Unicode
မုတ်သုတ်လေ အားအလွန်ကောင်း မိုးကြီးရေလျှံ ရေလှိုင်းအန္တရာယ် သတိပြုရန်
မေလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မုတ်သုန်လေအားအလွန်ကောင်းနိုင်တဲ့အတွက် မိုးကြီးရေလျှံ သတိပြုရမည့်ဒေသတွေအတွက် မိုးလေဝသဆရာမလေး စုစုစံက ကြိုတင်အသိပေးထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။




ထုတ်ပြန်ချက်မှာ ”မုတ်သုန်လေဦး မုတ္တမပင်လယ်ကွေ့ကို မုတ်သုန်လေဦးတိုးဝင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။မေလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မုတ်သုန်လေအားအလွန်ကောင်းနိုင်ပါတယ်။
မေလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာမိုးများစွာရွာသွန်းနိုင်ပြီး




မေလ ၂၁ ရက်နေ့ ၂၂ ရက်နေ့ ၂၃ ရက်နေ့တွေမှာ မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာ မိုးအလွန်ကြီးနိုင်သဖြင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားကြပါ




မေလ ၂၁ ရက် ၂၂ ရက်နေ့များတွင် ကရင်ပြည်နယ် ကျုံဒိုး ၊နဘူး၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း ၊ကော့ဘိန်း ၊ထီလုံ၊ဆုံဆည်းမြိုင် မြိုင်ကြီးငူ ဝေါလေ၊ရှမ်းရွာသစ် ၊ကမမောင်း၊ ပိုင်ကျူံ ဘားအံ လှိုင်းဘွဲ့ ဖာပွန်ဒေသ ကော့ကရိတ် မြဝတီ ဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ်
၂၀၂၂ မေလ ၂၀ ရက်နေ့တွင် သံတွဲမြို့နှင့် ငပလီကမ်းခြေကို လေဖိအားနည်းလေဝဲဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။ သံတွဲ ငပလီ ကျိန္တလိ ချောင်းသာ ငွေဆောင် ငရုတ်ကောင်း ဂေါ်ရင်ဂျီကျွန်း မော်တင် ဟိုင်းကြီး လပွတ္တာ ငပုတော




ပုသိမ် အိမ်မဲ မြောင်းမြ ကန်ကြီးထောင့် ကျောင်းကုန်း ရေကြည် အသုတ် ငသိုင်းချောင်း အိုင်သပြု လေးမျက်နှာ ထိန်ငူ မြို့ကွင်း ကွင်းကောက် အင်္ဂပူ ဘက်ရဲ မမြဆည် ကညင်ဆည် နန်ကသူဆည် မိုးများစွာရွာသွန်းနိုင်ပါတယ်။ ရေကြီးရေလျှံသတိပြုပါ
ရေလှိုင်းအန္တရာယ်သတိပြုရမယ့်ဒေသတွေကတော့ မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မော်တင် ဟိုင်းကြီး ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်းပင်လယ်ကွေ့ ငွေဆောင် ချောင်းသာ ဂွ ပင်လယ်ကမ်းခြေဒေသတွေမှာ ရေလှိုင်းအမြင့် ၁၂ပေ မှ ၁၆ပေအထိရှိနိုင်ပြီး




မိုးသက်လေပြင်းကြရောက်စဥ် တစ်နာရီ မိုင်၃၀မှ ၄၅မိုင်အထိတိုက်ခတ်နိုင်ပါတယ် ပင်လယ်အတွင်းလှေသင်္ဘောများသွားလာခြင်းမပြုလုပ်သင့်ပါဘူး ငွေဆောင် ချောင်းသာ ဂေါ်ရင်ဂျီကျွန်း တွေကို အပန်းဖြေခရီးထွက်ခြင်းမလုပ်သင့်ပါ”ဆိုပြီး သတိပေးနှိုးဆော်ထားပါတယ်။




Zawgyi




















crd