ရုရှားကို ဘယ်သူမှ မတားဆီးနိုင်ပဲ ကမ္ဘာကို စိုးမိုးမယ့်ဘုန်းမီးနေလ ဆိုပြီး ဟောကိန်းချန်ထားခဲ့

International News



































Credit

Unicode

ရုရှားကို ဘယ်သူမှ မတားဆီးနိုင်ပဲ ကမ္ဘာကို စိုးမိုးမယ့်ဘုန်းမီးနေလ ဆိုပြီး ဟောကိန်းချန်ထားခဲ့
ဘယ်သူကမှ ရုရှားကို တားဆီးနိုင်ဖို့ မရှိဘဲ ရုရှားနဲ့ ပူတင်တို့ဟာ ကမ္ဘာကိုစိုးမိုးမယ့် ဘုန်းမီးနေလ ကျက်သရေတွေဖြစ်လာမယ်လို့ အကြားအမြင်ဆရာမ ဘာဘာဗန်ကာ ဟောကိန်းချန်ထားခဲ့

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘူဂေးရီးယားက ကမ္ဘာကျော် အကြားအမြင် ဆရာမကြီး ဘာဘာဗန်ကာဟာ ရုရှားနဲ့ ယူကရိန်းတို့ အခုဖြစ်ပွဲနေတဲ့ တိုက်ပွဲမှာ ဘယ်သူအနိုင်ရမယ်ဆိုတဲ့သဘောဆောင် ဟောကိန်းမျိုးကို



မသေခင်မှာ ပြောခဲ့ဖူးပြီး အဲ့ဒီဟောကိန်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ရုရှားကို ဘယ်သူမှ တားဆီးနိုင်ဖို့ မရှိဘူး၊ ရုရှားနဲ့ ပူတင်တို့ဟာ ကမ္ဘာကို စိုးမိုးတဲ့ ဘုန်းမီးနေလ ကျက်သရေတွေဖြစ်လာမယ် ဆိုတဲ့

ဘာဘာဗန်ကာရဲ့ဟောကိန်းဟာ အထမြောက် အသက်ဝင် လာတော့မှာ ပဲဖြစ်ပါတယ်။



ဘာဘာဗန်ကာဟာ ပူတင်က ရုရှားသမ္မတ မဖြစ်သေးခင် ၁၉၉၆ ခုနှစ်မှာ ကွယ်လွန် သွားခဲ့ တာဖြစ်ပြီး

သူမရဲ့ဟောကိန်းထုတ် ပြောစကားထဲမှာ ပူတင်ရဲ့နာမည် ပါဝင်နေတာ ကတော့ ထူးခြားချက် တစ်ရပ် ပဲဖြစ် ပါတယ်။

ဘာဘာဗန်ကာဟာ ကွယ်လွန်ချိန် ကာလတုန်းက အသက် ၈၅ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး



သူမဟာ ဘဝတလျှောက် ဟောကိန်းအရေအတွက် ၅,၀၇၉ ခုနဲ့အထက်ကို ထုတ်ပေးခဲ့သူဖြစ်ပါတယ်။

သူမရဲ့ဟောကိန်းတွေဟာ ၈၅ ရာခိုင်နှုန်းအထိ မှန်ကန်ပြီး ၁၅ ရာခိုင်နှုန်းလောက်သာ အတိမ်းအစောင်းရှိခဲ့တာကြောင့် သူမ ချန်ထားရစ်ခဲ့တဲ့ဟောကိန်းတွေဟာ

အခုအချိန်အထိ ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှု ရှိနေဆဲပဲလို့ အကြားအမြင် ပညာရှင်တွေနဲ့ အဲ့ဒီ ပညာရပ်အေ ပါ် အယုံအကြည် ရှိသူတွေက ခံယူ ထားကြ ပါတယ်။



ဘာဘာဗန်ကာဟာ အယ်လ်ကေဒါ၊ ဘရိတ်ဇစ်၊ အိုင်အက်စ်၊ အမေရိကန်ရဲ့ ၄၄ ယောက်မြောက်သမ္မတဟာ အာဖရိကန်-အမေရိကန်နွယ်ဖွား၊ ချာနိုဘိုင်းလ် နျူကလီးယားစက်ရုံ ပေါက်ကွဲမှု၊

ဒိုင်ယာနာ သေဆုံးမှု စတာတွေကို သူမရဲ့ဟောကိန်းတွေထဲမှာ ချန်ထားရစ် ခဲ့ပြီး သူမ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီဟောကိန်းတွေက အတိအကျပဲ ဖြစ်ပေါ်လာ ခဲ့ပါတယ်။



ဘာဘာဗန်ကာရဲ့ထူးခြားချက်က အခုလို သွေးထွက်သံယိုဖြစ်စဉ်တွေ၊ စစ်မက်ဖြစ်စဉ်တွေ၊ လူတွေ အပူလုံးကြွ ဒုက္ခများရမယ့်ဖြစ်စဉ်တွေဆိုရင် သူချန်ထားရစ်ခဲ့တဲ့ဟောကိန်းက မှန်တတ်လေ့ရှိတာပါပဲ။

ဘာဘာဗန်ကာရဲ့ဟောချက်အရဆိုရင် အခုဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲပြီးရင် ရုရှားသမ္မတ ပူတင်ဟာ ကမ္ဘာရဲ့အာဏာ အရှိဆုံ းပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်၊



ရုရှားက ကမ္ဘာကို အုပ်စိုးမှု စတင်လိမ့်မယ်ဆိုတဲ့ သက်ရောက်မှုရှိနေတာကို မြင်တွေ့ကြရပါတယ်။

ဘာဘာဗန်ကာက “ရုရှားဟာ ကမ္ဘာကိုစိုးမိုးမယ့် ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်။ ဥရောပတစ်ခွင်ကတော့ မြေရိုင်းလို၊ စွန့်ပစ်မြေလို ဖြစ်သွားမယ်။ အရာရာတိုင်းဟာ နှင်းတွေလို အရည်ပျော်သွားလိမ့်မယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲ့ဒါကို ထိတွေ့နိုင်ဖို့ မရှိဘူး။ ပူတင်ရဲ့ဘုန်းမီးနေလ ကျက်သရေ၊ ရုရှားရဲ့ဘုန်းမီးနေလ ကျက်သရေကို ဘယ်သူကမှ တားဆီးနိုင်ဖို့ မရှိဘူး”လို့ ဟောကိန်းမှာ ထည့်ပြောထားပါတယ်။





ဘာဘာဗန်ကာရဲ့ဟောကိန်းထဲမှာ ရုရှားက သူ့လမ်းကြောင်းထက်မှာရှိနေတဲ့ အတားအဆီးမှန်သမျှကို

ရှင်းလင်းဖယ်ရှားပစ်လိမ့်မယ်၊ ပြီးရင် ကမ္ဘာကို အုပ်စိုးလိမ့်မယ်လို့လည်း ပါဝင်နေတာကို မြင်တွေ့ကြရပါတယ်။

Related

Leave a Reply

Your email address will not be published.