တော်လှန်ရေး အောင်မြင်ရန်အတွက် နောက်ထပ်ဘဏ္ဍာရေးအစီအစဥ်များရှိကြောင်း ကိုမင်းကိုနိုင်ပြော
RNA_မတ်၉၊၂၀၂၂ခုနှစ်။




တော်လှန်ရေးအနိုင်အရှုံးသည် ဘဏ္ဍာရေးပေါ် မူတည်နေသည့်အတွက် အရေးကြီးဆုံး ပစ္စည်းများဝယ်ယူနိုင်ရေး ရင်ဆိုင်နိုင်ရန်အတွက် နောက်ထပ် ဘဏ္ဍာရေးအစီအစဥ်များရှိကြောင်း ကိုမင်းကိုနိုင်က ပြောကြားထားသည်။





ဘဏ္ဍာရေးကိစ္စသည် လူထုချွေးနည်းစာကို အမြဲမှီခိုနေရသည့်စနစ်မဖြစ်အောင် ကြိုးစားမယ်ါအစီအစဉ်များရှိကြောင်း၊ ပြည်သူများ ကလစ်နေသည်မှာ ထိရောက်နေကြောင်း၊ ယူကရိန်းပြည်သူများနှင့်အတူ မြန်မာပြည်သူများ ရပ်တည်ပေးနေသည်မှာ ကမ္ဘာသိဖြစ်ကြောင်း စသဖြင့် ယနေ့ NUG ၏ PVTV မှ တော်လှန်ရေးလက်ရှိအခြေအနေနှင့် ရှေ့အလားအလာ သတင်းစကား အစီအစဉ်မှာ ပြောကြားထားခြင်းဖြစ်သည်။




” ကျွန်တော်တို့ တော်လှန်ရေးရဲ့ အနိုင်အရှုံးဟာ ဘဏ္ဍာ ရေးပေါ်များစွာမူတည်နေတယ်၊ ကောင်းပြီ အဲဘဏ္ဍာရေးအတွက် နောက်ထပ်အစီအစဉ်တွေ ရှိတယ်၊ အရေးကြီးဆုံးဟာတွေ ဝယ်နိုင်ဖို့ ကိုင်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့အတွက်ကြောင့် ဘဏ္ဍာရေး နောက်ထပ်အစီအစဉ်တွေရှိတယ် အဲဒီအစီအစဉ်တွေကြေညာဖို့ ရှိတယ် ပြောရရင်ဗျာ လိုရင်းပြောရရင်တော့




ပြည်သူလူထုရဲ့ ချွေးနည်းစာတခုတည်းကို မှီခိုရတဲ့ စနစ်မျိုး မဖြစ်အောင်လို့ ဒီထက် ပိုပြီးတော့ အားကောင်းမောင်းသန် ငွေလုံးငွေရင်းနဲ့ ကျွန်တော်တို့ လိုအပ်တဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားမယ့် အစီအစဉ်တွေရှိတယ် အဲဒီကြရင် ဝိုင်းပြီးတော့ ကမ္ဘာပြည်သူတွေနဲ့မိတ်ဆက်ပေးပြီး အဲကျရင် ပေါ်လာလိမ့်မယ်။ လိုအပ်တဲ့သူတွေက ဝိုင်းအားပေးနိုင်အောင်ပေါ့” ဟု ကိုမင်းကိုနိုင်က ထည့်သွင်းပြောကြားခဲ့သည်။




စစ်တပ်အာဏာသိမ်းပြီး လူထုဆန္ဒပြပွဲများနှင့် NLD အစိုးရအဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPHက ရွေးချယ်တင်မြှောက်ထားသည့် NUG အစိုးရသည့် နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲမည်ဟုဆိုကာ စစ်ပွဲဆင်နွှဲရန် လုပ်ဆောင်သည့်အခန်းကဏ္ဍကနေပြီး




ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်လုံထောက်မှုမရှိ၊ ထောက်ပံ့မှု အားနည်းနေသည့်အတွက် ဝေဖန်ခံနေရကြောင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာန လပ်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်က တူမီး၊ လက်လုပ်တလုံးထိုးသေနတ်၊ လက်လုပ်မိုင်း စသည်တို့ဖြင့်တိုက်ခိုက်နေကြရခြင်း ဖြစ်ကြောင်းသိရသည်။





ပ.က.ဖ၊PDFနှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တပ်ဖွဲ့တို့၏ လပ်နက်မပြည့်မစုံနှင့် တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီတပ်အနေဖြင့် ခြေလျင်တပ်များ အသေအဆုံးများနေသည့်အတွက်




လေကြောင်းပစ်ကူယူခြင်း၊ နယ်မြေစိုးမိုးမှု မရှိခြင်း စသည့် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ လေကြောင်း၊ လက်နက်ကြီး အင်အားအလွန်အကျွံသုံးပြု ကျေးရွာနေပြည်သူတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေရကြောင်း သိရသည်။
crd