၁ ဦးတို့ကို အရပ်ဝတ်ဖြင့် လက်နက်ပါခြင်းမရှိဘဲ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် PDF က ဖမ်းဆီးလိုက်သော စစ်ကောင်စီတပ်ဘက်မှ အရာရှိ ဗိုလ်ကြီး ၂ ဦး၏ တပ်နှင့် အမည်များကို သိရှိထားပြီ ဖြစ်သော်လည်းသက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးရမိသော ဗိုလ်ကြီး ၂ ဦးကို PDF တပ်များက ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်း သိမ်းထားရှိပြီး စစ်ဆေးမေးမြန်းမှုများကို ဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၃၃ ၏ ခမရ ၁၁၁ ဝန်းသိုတပ်ဂိတ်ပေါက်မြင်ကွင်း။

Crd- Khit Thit

=============

UNICODE

Leave a Reply

Your email address will not be published.