တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးနှောက်သွေးကြောဖောင်းရောဂါ ကြောင့်…see more
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဦးနှောက်သွေးကြောဖောင်းရောဂါခံစားနေရပြီး ၂၀၂၁ ခုနှစ်အကုန်က ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။
ရှီသည် ခွဲစိတ်ကုသမှုထက် သွေးကြောများ ပျော့ပျောင်းကာ သွေးလွှတ်ကြောများကြီးမားနေခြင်းကို ကျုံ့သွားစေသည့်
တရုတ်တိုင်းရင်းဆေးဖြင့် ကုသရသည်ကို ပိုနှစ်သက်ခဲ့သည်။
ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲမတိုင်မီ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကတည်းက ရှီသည် ပြည်ပခေါင်းဆောင်များနှင့်
တွေ့ဆုံခြင်းကို ရှောင်ကြဉ်နေခဲ့သောကြောင့် မကြာသေးမီက ရှီ၏ကျန်းမာရေးအပေါ် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။
၂၀၁၉ ခုနှစ် မတ်လအစောပိုင်းက အီတလီခရီးစဉ်တွင် ရှီ၏ လမ်းလျှောက်ဟန်မှာ သိသိသာသာ အားလျော့နေခဲ့ပြီး
ထိုခရီးစဉ်နှင့်တစ်ဆက်တည်း ပြင်သစ်တွင်လည်း ထိုင်ရာတွင် အမှီကို အားပြုနေရကြောင်း တွေ့မြင်ခဲ့ရသည်။
အလားတူ ၂၀၂၀ ခနှစ် အောက်တိုဘာက ရှန်ကျန်းပြည်သူများအား မိန့်ခွန်းပြောရာတွင် သူ၏ လေးလံနေသော အသွင်အပြင်၊
အပြောအဆို လေးပင်နေမှုနှင့် အဆက်မပြတ်ချောင်းဆိုးနေမှုများက ကျန်းမာရေးအခြေအနေ မကောင်းကြောင်း ရိပ်စားမိစေသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယသမ္မတသက်တမ်းကို အလေးထားနေကာ နည်းပညာကုမ္ပဏီကြီးများကို ဒဏ်ခတ်သော
ဘုံသာယာဝပြောရေးအစီအစဉ်ကို ယာယီဆိုင်းငံ့ထားပြီး ဖိစီးမှုများစွာဖြင့် စီးပွားရေး တည်ငြိမ်စေရန် အလျင်စလိုလုပ်ဆောင်လျက်ရှိသည်။
ရှီသည် တတိယသမ္မတသက်တမ်းအတွက် ပြန်လည်အရွေးခံရန်ပြင်ဆင်နေချိန်တွင် တရုတ်နိုင်ငံကို ၎င်း၏အုပ်ချုပ်မှုအောက်တွင်
ပိုမိုသာယာဝပြောပြီး ဩဇာလွှမ်းမိုးမှုရှိကာ တည်ငြိမ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။
crd

Credit – Original Writer