ဂြိုဟ်တုကနေတိုက်ရိုက်အသုံးပြုလို့ရတဲ့ Internetယူကရိန်းမှာသုံးလို့ရအောင်လုပ်လိုက်ပြီဟု… see more




ဂြိုဟ်တုကနေတိုက်ရိုက်အသုံးပြုလို့ရတဲ့ Starlink Broadband အင်တာနက်ဝန်ဆောင်မှုကို ယူကရိန်းနိုင်ငံမှာ သုံးလို့ရအောင်လုပ်ပေးလိုက်ပြီဖြစ်ကြောင်း SpaceX ကုမ္ပဏီပိုင်ရှင် ဘီလျံနာ အီလွန်မတ်စ်က ပြောကြားလိုက်ပါတယ်။




တိုက်ပွဲပြင်းထန်နေတဲ့ ယူကရိန်းနိုင်ငံတောင်ဖက်နဲ့ အရှေ့ဖက်ပိုင်းတွေမှာ အင်တာနက်ပြတ်တောက်မှုတွေကြုံနေရတယ်လို့ အင်တာနက်စောင့်ကြည့်ရေးဌာနတွေက စနေနေ့ကတင်ပြခဲ့ပါတယ်။




အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ဟာ အသုံးပြုခစျေးကြီးတယ်ဆိုပေမယ့် အင်တာနက်ဆက်ကြောင်းပြန်လည်သွယ်တန်းရတာခက်ခဲတဲ့ဒေသတွေ၊




ဝိုင်ဖိုင်တာဝါတိုင်ပြန်ထူဖို့ခက်ခဲတဲ့ဒေသတွေ၊ ဝိုင်ဖိုင်လက်လှမ်းမမီတဲ့ဒေသတွေအတွက် ဆက်သွယ်ရေးပြတ်တောက်မှုမဖြစ်စေဖို့ အများကြီးအထောက်အကူရပါတယ်။
လက်ရှိမှာတော့ Starlink အင်တာနက်အတွက် ဂြိုဟ်တုပေါင်း ၁၄၆၉ ခုကို အာကာသထဲလွှတ်တင်ထားပြီး အားလုံးအလုပ်လုပ်နေကြပြီလို့လဲ အီလွန်မတ်စ်ကပြောပါတယ်။




အဲဒါတွေအနက် ၂၇၂ ခုကတော့ သက်ဆိုင်ပတ်လမ်းတွေဆီကို မကြာခင်ရောက်ရှိလာကြတော့မှာဖြစ်ပါတယ်။
zawgyi
ၿဂိဳဟ္တုကေနတိုက္ရိုက္အသုံးျပဳလို႔ရတဲ့ Internetယူကရိန္းမွာသုံးလို႔ရေအာင္လုပ္လိုက္ၿပီဟု see more




ၿဂိဳဟ္တုကေနတိုက္ရိုက္အသုံးျပဳလို႔ရတဲ့ Starlink Broadband အင္တာနက္ဝန္ေဆာင္မႈကို ယူကရိန္းနိုင္ငံမွာ သုံးလို႔ရေအာင္လုပ္ေပးလိုက္ၿပီျဖစ္ေၾကာင္း SpaceX ကုမၸဏီပိုင္ရွင္ ဘီလ်ံနာ အီလြန္မတ္စ္က ေျပာၾကားလိုက္ပါတယ္။




တိုက္ပြဲျပင္းထန္ေနတဲ့ ယူကရိန္းနိုင္ငံေတာင္ဖက္နဲ႕ အေရွ႕ဖက္ပိုင္းေတြမွာ အင္တာနက္ျပတ္ေတာက္မႈေတြႀကဳံေနရတယ္လို႔ အင္တာနက္ေစာင့္ၾကည့္ေရးဌာနေတြက စေနေန႕ကတင္ျပခဲ့ပါတယ္။




အီလြန္မတ္စ္ရဲ႕ Starlink ၿဂိဳဟ္တုအင္တာနက္ဟာ အသုံးျပဳခေစ်းႀကီးတယ္ဆိုေပမယ့္ အင္တာနက္ဆက္ေၾကာင္းျပန္လည္သြယ္တန္းရတာခက္ခဲတဲ့ေဒသေတြ၊
ဝိုင္ဖိုင္တာဝါတိုင္ျပန္ထူဖို႔ခက္ခဲတဲ့ေဒသေတြ၊ ဝိုင္ဖိုင္လက္လွမ္းမမီတဲ့ေဒသေတြအတြက္ ဆက္သြယ္ေရးျပတ္ေတာက္မႈမျဖစ္ေစဖို႔ အမ်ားႀကီးအေထာက္အကူရပါတယ္။




လက္ရွိမွာေတာ့ Starlink အင္တာနက္အတြက္ ၿဂိဳဟ္တုေပါင္း ၁၄၆၉ ခုကို အာကာသထဲလႊတ္တင္ထားၿပီး အားလုံးအလုပ္လုပ္ေနၾကၿပီလို႔လဲ အီလြန္မတ္စ္ကေျပာပါတယ္။
အဲဒါေတြအနက္ ၂၇၂ ခုကေတာ့ သက္ဆိုင္ပတ္လမ္းေတြဆီကို မၾကာခင္ေရာက္ရွိလာၾကေတာ့မွာျဖစ္ပါတယ္။
crd