Zawgyi
သိန္းေပါင္း(၂၀၀၀)လႉဒါန္းၿပီးတဲ့အျပင္ မရွိတဲ့ေနရာမ်ားစြာအတြက္ ထပ္ၿပီးလႉဒါန္းဦးမည္ဟု သိန္းတစ္ေသာင္းခြဲကံထူးရွင္ေျပာ




ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ယေန႕ ဖြင့္လွစ္သည့္ (၂၃) ႀကိမ္ေျမာက္ က်ပ္ (၁၀၀၀) တန္ ေအာင္ဘာေလ သိန္းဆုဖြင့္ပြဲတြင္ သိန္းတစ္ေသာင္းဆုမဲသည္ (ကဂ- ၄၀၆၁၀၄)နံပါတ္ျဖင့္ထြက္ရွိခဲ့ပါသည္။




ယင္းဆုကိုမႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္မွ ထြက္ေပၚလာခဲ့ျခင္းျဖစ္ၿပီး ကံထူးရွင္သည္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၄၈x၄၉ လမ္းၾကား၊ ဇီးအုပ္ကြက္သစ္တြင္ ေနထိုင္သူမဝင္းဝင္းအိကဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။




ေမြးခ်င္းငါးေယာက္အနက္အႀကီးဆုံးျဖစ္သည့္ သူမအေနျဖင့္ ၅၆ လမ္း ေအာင္ပင္လယ္ေဈးတြင္ သားငါးေရာင္းခ်ျခင္းျဖင့္ မိသားစု၏ တာဝန္ကို ေျဖရွင္းေနရသလို လက္ရွိေနထိုင္သည့္ ေနရာမွာလည္း က်ဴးေက်ာ္သေဘာမ်ိဳး ငွားရမ္းေနထိုင္ ရေၾကာင္းလည္း သိရသည္။




“ညီမထီထိုးတာကေတာ့အသက္ ၁၉ ႏွစ္အ႐ြယ္ထဲကပါ။ တစ္ခါမွမေပါက္ဖူးပါဘူး။ အခုပထမဆုံး ေပါက္တာက က်ပ္သိန္းတစ္ေသာင္းခြဲ ျဖစ္ေနေတာ့ ခုထိမယုံနိုင္ေသးဘူး။




ညီမက အခုေနတာကက်ဴးသေဘာမ်ိဳးဆိုေတာ့ေနတဲ့ေနရာက စရိုက္နည္းနည္းၾကမ္းတယ္။ အရင္က မိသားစုက အိမ္ပိုင္ပါ။ ေငြလိမ္ခံရၿပီး အေႂကြးေတြတင္သြားေတာ့ ခုလိုအိမ္ငွားဘဝ ေရာက္သြားတာပါ။ အေဖကေနာက္အိမ္ေထာင္ ျပဳသြားၿပီးတဲ့ေနာက္ အေမနဲ႕တူတူ ေဈးေရာင္းရင္းပဲ ေနေနတာပါ။ ေက်ာင္းကလည္း အေမက ဆက္ထားေပမယ့္ ၇ တန္းထဲက ထြက္လိုက္တာပါ’’




သိန္းေပါင္း(၂၀၀၀)လႉဒါန္းၿပီးတဲ့အျပင္ မရွိတဲ့ေနရာမ်ားစြာအတြက္ ထပ္ၿပီးလႉဒါန္းဦးမည္ “”ဟု သူမ၏ လက္ရွိဘဝနဲ႕ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။
အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႕ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။
Source ဇြဲထက္ ေ႐ႊဆိုင္
Unicode
သိန်းပေါင်း(၂၀၀၀)လှူဒါန်းပြီးတဲ့အပြင် မရှိတဲ့နေရာများစွာအတွက် ထပ်ပြီးလှူဒါန်းဦးမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်ပြော




ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်းတစ်သောင်းဆုမဲသည် (ကဂ- ၄၀၆၁၀၄)နံပါတ်ဖြင့်ထွက်ရှိခဲ့ပါသည်။




ယင်းဆုကိုမန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူမဝင်းဝင်းအိကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။




မွေးချင်းငါးယောက်အနက်အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။




“ညီမထီထိုးတာကတော့အသက် ၁၉ နှစ်အရွယ်ထဲကပါ။ တစ်ခါမှမပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံနိုင်သေးဘူး။




ညီမက အခုနေတာကကျူးသဘောမျိုးဆိုတော့နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ်ပိုင်ပါ။ ငွေလိမ်ခံရပြီး အကြွေးတွေတင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွားတာပါ။ အဖေကနောက်အိမ်ထောင် ပြုသွားပြီးတဲ့နောက် အမေနဲ့တူတူ ဈေးရောင်းရင်းပဲ နေနေတာပါ။ ကျောင်းကလည်း အမေက ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’




သိန်းပေါင်း(၂၀၀၀)လှူဒါန်းပြီးတဲ့အပြင် မရှိတဲ့နေရာများစွာအတွက် ထပ်ပြီးလှူဒါန်းဦးမည် “”ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။




အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
Source ဇွဲထက် ရွှေဆိုင်
Crd.