လူလည်ခေါင်မှာ လင်ပစ်မ၊ ကလေးအမေဆိုပြီး ကဲ့ရဲ့ နှိမ်ချ ပြောဆိုတာ ခံရကြောင်း မျက်ရည်တွေနဲ့ ပြောပြလာတဲ့ မေနွယ်ထွန်း

Cele News

Unicode

သရုပ်‌ဆောင် မေနွယ်ထွန်း ဟာ MNTV ကထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အိမ်မက်များမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ Single Mother တွေဆိုတာ ကဲ့ရဲ့စရာ၊နှိမ်စရာလူတန်းစားတွေ မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်နော်။

သူမကိုယ်တိုင် Single Mom ဖြစ်ပြီး ၁၁ နှစ်အရွယ် သားလေးတစ်ယောက်ကို မျက်နှာမငယ်အောင် စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ တစ်ဦးတည်းသောသားလေး အတွက်ပဲ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး စိတ်ဓာတ်ကိုလဲ ခိုင်မာအောင် ထားပါတယ်တဲ့။

ကလေးက မိစုံဖစုံမရှိတော့ အားငယ်မယ်ထင်ထားပေမယ့် ကျောင်းဆင်းပွဲမှာဆို အခြားကလေးတွေက မိဘတေနဲ့ပျော်နေချိန် ဓာတ်ပုံတွေရိုက်နေကြချိန်မှာ ကလေးဟာမျက်နှာတောင်မပျက်ဖူး။ မိခင်ကအရမ်း Strong ဖြစ်အောင်နေတော့ သားလေးကလဲ Smart ဖြစ်တယ်၊

ဒါကြောင့် သူ့ရှေ့မှာတော့ မငိုဖူး ဒါပေမယ့် ကလေးအတွက် မိစုံဖစုံပွဲမတတ်နိုင်တာတော့ စိတ်မကောင်းတော့ ဖြစ်တယ်။သရုပ်ဆောင် မေနွယ်ထွန်း ဟာ သူ့မရဲ့ ဘဝကိုကွယ်ဝိုက်ထားတာ ဘာမှမရှိပါဘူးတဲ့။ သူမဟာ ၂၂နှစ်မှာ အိမ်ထောင်ကျတယ်၊သဘော ထားမတိုက်ဆိုင်လို့သာ ကွဲသွားတာပါ။

သားကိုတော့ အဖေနဲ့တွေ့ခွင့်ပေးထားတယ်၊သူ့အဖေကလဲ ထောက်ပံ့ပေးပါတယ်။ အချို့တွေကပြောတယ် သရုပ်ဆောင်လုပ်တာကို ” နင့်ပုံစံနဲ့များရိုက်ချင်နေသေးတယ် ကလေးအမေကြီးကို ဘယ်သူကများခေါ်ရိုက်တာလဲ” ဆိုပြီး စော်ကားကြတယ်။။

အရင်ဘဝက သူများအသိုက်အမြုံကို ခွဲမိလို့ ဝဋ်ကြွေးရှိလို့ ဒီဘဝမှာဆပ်ရတာလို့ပဲ ဖြေလိုက်ပါတယ်။ လူတွေက လင်ပစ်မ၊ယောက်ကျားနဲ့ကွဲနေတာ၊ကလေးအမေဆိုပြီး နှိမ်ကြတယ်။ အင်တာဗျူးတွေမှာတော့ မငိုဖူးအချို့က မျက်ရည်ချူတယ်ပြောမှာစိုးလို့။

သရုပ်ဆောင် မေနွယ်ထွန်း ရဲ့ သားလေးဟာ အရမ်းသိတတ်လွန်းပြီး လိမ္မာပါတယ်တဲ့။ သားလေးကတော့ မိခင်ဖြစ်သူ အနုပညာရှင်ဖြစ် တာကို အရမ်းဂုဏ်ယူတာပါ။ ဇာတ်ကားတစ်ကားရဲ့ ဘယ်နေရာကပဲပါပါ သားကအရမ်းပျော်တာတဲ့။

အိမ်မက်တွေနဲ့မိုးထားတဲ့အိမ် ဇာတ်ကား တီဗီမှာလာတော့ ကလေးကကြည့်ပြီး ပျော်လွန်းလို့ ငိုတယ်။ ကလေးကို ကျောင်းကြီးကြီးမှာထားချင်တယ် အင်္ဂလိပ်စာလဲအရမ်းကောင်းတယ်။သရုပ်ဆောင် မေနွယ်ထွန်း ဟာ Single Mom တွေဆိုတာ နှိမ်စရာမဟုတ်ဖူး ဒီလိုဘဝကို ဘယ်ရောက်ချင်ပါ့မလဲ

ပြီးတော့ စော်ကားခံရမဲ့ အတန်းအစားထဲက အမျိုးသမီးတွေလဲမဟုတ်ပါဘူး။ ယောက်ကျားတွေမပြောနဲ့ မိန်းမသားချင်းတောင် ရှုပ်ချတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်၊အချို့တွေဆို စကားနဲ့ရိုင်းစိုင်းကြတယ်။ မချီးကျူးရင်နေ မကဲ့ရဲ့ပါနဲ့ သိကြားသာသနာဆိုတော့ သူများကွဲတာကို ပြောရင် ချက်ချင်းဝဋ်လည်တတ်တယ်။

Single Mom တွေကိုပြောချင်တာကတော့ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ ပုံမှန်လေးကြိုးစားပြီး ရပ်တည်ကြပါ၊အားငယ်နေရင် ထွက်ပေါက်မရှာပါနဲ့ လူကောင်းကိုသေချာရွေးပါ သားသမီးအတွက်ကြည့်ပါလို့ ပြောချင်ပါတယ်။ လက်ရှိမှာ သူမမှာ ချစ်သူရှိတယ် သူကမားမား မတ်မတ်ရပ်တည်ပေးပါတယ်။ ဒါကြောင့် ဘယ်သူကမှ မစော်ကားရဲဖူး။

Zawgyi

သ႐ုပ္‌ေဆာင္ ေမႏြယ္ထြန္း ဟာ MNTV ကထုတ္လႊင့္ျပသတဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ အိမ္မက္မ်ားမိုးထားတဲ့အိမ္ ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး နာမည္ႀကီးလူသိမ်ားလာခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ Single Mother ေတြဆိုတာ ကဲ့ရဲ႕စရာ၊ႏွိမ္စရာလူတန္းစားေတြ မဟုတ္ပါဘူးလို႔ ေျပာလိုက္ပါတယ္ေနာ္။

သူမကိုယ္တိုင္ Single Mom ျဖစ္ၿပီး ၁၁ ႏွစ္အ႐ြယ္ သားေလးတစ္ေယာက္ကို မ်က္ႏွာမငယ္ေအာင္ ေစာက္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ တစ္ဦးတည္းေသာသားေလး အတြက္ပဲ အလုပ္ေတြကိုႀကိဳးစားလုပ္ကိုင္ေနတာျဖစ္ၿပီး စိတ္ဓာတ္ကိုလဲ ခိုင္မာေအာင္ ထားပါတယ္တဲ့။

ကေလးက မိစုံဖစုံမရွိေတာ့ အားငယ္မယ္ထင္ထားေပမယ့္ ေက်ာင္းဆင္းပြဲမွာဆို အျခားကေလးေတြက မိဘေတနဲ႔ေပ်ာ္ေနခ်ိန္ ဓာတ္ပုံေတြ႐ိုက္ေနၾကခ်ိန္မွာ ကေလးဟာမ်က္ႏွာေတာင္မပ်က္ဖူး။ မိခင္ကအရမ္း Strong ျဖစ္ေအာင္ေနေတာ့ သားေလးကလဲ Smart ျဖစ္တယ္၊

ဒါေၾကာင့္ သူ႔ေရွ႕မွာေတာ့ မငိုဖူး ဒါေပမယ့္ ကေလးအတြက္ မိစုံဖစုံပြဲမတတ္ႏိုင္တာေတာ့ စိတ္မေကာင္းေတာ့ ျဖစ္တယ္။သ႐ုပ္ေဆာင္ ေမႏြယ္ထြန္း ဟာ သူ႔မရဲ႕ ဘဝကိုကြယ္ဝိုက္ထားတာ ဘာမွမရွိပါဘူးတဲ့။ သူမဟာ ၂၂ႏွစ္မွာ အိမ္ေထာင္က်တယ္၊သေဘာ ထားမတိုက္ဆိုင္လို႔သာ ကြဲသြားတာပါ။

သားကိုေတာ့ အေဖနဲ႔ေတြ႕ခြင့္ေပးထားတယ္၊သူ႔အေဖကလဲ ေထာက္ပံ့ေပးပါတယ္။ အခ်ိဳ႕ေတြကေျပာတယ္ သ႐ုပ္ေဆာင္လုပ္တာကို ” နင့္ပုံစံနဲ႔မ်ား႐ိုက္ခ်င္ေနေသးတယ္ ကေလးအေမႀကီးကို ဘယ္သူကမ်ားေခၚ႐ိုက္တာလဲ” ဆိုၿပီး ေစာ္ကားၾကတယ္။။

အရင္ဘဝက သူမ်ားအသိုက္အၿမဳံကို ခြဲမိလို႔ ဝဋ္ေႂကြးရွိလို႔ ဒီဘဝမွာဆပ္ရတာလို႔ပဲ ေျဖလိုက္ပါတယ္။ လူေတြက လင္ပစ္မ၊ေယာက္က်ားနဲ႔ကြဲေနတာ၊ကေလးအေမဆိုၿပီး ႏွိမ္ၾကတယ္။ အင္တာဗ်ဴးေတြမွာေတာ့ မငိုဖူးအခ်ိဳ႕က မ်က္ရည္ခ်ဴတယ္ေျပာမွာစိုးလို႔။

သ႐ုပ္ေဆာင္ ေမႏြယ္ထြန္း ရဲ႕ သားေလးဟာ အရမ္းသိတတ္လြန္းၿပီး လိမၼာပါတယ္တဲ့။ သားေလးကေတာ့ မိခင္ျဖစ္သူ အႏုပညာရွင္ျဖစ္ တာကို အရမ္းဂုဏ္ယူတာပါ။ ဇာတ္ကားတစ္ကားရဲ႕ ဘယ္ေနရာကပဲပါပါ သားကအရမ္းေပ်ာ္တာတဲ့။

အိမ္မက္ေတြနဲ႔မိုးထားတဲ့အိမ္ ဇာတ္ကား တီဗီမွာလာေတာ့ ကေလးကၾကည့္ၿပီး ေပ်ာ္လြန္းလို႔ ငိုတယ္။ ကေလးကို ေက်ာင္းႀကီးႀကီးမွာထားခ်င္တယ္ အဂၤလိပ္စာလဲအရမ္းေကာင္းတယ္။သ႐ုပ္ေဆာင္ ေမႏြယ္ထြန္း ဟာ Single Mom ေတြဆိုတာ ႏွိမ္စရာမဟုတ္ဖူး ဒီလိုဘဝကို ဘယ္ေရာက္ခ်င္ပါ့မလဲ

ၿပီးေတာ့ ေစာ္ကားခံရမဲ့ အတန္းအစားထဲက အမ်ိဳးသမီးေတြလဲမဟုတ္ပါဘူး။ ေယာက္က်ားေတြမေျပာနဲ႔ မိန္းမသားခ်င္းေတာင္ ရႈပ္ခ်တဲ့အၾကည့္ေတြနဲ႔ ၾကည့္ၾကတယ္၊အခ်ိဳ႕ေတြဆို စကားနဲ႔႐ိုင္းစိုင္းၾကတယ္။ မခ်ီးက်ဴးရင္ေန မကဲ့ရဲ႕ပါနဲ႔ သိၾကားသာသနာဆိုေတာ့ သူမ်ားကြဲတာကို ေျပာရင္ ခ်က္ခ်င္းဝဋ္လည္တတ္တယ္။

Single Mom ေတြကိုေျပာခ်င္တာကေတာ့ လူတိုင္းမွာ အားနည္းခ်က္ရွိတယ္၊ ပုံမွန္ေလးႀကိဳးစားၿပီး ရပ္တည္ၾကပါ၊အားငယ္ေနရင္ ထြက္ေပါက္မရွာပါနဲ႔ လူေကာင္းကိုေသခ်ာေ႐ြးပါ သားသမီးအတြက္ၾကည့္ပါလို႔ ေျပာခ်င္ပါတယ္။ လက္ရွိမွာ သူမမွာ ခ်စ္သူရွိတယ္ သူကမားမား မတ္မတ္ရပ္တည္ေပးပါတယ္။ ဒါေၾကာင့္ ဘယ္သူကမွ မေစာ္ကားရဲဖူး။

Leave a Reply

Your email address will not be published.