၄ နှစ်အရွယ် ကလေးတစ်ယောက်ကို လူမဆန်အောင် ရိုက်နှက်ခဲ့တဲ့ မူကြိုကျောင်းတစ်ခုအား ဖော်ပြလိုက်တဲ့ မိခင်တစ်ဦ

News

>

၄ နှစ်အရွယ် ကလေးတစ်ယောက်ကို လူမဆန်အောင် ရိုက်နှက်ခဲ့တဲ့ မူကြိုကျောင်းတစ်ခုအား ဖော်ပြလိုက်တဲ့ မိခင်တစ်ဦ

ကော့သောင်းမြို့ ဗိုလ်ချုပ်လမ်းအလင်းရောင် ကိုယ်ပိုင် အလယ်တန်းကျောင်းက ကျွန်မသားလေးကို ရိုက်တာတဲ့ ကြည့်ကြပါအုံး


စကားသိပ်မပြောတတ်သေးလို ကလေးအများနဲ့ထားရင် စကာလေးများ ပြောလာမလားဆိုပြီး

မူကြိုပို့လိုက်တာ အသက်မပြည့်‌သေးတဲ့ ကလေးကို ရိုက်တာ အဲ့ကိုယ်ပိုင်ကျောင်းက


ကျောင်းအုပ်ကိုယ်တိုင်က ကလေးငိုလို့ တံမြက်စည်းနဲ့ရိုက်တာတဲ့ ကျွန်မ သားလေးက

ခုမှ ၄ နှစ်နဲ့ ၂ လပဲရှိသေးတာပါ အဲ့လိုရိုက်စလား အလင်းရောင် ကိုယ်ပိုင်ကျောင်းက


ဆရာနဲ့ ဆရာမတွေရယ် ရှင်တို့မှာကိုယ်ချင်းစာတရား လူ့အသိစိတ်မရှိတော့ဘူးလား

ကလေးက တအားငိုရင် ဖုန်းဆက်လိုက်ပါလို့ အတန်တန်မှာထားရဲ့နဲ့ ဘယ်လိုတောင်


ရိုက်လိုက်ကြတာ ခု ကျွန်မသားကို ရိုက်တဲ့ဆရာနဲ့ ဆရာမတွေကို ကျွန်မတရားစွဲမှာပါ

ကျွန်မ ရဲစခန်းရော ဆေးရုံမှာရော စစ်ဆေးချက်ယူပြီး ပါပြီ

ဗိုလ်ချုပ်လမ်း 1 မိုင် ဗီဇာရုံးအနီး ကော့သောင်းမြို့အလင်းရောင် ကိုယ်ပိုင်အလယ်တန်းကျောင်းက

ကျောင်းအုပ်ဆရာနဲ့ ဆရာမတွေရေ ငါ့သားကိုဘယ်လိုတွေတောင် ရိုက်လိုက်ကြတာလဲ


ကလေးရဲ့အသားကိုရော စိတ်ကိုရော ဒဏ်ရာတွေပေးလိုက်တာ ခု ငါ့သားလေး ကိုယ်တွေပူပြီး

ဖျားတောင် ဖျားနေပါပြီ ကလေးက သူ့ကိုရိုက်ထားတာ သတိရတိုင်း ငို အိမ်က အဖွား


သူ့ဘကြီး သူ့အဒေါ်တွေ ခေါ်တာတောင် အတင်းရုန်းပြီး ငိုနေပြီငါ့သားလေး

စိတ်ဒဏ်ရာ တော်တော်ရသွားပြီ ငါ့သားလေးကို တနေကုန်ဘယ်လောက်ထိ ရိုက်ထားကြတာလဲ


ဟယ်ငါ့သားကို အဲ့လိုဖြစ်အောင်လုပ်ထားတဲ့ နင်တို့တွေ တရားရုံးကနေပဲပြောတော့မယ်။

Credit

Leave a Reply

Your email address will not be published.