မင်းတို့PDFတွေဒါ မျိုး ကို င် ဖူး လား လို့ လို င်း ပေါ် မှာ အာ ချော င်တဲ့ စ စ် ကော င် စီ တ ပ် သား ယ မ န် နေ့ က အ ရှ င် ဖ မ်း ဆီး ခံရ

News

စဈကောငစြီတပသြဆေုံးမှုမွားသည့ြ ကွောကဆြညကြနတြိုကပြှဲ နှဈဦးဖမြးမိပှီး လကနြကမြွားသိမြးဆညြးရရှိ

–People’s Spring





စစ်ကောင်စီတပ်သေဆုံးမှုများသည့် ကျောက်ဆည်ကန်တိုက်ပွဲ နှစ်ဦးဖမ်းမိပြီး လက်နက်များသိမ်းဆည်းရရှိ

–People’s Spring

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်က ယနေ့(မတ်လ ၆ရက်) ညနေပိုင်း၌ ထုတ်ပြန် သည်။

စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲခြင်းဖြစ်သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကျဆုံးမှုများပြီး အရှင်နှစ်ယောက်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း လက်နက်မျိုးစုံ ၆လက် ထက်မနည်း ဖော်ပြထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်သည်။
ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်

Leave a Reply

Your email address will not be published.