အပင်ကို ခုတ်လည်းမျိုးစေ့တွေက ကမ္ဘာ အနှံ့ ရောက်သွားပီ

News













မဇင်မာအောင်ဟာ ၂၀၁၅ မတိုင်ခင်အထိ စရဖ ဝါဒဖြန့်ချီရေးကောင်တွေရဲ့ personal attack လုပ်တာအများဆုံးခံရတယ်

face book မှာ ခြိမ်းချောက်ခံရတာအများဆုံးအဲ့အချိန်က အိုဘားမားအစိုးရလက်ထက် ။

မကြာခနလည်း US သွားရတယ်၊ US က ဟီလာရီတို့ မီရှဲလ်အိုဘားမား တို့ ဓါတ်ပုံတွေတက်လာတော့ စစ်ခွေးတွေက Target လုပ်နေတာ

၂၀၁၆-၂၀၂၀ လွှတ်တော်ကာလမှာ အမတ်ဖြစ်တော့ စစ်ခွေးဝါဒဖြန့်ချီရေး က သူ့ကို သိပ်အာရုံမစိုက်နိုင်တော့ဘူး

ဖေ ၁ အာဏာသိမ်းတဲ့နေ့မှာ မအလဟာ အမတ်တွေကို မဖမ်းဘဲ အေးဆေးပါဆိုပီး အိမ်ပြန်ကြဆိုတဲ့ အမှားရဲ့ဒဏ်ကို တဆစ်ဆစ်ခံနေရပီ။

တပ်မတော်ကြီးက ဘာမှမလုပ်လို့ ကျေးဇူးတင်ပါတယ် အိမ်ကိုချောချောမောမောရောက်ပါပီလို့ပြောကြတဲ့ အမတ်တွေရှိသလို

တိုင်းပြည်အတွက် ငါတို့ လုပ်မှဖြစ်မယ်ဆိုပီး ဘဝနဲ့ အသက်ကိုရင်းနှီးပီး စတေးလိုက်တဲ့ အမတ်တွေလဲရှိပါတယ်။

အဲ့ထဲက လူ၂၀ လောက်ကို မဖမ်းပဲထားလိုက်ခဲ့တာဟာ မအလ ဘဝမှာ နောင်တအရဆုံးဖြစ်နေမှာပါ။

ခေါင်းဖြတ်ရင် ကိုယ်လှုပ်မရလို့ တွေးခဲ့တာကိုးNLD မှာ ခေါင်းဆောင်မရှိရင် အလကားပဲ လို့တွေးလိုက်တာ။

တကယ်က Generation Gap ကြောင့်နောက်လူတွေ‌ခြေစွမ်းမပြကြရသေးတာပါ။

အခုတော့ မအလ ရင်ထဲ ဆူးဝင်သွားတဲ့ မျှားဒဏ်ရာက သေးသေးလေးနဲ့ အဆိပ်ပြန့်လာတဲ့သဘောတွေ ဖြစ်လာခဲ့ပီ။

တဆစ်ဆစ်နဲ့ အတော်တော့ ဖီးလ်မှာပါ။

#crd_org

Leave a Reply

Your email address will not be published.