အပ်နှံ​တဲ့ငွေသားတွေအားလုံး အကန့်အသတ်မရှိ ရက်ချိန်းမလို ပြန်လည်ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ် ကြေညာ

News

အပ်နှံတဲ့ငွေသားတွေအားလုံး အကန့်အသတ်မရှိ ရက်ချိန်းမလို ပြန်လည်ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ် ကြေညာ

အကုန်သိသတင်း

အပ်ငွေစာရင်းဟောင်း (စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ)တွေနဲ့ အပ်နှံထားတဲ့ ငွေသားအတိုင်း အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်ပြီလို့ KBZဘဏ်က ဒီနေ့ထုတ်ပြန်ပါတယ်။

ကမ္ဘောဇဘဏ်သုံးစွဲသူ Customer တွေ အနေနဲ့ အရင်ဖွင့်လှစ်ထားတဲ့ အပ်ငွေစာရင်း (စာရင်းရှင်အပ်ငွေ၊ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ)ဟောင်းတွေထဲနဲ့

အသစ်ထပ်မံ အပ်နှံထည့်သွင်းတဲ့ ငွေသားတွေကိုလည်း ထည့်သွင်းတဲ့ ပမာဏအတိုင်း ကန့်သတ်ချက်မရှိ၊ ရက်ချိန်းယူမလိုဘဲ ငွေသားပြန်လည်ထုတ်ယူနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသေးစိတ်သိရှိချင်ရင်တော့ KBZ Bank Call Center 09-951018555 ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

Crd- Akon Thi

============

UNICODE

အပ်ငွေစာရင်းဟောင်း (စာရင်းရှင်အပ်ငွေ​၊ ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ)တွေနဲ့ အပ်နှံထားတဲ့ ငွေသားအတိုင်း အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်ပြီလို့ KBZဘဏ်က ဒီနေ့ထုတ်ပြန်ပါတယ်။

ကမ္ဘောဇဘဏ်သုံးစွဲသူ Customer တွေ အနေနဲ့ အရင်ဖွင့်လှစ်ထားတဲ့ အပ်ငွေစာရင်း (စာရင်းရှင်အပ်ငွေ​၊ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ)ဟောင်းတွေထဲနဲ့

အသစ်ထပ်မံ အပ်နှံထည့်သွင်းတဲ့ ငွေသားတွေကိုလည်း ထည့်သွင်းတဲ့ ပမာဏအတိုင်း ကန့်သတ်ချက်မရှိ၊ ရက်ချိန်းယူမလိုဘဲ ငွေသားပြန်လည်ထုတ်ယူနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသေးစိတ်သိရှိချင်ရင်တော့ KBZ Bank Call Center 09-951018555 ကို ဆက်သွယ်မေးမြန်းနိုင်​တယ်လို့လည်း ဆိုပါတယ်။

Crd- Akon Thi

Leave a Reply

Your email address will not be published.