ဗျူဟာအရ အရေးပါသော စခန်းတစ်ခုကို KNLA သိမ်း(ရုပ်/သံ)
စစ်ကောင်စီ၏ သေ့ဘောဘိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိ၊ မီးခိုးထွက်အောင် စစ်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် ပစ်ခတ် သော်လည်း ရှုံးနိမ့်ထွက်ပြေးရ
ရန်ကုန်၊ မေ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍
KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNLA သတင်းရင်းမြစ်များက အတည်ပြု သတင်းထုတ်ပြန်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ် ၂ စီး၊ CH 3 Drone ၁ စီးဖြင့် အကြိမ် ၂၀ နှင့် အထက် ရဟတ်ယာဉ်နှင့်
လေယာဉ်များ မီးခိုးထွက်သည်အထိ လာရောက် တိုက်ခိုက်၍ စခန်းပြန်ရရန် တိုက်ခိုက်သော်လည်း နောက်ဆုံးတွင် စစ်သား ဆေုံးမှုများစွာဖြင့် အရှုံးပေးထွက်ပြေးသွားရကြောင်း သိရှိရသည်
နှစ်ဖက် အကျအဆုံး အခြေအနေကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပြီး KNLA ပူးပေါင်းတပ်ဘက်က တရား ဝင် သတင်းထုတ်ပြန်မည်ဟုဆိုသည်
KNLA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသော စစ်ကောင်စီ၏သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိနေသော စခန်းဖြစ်ပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည် Video – KNLA တပ်မဟာ ၆
Credit- Khit Thit
=============
UNICODE