အိမ်စီးကား လုယက်ခံရ ၊ ယာဉ်မောင်း သေ-ဆုံ

News


















Mizzima

Unicode

အိမ်စီးကား လုယက်ခံရ ၊ ယာဉ်မောင်း သေ-ဆုံး
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းတွင် အိမ်စီးကား ကိုလုယက်မှုဖြစ်ပွါး ၊ ယာဉ်မောင်း ဓားထိုးခံရ၍ သေဆုံး


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း တွင် အိမ်စီးကား တစ်စီး လုယက်ခံ ရသည့် အပြင် ယာဉ်မောင်းမှာ ဓားထိုးခံရ၍ ထိုဒဏ်ရာဖြင့် သေဆုံး သွားကြောင်း အနီးဝန်းကျင်ရှိ သတင်းရင်းမြစ်ထံက သိရသည်။

ဆိုင်ကယ်စီး သမားများက ကားကို မတ်လ ၃ ရက် ည၈နာရီဝန်းကျင်က လုယက်ခဲ့ခြင်းဖြစ်သည်။

”ကျွန်မတို့ကြားတာက ဇေကမ္ဘာဝန်းထဲမှာ ဆိုင်ကယ်တစ်စီး လူသုံးယောက်စီးလာပြီးတော့ အိမ်စီးကားကိုတားတယ်။

ပြီးတော့ ဖုန်းနဲ့ကားသော့ကိုတောင်းတယ်။ ကောင်လေးကမပေးတော့ အဲဒီမှာ ဓါးနှင့်ထိုးသွားတာ တစ်ခါတည်းသေသွားတယ်။


ကောင်လေးက အသက် ၂၅ဝန်းကျင်လောက်ပဲရှိတယ်”ဟု အခင်းဖြစ်ပွါးရာ အနီးရှိစက်ရုံ အလုပ်လုပ်သူ အမျိုးသမီးက ပြောသည်။

ဇေကမ္ဘာဝန်းအတွင်း အလုပ်သမားများပြန်သည့်အချိန်တွင် ပိုက်ဆံအိတ် လုယက်ခြင်း၊ဖုန်းလုခြင်းများ မကြာခဏ ဖြစ်ပေါ်သည့်အတွက်

ပူးပေါင်း ဆောင်ရွက်ပေးပါရန် ဇေကမ္ဘာဝန်းပိုင်ရှင်ဦးခင်ရွှေက ၂၀၁၉ခုနှစ်တွင် ရန်ကုန်မြို့တော်ဝန်ဖြစ်သူ ဦးမောင်မောင်စိုးထံ တင်ပြတောင်းဆိုခြင်းများ ရှိခဲ့သည်။


”လုယက်တာတွေကတော့ နေရာအနှံ့ဖြစ်နေတယ်။အရင်အပတ်က (ဌ)ရပ်ကွက်ထဲမှာဖြစ်သွားတာ၊ ကောင်မလေးတစ်ယောက်ကို ဆိုင်ကယ် သုံးစီးနဲ့လူတွေ ဖုန်းလုသွားတယ်။

နောက်အနီးအနားက ဝိုင်းလိုက်တော့ တစ်ယောက်မိတယ်။ ရပ်ကွက်ရုံးကိုပို့လိုက်တယ်။ နောက်တော့ပြန်လွတ်လာတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်က (ဌ)ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။


ရန်ကုန်မြို့ နေရာအနှံ့အပြား လုယက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များမှလည်း ထိရောက်သည့် ကာကွယ်မှုများမလုပ်ဆောင်နိုင်ကြောင်း လုယက်မှုဖြစ်ပွါးရာအနီး နေထိုင်သူများက မှတ်ချက်ပြုထားသည်။

Mizzima

Leave a Reply

Your email address will not be published.