တော်လှန်ရေးနာမည်လဲဖြစ် ဆရာကြီး မင်းသိင်္ခ ပေးခဲ့တဲ့နာမည်ကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ ဟိန်းထက်
MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့
တဟုန်ထိုးဝင်ရောက်လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။
ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ
အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။
ဟိန်းထက် ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
မင်းသား ဟိန်းထက် ဟာ တော်လှန်ရေးနာမည်လဲဖြစ် ဆရာမင်းသိင်္ခပေးခဲ့တဲ့နာမည်ကို ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
” ကိုယ်ကျင့်တရားတည်ဆောက်ရန်နေ့စဉ်စကားဝိုင်းပြုလုပ်ခြင်း ဒီရက်ပိုင်းကျနော် စကားဝိုင်းလေးတစ်ခုဖန်တီးချင်စိတ် ဖြစ်လာပါတယ်။
ဘာအတွက်လည်း ဆိုတော့ ကျနော်တို့လူ့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ
အခက်အခဲတွေ စိတ်ညစ်စရာတွေ ပူပန်သောကတွေ ဒါတွေနဲ့ အမြဲကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့ စိတ်ဟာ မျိုးစုံသော စိတ်ညစ်စရာတွေကြောင့် ညစ်နွမ်းပြီး ဖိစီးခံစားနေရပါတယ်။
ကျနော်တို့ရဲ့ စိတ်ထဲခံစားနေရတာတွေကို အရမ်းများလာတဲ့အခါဖွင့်ထုတ်ရပါတယ်။
မဖွင့်ထုတ်ပဲ ထားလာတာနဲ့ အရမ်းတင်းကြပ်လာတဲ့အခါ ပူဖောင်းတစ်လုံးလိုပဲ ပေါက်ထွက်ကုန်ပါတယ်။
ဒီလိုမျိုးအခြေနေမရောက်ခင် ကျနော်တို့ရဲ့ စိတ်တင်းကျပ်မှုတွေကို ဖွင့်ထုတ်ရပါတယ်။
အရင်းနှီးဆုံးသော သူတွေကို ကျနော်တို့ ပြောပြရင်ဖွင့်တတ်ကြတယ်။
ဒါပေမယ့် တချို့က ဒီလိုအရင်းနီးဆုံးဆိုပြီးမရှိတဲ့အခါဖြစ်စေ ဖွင့်ပြောလိုက်လို့ သူတစ်ပါးပါစိတ်ညစ်သွားမှာကို မလိုလားကြလို့ သိမ်းထားတတ်ကြတယ်။
ကျနော်လည်းအတူတူပါပဲကျနော်က တော်ရုံနာကျင်မှု စိတ်ခံစားမှုတွေကို အမြဲတစေ ထိန်းချုပ်ထားတတ်တယ်။
ခံစားမှုတွေကို စကားလုံးတွေအဖြစ်ထွက်မလာတော့ပဲ မျက်နှာမှာ အမြဲအပြုံးတစ်ခုပန်ဆင်ထားပြီးနေတော့
လူတော်တော်များများက ကျနော်ကအေးချမ်းတယ်လို့ထင်ကြတယ်။
တကယ်တော့ ပျော်ရွှင်မှုဆိုတဲ့ အပေါ်ယံမျက်နှာတစ်ခုနဲ့ ဒီစိတ်အဆင်မပြေမှုတွေကို ဖိထားတာပါ။
ဒါဟာ စိတ်အဆင်မပြေမှုတွေ သက်သာနိုင်ပေမယ့် အရှင်းပျောက်တဲ့နည်းတော့မဟုတ်ဘူး။
ဒီပျော်ရွှင်မှုအပေါ်ယံကာထားတဲ့ အရာက တစ်ခုခုကြောင့် ကွာကျတဲ့အခါ ဖိထားတဲ့ စိတ်ညစ်မှုတွေက ကန်ထွက်လာပါတယ်။
ဘာလို့လည်းဆို ကျနော်တို့က အနာကို ကျက်အောင်မကုခဲ့လို့ပါ။ မကုပဲ ဖိထားတော့ အနာက အထဲမှာ ပြည်တည်လှိုက်စားပြီး ပိုဆိုးကုန်ပါတယ်။
ဒါကြောင့် ကျနော်တို့က ကျနော်တို့စိတ်ဒဏ်ရာတွေကို နေ့စဉ်ကုစားဖို့လိုပါတယ်။
ကျနော်က ကျနော်ကိုယ်တိုင် ကိုယ်ကျင့်တရား(ဓမ္မ)နဲ့ ပြန်ကုစားရင်း စစ်မှန်တဲ့ Inner Peace လို့ခေါ်တဲ့ ကိုယ်တွင်းငြိမ်းချမ်းမှုကိုတွေ့နေပါပြီ။
ကျနော့်လိုပဲ ခုလူသားတွေခံစားနေရတဲ့ အရာကို ကျနော် ဓမ္မဆိုတဲ့ ရေစင်နဲ့ ကုစားပေးချင်ပါတယ်။
-ဒါကြောင့် ကျနော်လုပ်သွားမယ့် activity တွေ Zoom Meeting တွေကို ကျနော့် ရဲ့ တော်လှန်ရေးနာမည်ဖြစ်တဲ့
ဆရာမင်းသိင်္ခ ပေးခဲ့တဲ့ မင်းသီဟကျော်ဆိုတဲ့ နာမည်နဲ့ ကျနော်ဆက်လုပ်သွားပါ့မယ်။
ကျနော်တို့အားလုံး ပိုကောင်းတဲ့ အနာဂတ်ကို ကိုယ်ကျင့်တရား(ဓမ္မ)ကို ကျင့်သုံးပြီး အရောက်သွားကြပါမယ်”လို့ ရေးသားထားပါတယ်
ပရိသတ်ကြီးရေ ဟိန်းထက် ရဲ့ တော်လှန်ရေးနာမည်လဲဖြစ် ဆရာမင်းသိင်္ခ ပေးခဲ့တဲ့နာမည်ကို သိသွားလောက်ပြီထင်ပါတယ်နော်။
မင်းသား ဟိန်းထက် ဟာ မင်းသီဟကျော်ဆိုတဲ့ နာမည်နဲ့ telegram မှာလဲ အကောင့်ဖွင့်ထားပြီး ဓမ္မတရားတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်
Cele New, Lifestyle
=============
UNICODE
တော်လှန်ရေးနာမည်လဲဖြစ် ဆရာကြီး မင်းသိင်္ခ ပေးခဲ့တဲ့နာမည်ကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ ဟိန်းထက်
MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့
တဟုန်ထိုးဝင်ရောက်လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။
ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ
အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။
ဟိန်းထက် ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
မင်းသား ဟိန်းထက် ဟာ တော်လှန်ရေးနာမည်လဲဖြစ် ဆရာမင်းသိင်္ခပေးခဲ့တဲ့နာမည်ကို ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
” ကိုယ်ကျင့်တရားတည်ဆောက်ရန်နေ့စဥ်စကားဝိုင်းပြုလုပ်ခြင်း ဒီရက်ပိုင်းကျနော် စကားဝိုင်းလေးတစ်ခုဖန်တီးချင်စိတ် ဖြစ်လာပါတယ်။
ဘာအတွက်လည်း ဆိုတော့ ကျနော်တို့လူ့ပတ်ဝန်းကျင်မှာ နေ့စဥ်နဲ့အမျှ
အခက်အခဲတွေ စိတ်ညစ်စရာတွေ ပူပန်သောကတွေ ဒါတွေနဲ့ အမြဲကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့ စိတ်ဟာ မျိုးစုံသော စိတ်ညစ်စရာတွေကြောင့် ညစ်နွမ်းပြီး ဖိစီးခံစားနေရပါတယ်။
ကျနော်တို့ရဲ့ စိတ်ထဲခံစားနေရတာတွေကို အရမ်းများလာတဲ့အခါဖွင့်ထုတ်ရပါတယ်။
မဖွင့်ထုတ်ပဲ ထားလာတာနဲ့ အရမ်းတင််းကြပ်လာတဲ့အခါ ပူဖောင်းတစ်လုံးလိုပဲ ပေါက်ထွက်ကုန်ပါတယ်။
ဒီလိုမျိုးအခြေနေမရောက်ခင် ကျနော်တို့ရဲ့ စိတ်တင်းကျပ်မှုတွေကို ဖွင့်ထုတ်ရပါတယ်။
အရင်းနှီးဆုံးသော သူတွေကို ကျနော်တို့ ပြောပြရင်ဖွင့်တတ်ကြတယ်။
ဒါပေမယ့် တချို့က ဒီလိုအရင်းနီးဆုံးဆိုပြီးမရှိတဲ့အခါဖြစ်စေ ဖွင့်ပြောလိုက်လို့ သူတစ်ပါးပါစိတ်ညစ်သွားမှာကို မလိုလားကြလို့ သိမ်းထားတတ်ကြတယ်။
ကျနော်လည်းအတူတူပါပဲကျနော်က တော်ရုံနာကျင်မှု စိတ်ခံစားမှုတွေကို အမြဲတစေ ထိန်းချုပ်ထားတတ်တယ်။
ခံစားမှုတွေကို စကားလုံးတွေအဖြစ်ထွက်မလာတော့ပဲ မျက်နှာမှာ အမြဲအပြုံးတစ်ခုပန်ဆင်ထားပြီးနေတော့
လူတော်တော်များများက ကျနော်ကအေးချမ်းတယ်လို့ထင်ကြတယ်။
တကယ်တော့ ပျော်ရွှင်မှုဆိုတဲ့ အပေါ်ယံမျက်နှာတစ်ခုနဲ့ ဒီစိတ်အဆင်မပြေမှုတွေကို ဖိထားတာပါ။
ဒါဟာ စိတ်အဆင်မပြေမှုတွေ သက်သာနိုင်ပေမယ့် အရှင်းပျောက်တဲ့နည်းတော့မဟုတ်ဘူး။
ဒီပျော်ရွှင်မှုအပေါ်ယံကာထားတဲ့ အရာက တစ်ခုခုကြောင့် ကွာကျတဲ့အခါ ဖိထားတဲ့ စိတ်ညစ်မှုတွေက ကန်ထွက်လာပါတယ်။
ဘာလို့လည်းဆို ကျနော်တို့က အနာကို ကျက်အောင်မကုခဲ့လို့ပါ။ မကုပဲ ဖိထားတော့ အနာက အထဲမှာ ပြည်တည်လှိုက်စားပြီး ပိုဆိုးကုန်ပါတယ်။
ဒါကြောင့် ကျနော်တို့က ကျနော်တို့စိတ်ဒဏ်ရာတွေကို နေ့စဥ်ကုစားဖို့လိုပါတယ်။