လေးလအတွင်း NUG ရဲ့ ငွေတိုက်စာချုပ် ၆၁,၀၀၀ ကျော်ရောင်းချနိုင်




ရန်ကုန်၊ မတ် ၅ လေးလအတွင်းမှာ အထူးငွေတိုက်စာချုပ်အစောင်ရေ စုစုပေါင်း ၆၁,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုရဲ့ ဒီနေ့ မတ်လ ၅ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။




အတိုးမဲ့စာချုပ်တွေဖြစ်တဲ့ အထူးငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ ဆိုပြီး သတ်မှတ်ရောင်းချကာ စာချုပ်သက်တမ်းဟာ နှစ်နှစ်ဖြစ်ပြီး သက်တမ်းကုန်ချိန်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ လွှဲပြောင်းရောင်းချတာတွေ ၊ ဝယ်ယူတာတွေ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။




photo credit from original uploader
ပြီးခဲ့တဲ့ ၂၀၂၁၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ငွေတိုက်စာချုပ်တွေကို ထုတ်ဝေရောင်းချနေတာ ဖြစ်ပြီး လက်ရှိအချိန်အထိ အစောင်ရေစုစုပေါင်း ၆၁,၀၇၄ စောင်ရောင်းချနိုင်တယ်လို့ သိရပါတယ်။




ငွေတိုက်စာချုပ်တွေကို ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ရောင်းချနေကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ငွေတိုက်စာချုပ်ရောင်းချပွဲမှာ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၆၈,၂၀၀ ဖိုးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit
Zawgyi
အလ်င္အျမန္တိုးတက္လာတဲ့ NUG ေျခလွမ္း
ေလးလအတြင္း NUG ရဲ့ ေငြတိုက္စာခ်ဳပ္ ၆၁,၀၀၀ ေက်ာ္ေရာင္းခ်နိုင္
—————-
ရန္ကုန္၊ မတ္ ၅
ေလးလအတြင္းမွာ အထူးေငြတိုက္စာခ်ဳပ္အေစာင္ေရ စုစုေပါင္း ၆၁,၀၀၀ ေက်ာ္ ေရာင္းခ်နိုင္ခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊ စီမံကိန္းဘ႑ာေရးနဲ႔ ရင္းႏွီးျမႇုပ္ႏွံမွုဝန္ႀကီးဌာနက ေျပာေၾကာင္း ျပည္တြင္းသတင္းဌာနတစ္ခုရဲ့ ဒီေန႔ မတ္လ ၅ ရက္ေန႔ ေဖာ္ျပခ်က္အရ သိရပါတယ္။




အတိုးမဲ့စာခ်ဳပ္ေတြျဖစ္တဲ့ အထူးေငြတိုက္စာခ်ဳပ္ေတြကို အေမရိကန္ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ ဆိုၿပီး သတ္မွတ္ေရာင္းခ်ကာ စာခ်ဳပ္သက္တမ္းဟာ ႏွစ္ႏွစ္ျဖစ္ၿပီး သက္တမ္းကုန္ခ်ိန္မွာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔အညီ လႊဲေျပာင္းေရာင္းခ်တာေတြ ၊ ဝယ္ယူတာေတြ ေဆာင္ရြက္ပိုင္ခြင့္ရွိတယ္လို႔ သိရပါတယ္။




photo credit from original uploader
ၿပီးခဲ့တဲ့ ၂၀၂၁၊ နိုဝင္ဘာ ၂၂ ရက္ေန႔က စတင္ကာ ေငြတိုက္စာခ်ဳပ္ေတြကို ထုတ္ေဝေရာင္းခ်ေနတာ ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အေစာင္ေရစုစုေပါင္း ၆၁,၀၇၄ ေစာင္ေရာင္းခ်နိုင္တယ္လို႔ သိရပါတယ္။




ေငြတိုက္စာခ်ဳပ္ေတြကို ျပည္တြင္းမွာသာမကဘဲ ျပည္ပမွာပါ ေရာင္းခ်ေနကာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က နယူးေယာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ပြဲမွာ ၃ နာရီအတြင္း အေမရိကန္ေဒၚလာ ၁၆၈,၂၀၀ ဖိုးေရာင္းခ်နိုင္ခဲ့တယ္လို႔ သိရပါတယ္။ Credit
Post navigation
Previous post