ရှေ့နေနဲ့ မိသားစုကိုယ်တိုင် အတည်ပြု ထုတ်ပြောလာတဲ့ ပိုပိုနဲ့ရဲတိုက် ကျန်ခဲ့ရတဲ့ အကြောင်းအရင်းအမှန် Cele News

Cele News

ရှေ့နေနဲ့ မိသားစုကိုယ်တိုင် အတည်ပြု ထုတ်ပြောလာတဲ့ ပိုပိုနဲ့ရဲတိုက် ကျန်ခဲ့ရတဲ့ အကြောင်းအရင်းအမှန်

မဂ်လာပါ ပရိတ်သတ်ကြီးရေ

ရှေ့နေကိုယ်တိုင် အတည်ပြုထုတ်ပြောလာတဲ့ ပိုပိုနဲ့ရဲတိုက် ဘာကြောင့် ကျန်ခဲ့ရသလဲဆိုတဲ့နောက်ကွယ်က အကြောင်းအရင်းအမှန်

သရုပ်ဆောင် ရဲတိုက်က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်ချင်သောကြောင့် ကျန်ရှိနေသော ၎င်းအမှုကို အမြန်စစ်ဆေးပေးရန်

တရားခွင်အတွင်း တောင်းဆိုကြောင်း အင်းစိန်ထောင်တွင်း သတင်းရင်းမြစ်နဲ့ ရှေ့နေတစ်ဦးက ယနေ့ ပြော ပြ ပါသည်။

သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ယမန်နေ့ မတ်လ ၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့စဉ်

၎င်းက တရားသူကြီးထံ ယင်းသို့ လျှောက်လဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မနေ့က အမှုကို မြန်မြန်စစ်ပေးဖို့ ပြောပါတယ်။ သူများတွေ လွတ်မယ်ဆိုတဲ့ သတင်းလည်း သူထောင်ထဲမှာ ကြားနေမှာပေါ့။

အခု မူးယစ်ဆေးပုဒ်မ အတွက် လိုပြ သက်သေ သုံးယောက် ကျန်တာ တစ်ယောက်မှ မလာဘူး။

သူ့ကို ဖမ်းစဉ်တုန်းက ရဲတပ်ကြပ်ကြီး တစ်ယောက်ကလည်း နေပြည်တော် လုံခြုံရေး သွားနေတယ်တဲ့ ။

အဓိက သက်သေဖြစ်တဲ့ အမှုစစ် ရဲအရာရှိ ကလည်း မလာဘူး။

မလာနိုင်ရင်တော့ အမှုတိုး တက်မြန်ဆန်မှု ရှိအောင် တစ်ခုခု လုပ်ရမှာပဲ”ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် သက်သေထွက်ဆိုမည့် စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးမှာလည်း မလာရောက် နိုင်သဖြင့် ဥပဒေ အရာရှိက သက်သေစာရင်းမှ ပယ်ချခဲ့သည်။

ရဲတိုက်အနေဖြင့် စစ်အာဏာ သိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့်

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် ခံထားရသည်။

ယင်းအပြင် ရဲတိုက်ကို ဖမ်းဆီးချိန်တွင် ၎င်း၏ ပြောက်ကျား လွယ်အိတ်အတွင်း

စိတ်ကြွ မူးယစ်ဆေးဝါး ၁၁ ပြားနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်ဟု ဆိုကာ ၁၆ (ဂ) ဖြင့် ထပ်မံ တရားစွဲဆို ခံထားရခြင်းလည်း ဖြစ်သည်။

ယင်းအပေါ် ရဲတိုက်က ၎င်း၏ ပစ္စည်းများ မဟုတ်ကြောင်းနှင့် ဖမ်းဆီးခံရချိန်တွင်

ပြောက်ကျားလွယ်အိတ် လွယ်ထားခြင်း မရှိဟု ငြင်းဆိုထားသည်။

ယနေ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့၌ အများပြည်သူ မထင်မှတ်ထားသည့် အချိန်တွင်

စကစ က ရုပ်ရှင် သရုပ်ဆောင်အချို့ကို ခံဝန်ဖြင့် လွှတ်ပေးခဲ့သည့်အပြင် ထောင်ဒဏ် လျော့ပေါ့ ခံစားခွင့်များ ပေးခဲ့သည်။

အဆိုတော်ပိုပို ဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီ က ချ မှတ် ထားပြီး

ဘာကြောင့်ကျန်ခဲ့တယ်ဆိုတဲ့ တစ်စုံတစ်ဖြေရှင်းချက် မရှိသေးပေမယ့်

“ပိုပိုက အထဲမှာတော့ နေကောင်း ကျန်းမာတယ်။ သူအမြန်ဆုံး အိမ်ပြန်ချင်နေပြီ။ ပရိသတ်တွေကိုလည်း သူလွမ်းတယ်။

သူ့အိမ်ကိုလည်း သူလွမ်းတယ်။ အမြန် (အိမ်) ပြန်ချင်နေတယ်” ဟု ပိုပို၏ မိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။

၎င်းက ဆက်၍ “ခံစားရတာပေါ့။ ညီမတို့က အနီးကပ်နေခဲ့သူဆိုတော့ ပိုဆိုးတာပေါ့။

သူက အရမ်းအားငယ်တတ်တဲ့သူ ဆိုတော့ တခုခုဆို ငိုနေမှာပဲလို့ စိုးရိမ်မိတယ်။

အမြန်တော့ လွတ်စေချင်မိတယ်” ဟု ပြောသည်။

သိပ်မကြာခင် မှာ သတင်းကောင်း ထပ်ကြားရဖို့ရှိတယ် လို့လည်း သိရပါတယ်

သရုပ်ဆောင် ရဲတိုက် ကတော့ အပေါ်မှာပြောထားသလို နောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံ ရင်ဆိုင် နေရတာ ဖြ စ် ပါ တယ် နော် ။

crd

Leave a Reply

Your email address will not be published.