ချစ်ရတဲ့သမီးလေးရဲ့မင်္ဂလာပွဲကို မျက်မြင်ကိုယ်တွေ့မြင်နိုင်ရန်အတွက် …Seemore

News

<

သင့်ရဲ့မင်္ဂလာဆောင်တဲ့နေ့ဟာ သင့်အတွက် သင့်ဘ၀မှာအပျော်ဆုံးနေ့တွေထဲကတစ်ရက်နေဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဒီသတို့သမီးရဲ့မင်္ဂလာပွဲနေ့ဟာ စိတ်ခံစားချက်မျိုးစုံဖြင့် ဖြတ်သန်းခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရှိ ဦးနှောက်ကင်ဆာ

ရောဂါခံစားနေရတဲ့ သတို့သမီးရဲ့အဖေဖြစ်သူဟာ Herlyn Dumaguin အမည်ရှိသူချစ်ရတဲ့သမီးလေးရဲ့မင်္ဂလာဆောင်ပွဲတစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့တွေ့နိုင်ရန်အတွက် ဆေးရုံသွားဖို့ကို အတင်းငြင်းဆန်နေခဲ့ပါတယ်။

Facebook ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ ထို အဖေနှင့်သမီးစုံတွဲတို့ရဲ့ ကြေကွဲဖွယ်ရာဓာတ်ပုံတစ်ပုံများဟာ ထောင်နှင့်ချီတဲ့ netizen များစွာအား ခံစားချက်မျိုးစုံကို ပေးစွမ်းစေခဲ့ပါတယ်။Jessie Tesoro အမည်ရှိ Happy Smile Studio ဓာတ်ပုံပုံနှိပ်ပိုင်ရှင်က သတို့သား Kris နှင့် သတို့သမီး

Herlyn Dumaguin တို့ရဲ့မင်္ဂလာပွဲရှိ ဖြစ်ပေါ်လာခဲ့တဲ့စိတ်ခံစားမှုကို လျှပ်တပြက်ရိုက်ယူခဲ့ပုံရပါတယ်။ “ ကျွန်တော်သိသလောက်တော့ သတို့သမီးရဲ့အဖေက ဦးနှောက်ကင်ဆာအဆင့် ၄ အထိရှိနေတယ်၊ မင်္ဂလာပွဲမတိုင်ခင်တစ်ရက်မှာ အဖေဖြစ်သူ

က သတို့သမီးနဲ့ ခန်းမထဲဝင်မဲ့လျှောက်လမ်းထက်မှာ အတူတူလျှေက်ရန် အလွန်စိတ်လှုပ်ရှားနေကြောင်း ရှင်းပြခဲ့ပေမယ့် ဝမ်းနည်းစွာနဲ့ဘဲ အဲဒီနေ့မှာ အဖေဖြစ်သူက ရောဂါအခြေအနေဆိုးရွားသွားခဲ့တယ် “ ဟု Jessie က ပြန်လည်မျှဝေထားခဲ့ပါတယ်။

ထို့နောက် သတို့သမီးက ခန်းမလျှောက်လမ်းသို့မလျှောက်ခင်မှာ သူမဟာ ဘုရားကျောင်းရှေ့မှာရပ်ထားခဲ့တဲ့ကားပေါ်ရှိတဲ့အဖေဖြစ်သူကို သွားတွေ့ခဲ့ပြီး သူ့အဖေအား နမ်းရှိုက်ကာ ” Pa, သမီး အခုလက်ထပ်ရတော့မယ်၊ ဟုတ်တယ်မလား” လို့ သတို့သမီး

က မျက်ရည်များနဲ့ ပြောကြားနေခဲ့ပါတယ်။ ဖခင်ဖြစ်သူက မင်္ဂလာပွဲမှာ သမီးဖြစ်သူနှင့်ကပြဖျော်ဖြေရမည်လို့ တွေးထင်နေခဲ့ပေမဲ့လည်း ရောဂါအခြေအနေဆိုးရွားလာတဲ့သူ့အစား သတို့သမီးရဲ့အမေဖြစ်သူကသာ သူ့သမီးနှင့်အတူ ခန်းမထဲသို့ လျှောက်လှမ်းပေးခဲ့ရပါတယ်။

ထို့နောက် ဖခင်ဖြစ်သူအား ဆေးရုံသို့အလျင်အမြန်ပို့ခဲ့ကြရပါတယ်။ ဒီခက်ခဲတဲ့အချိန်မှာ သတို့သမီးနှင့် သူ့မိသားစုဝင်များလည်း စိတ်ဓာတ်ခိုင်မြဲနေပါစေလို့ မျှော်လင့်မိပါတယ်။

Credit

Leave a Reply

Your email address will not be published.