ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ထဲမှာ ပါဝင်တဲ့ မင်းသားချော မင်းမော်ကွန်း ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်များ နဲ့ အမှန်တရားကိုချစ်တဲ့ ပရိသတ်တိုင်း ချစ်ခင်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။




အနုပညာလောကထဲကို “အရိပ်” ဆိုတဲ့ဇာတ်ကားနဲ့ ဝင်ရောက်လာခဲ့တဲ့ မင်းမော်ကွန်း ဟာ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကြီးကိုပိုင်ဆိုင်ထားပါတယ်။




လက်ရှိမှာ မင်းမော်ကွန်း ဟာ အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကတော့ အရင်ထက်နှစ်ဆ ပိုမိုအားပေးခြင်းကို ရရှိထားပါတယ်။




ပြည်သူ့အချစ်တော် မင်းမော်ကွန်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေပါတယ်။ ဒီလိုရောက်ရှိနေရင်း ကျရာတာဝန်ကို ကြိုးကြိုးစားစား ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။




မင်းမော်ကွန်း ဟာ နေရာနဲ့ပတ်သတ်လို့ ရင်တွင်းခံစားချက်တွေကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ ” နေရာ ကိုယ့်နေရာကိုသိတယ် ကိုယ်ဘာလုပ်တတ်မှန်း ကိုယ်သိတယ် ဒီထက်ပိုတဲ့နေရာ ငါဘယ်တော့မှလိုချင်တာမရှိ ကိုယ်ကြိုးစားခဲ့ရတဲ့ နေရာမှန်းသိတယ် ကိုယ်နဲ့ထိုက်တန်မှန်းလဲသိတယ်




စတေးဖို့ကိုလဲ ငါဝန်မလေးဘူး ဒါထက်ပိုတာငါ့မှာမရှိ ငါရမယ့်နေရာထက် ငါပိုရချင်တာမရှိ ငါလိုချင်တာတစ်ခုပဲရှိအဲ့ဒါ ငါနေမယ့် ယုံကြည်ခြင်းနေရာ ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။




ကဲ ပရိသတ်ကြီးရေ မင်းမော်ကွန်း ကတော့ ကိုယ်နဲ့ထိုက်တန်တဲ့ နေရာ ကိုသိတယ်လို့ ပြောလိုက်ပါတယ်နော်။ မင်းသားချော မင်းမော်ကွန်း ရေးသားထားတဲ့ “နေရာ” ဆိုတဲ့စာသားလေးနဲ့ပတ်သတ်ပြီး ထင်မြင်ယူဆချက်လေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။
ZAWGYI VERSION




ကိုယ်နဲ့ထိုက်တန်တဲ့ ” နေရာ” ကိုသိတယ်လို့ ပြောလိုက်တဲ့ ပြည်သူ့အချစ်တော် မင်းမော်ကွန်း




























Crd