ရုရှားကျူးကျော်မှု – ဥရောပခေါင်းဆောင်တွေ ဘာမှမလုပ်ကြဘူးလို့ ယူကရိန်းသမ္မတစွပ်စွဲ




ယူကရိန်းသမ္မတ ဗိုလော့ဒ်ဒီမီယာ ဇဲလ်လန်းစကီးက ကိယက်ဗ်မှာရှိတဲ့ သူ့ရုံးကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။




စစ်ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ သူက ရုရှားရဲ့ တပ်ချီလာမှုတွေကို နှေးကွေးသွားအောင် ဥရောပခေါင်းဆောင်တွေက မလုပ်ပေးနိုင်ခဲ့ဘူးလို့ စွပ်စွဲလိုက်ပါတယ်။




“တင့်ကားတန်းတွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေက ဥရောပမှာ ဟိုးအရင် ဒုတိယကမ္ဘာစစ်ကာလက မြင်ရတဲ့ မြင်ကွင်းမျိုးတွေပါ”၊ ” ဒါပေမယ့် အခုဒီမှာ ထပ်တွေ့ရနေပြီ။ အခု ၂၀၂၂ ခုနှစ်မှာ တွေ့နေရတာ၊ ကမ္ဘာစစ်ပြီး ၇၅ နှစ်အကြာမှာ တွေ့နေရတာ” လို့ သူက ပြောပါတယ်။




ဥရောပခေါင်းဆောင်တွေက အလျင်အမြန်ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင် ရုရှားကျူးကျော်မှုကို ရပ်တန့်ပစ်ဖို့ သိပ်နောက်ကျသွားလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ ဥရောပမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အစိုးရတွေကို ပိုပြီး ခိုင်မာ ထူးခြားတဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ ဖိအားပေးကြပါ၊ ဆန္ဒပြကြပါလို့လည်း သူက တိုက်တွန်း သွားပါတယ်။




အဲဒီမိန့်ခွန်းထဲမှာပဲ သမ္မတ ဇဲလ်လန်းစကီးက ယူကရိန်း တပ်ဖွဲ့ဝင်တွေရဲ့ သတ္တိကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်။ ထို့အတူ ဗလာဒီယာ ပူတင်ကို သူတို့ အစိုးရနဲ့ ဆွေးနွေးဖို့ တိုက်ရိုက် ပန်ကြားပါတယ်။




“ယူကရိန်းနယ်မြေ တနံတလျားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ လူတွေ အသတ်ဖြတ်ခံ နေရတာကို ရပ်တန့်နိုင်ဖို့ ဆွေးနွေးပွဲ စားပွဲမှာ ထိုင်ကြစို့” လို့ ယူကရိန်းသမ္မတက ပြော ပါတယ်။
ပုံစာ – သမ္မတ ဇဲလ်လန်းစကီးက မိန့်ခွန်းပြော




ပုံ – မူရင်း – Office of the President of Ukraine
BBC