ဂျွမ်းထိုး အောင်ပွဲခံကြမည့် နှစ် !

News

ဂျွမ်းထိုး အောင်ပွဲခံကြမည့် နှစ် !

SSPP နဲ့ Eaos အချို့ ကိုယ်တွေဘက်ပါလာမှုရယ်

အခု ထို တိုင်းရင်းသား Eros တွေက NUG နဲ့ ပူးပေါင်းပြီး ဇော-က်တပ်ကို ဝိုင်းဘုကြမယ်တဲ့

ဇော-က်တပ် မရှိတော့မှ နိုင်ရေး ရပိုင်ခွင့်တွေကို နောက်တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးကြမယ် ဆိုတာရယ်

ခု စစ်ဒေသ ၃ ခု ရှိရာနဲ့ မြေပြင်စစ်ရေးအတွက် KIO-KIA ထဲစစ်ဘက်ခေါင်းဆောင်တွေကို စစ်ဒေသမှူးအဖြစ် တာဝန်ယူ ပေးထားပြီး

စစ်မြေပြင်အတွက် လက်တွေ့ ဦးဆောင်ကွပ်ကဲနိုင်တဲ့ အနေအထားမျိုးဖြစ်လာပြီဆိုတာရယ်

စစ်ရေးအရှိန်မြင့်ဖို့နဲ့ လေတပ်အင်အားကို ဖြိုခွ-င်းနိုင်ဖို့ လုပ်ဆောင်နေမှုတွေရယ်

အဓိကဖြစ်တဲ့ လနက်တပ်ဆင်ရေးအတွက် အခု NUG လက်ထဲမှာ ဒေါ်လာသန်းတရာကျော်ရှိနေပြီလို့ နူဂျီက တရားဝင် သတင်း ထုတ်ပြန်ထားမှုရယ်

အမေရီကန်က ဒေါ်လာ သန်း တရာ့သုံးဆယ်ကျော် ပေးမယ်လို့ ကတိပေးထားတယ်( ခေါင်းစဉ်ကတော့ လန-က် မဟုတ်တဲ့ အရာတွေ ဝယ်ဖို့) ဆိုပေမယ့်

နည်းပညာနဲ့ အထောက်ကူတွေအတွက် တပ်ဆင် အသုံးပြုဖို့ စုပေါင်း NUG လက်ထဲမှာ ဒေါ်လာ သန်းသုံးရာဝန်းကျင်လောက် ရှိထားပြီး စစ်ရေးနဲ့ လိုအပ်နေရာတွေကို ထောက်ပံ့အသုံးပြုပြီး အထက်ပါအချက်တွေအတိုင်း အကောင်ထည် ဖော်မယ်ဆိုရင်

တကယ်ကို အိမ်ပြန်ရတော့မယ်ဆိုတာ သိကြလား ဒါတောင် ERO တွေ ကမ်းလင့်ပူးပေါင်းမှုက ၄လောက် နောက်ကျသွားလို့တဲ့ မဟုတ်ရင် ခုကို အေးဆေး တနိုင်ငံလုံး ဂျွမ်းထိုး အောင်ပွဲခံလို့ရနေပြီ !

( အချက်လက်များ ရရှိမှုမှ ကောက်နုတ်ထားသည် )

မင်းတော်ဝင်

စစ်ဒေသနှစ်ခုတွင် တိုင်းရင်းသားတပ်မှ စစ်ရေးခေါင်းဆောင်များ စစ်ဒေသမှူးအဖြစ် တာဝန်ယူပြီးကွပ်ကဲနိုင်ပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော

သက်ဝေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အနေဖြင့် စစ်တိုင်းအလိုက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် စစ်ရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ စစ်ဒေသအဖြစ် ဖွဲ့စည်းပြီး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၅ရက်)က ပြုလုပ်သည့် ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ်၊ ဖြေကြမယ် အစီအစဉ်တွင် ဝန်ကြီးက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ဒေသ ၃ခုရှိရာ မြောက်ပိုင်းစစ်ဒေသစစ်ဒေသ(၁) နှင့် တောင်ပိုင်းစစ်ဒေသစစ်ဒေသ(၂)တို့တွင် စစ်ဒေသမှူးများ တာဝန်ယူထားပြီးဖြစ်သည်ဟု ဆိုသည်။

“စစ်ဒေသ(၁)ဆိုတာကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီးတဲ့မဟာမိတ်အဖွဲ့အစည်းကြီးဖြစ်တဲ့ KIO/KIAက စစ်ဘက်ခေါင်းဆောင်တစ်ဦးကနေ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားတာဖြစ်တယ်။ စစ်ဒေသ (၂) တောင်ပိုင်းစစ်ဒေသက အဓိကအားဖြင့် တောင်ပိုင်းက အရေးကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ရဲ့ စစ်ဘက်ခေါင်းဆောင်ကနေပြီးတော့ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားတာဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တောင်ပိုင်းစစ်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများ နှင့် ဆက်စပ်ဒေသများ လည်းပါဝင်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ဒေသ နှစ်ခု၌ စစ်ဒေသမှူးများ တာဝန်ယူပြီး လိုအပ်သည့် ကွပ်ကဲမှုနှင့် စစ်ရေးဆောင်ရွက်ချက်များ ပြုလုပ်နိုင်လာပြီဟု ဝန်ကြီးက ပြော သည်။

“တောင်ပိုင်းမှာ ဒုစစ်ဒေသမှူးအဖြစ်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ရဲ့ စစ်ဦးစီးချုပ် စစ်ခေါင်းဆောင်ကြီးက ဒုစစ်ဒေသမှူးအဖြစ်တွဲဖက် တာဝန်ယူထားတာရှိတယ်”ဟုလည်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တာဝန်ခွဲဝေမှု ၊ပူးပေါင်းဆောင်ရွက် မှုများဖြင့် စစ်ရေးစီမံချက်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

“အခုဆိုရင် အရေးကြီးတဲ့ စစ်ဒေသ ၂ခုမှာ စစ်ဒေသ မှူးနှစ်ဦးက စစ်မြေပြင်မှာကို လက်တွေ့ ဦးဆောင်ကွပ်ကဲနိုင်တဲ့ အနေအထားမျိုးဖြစ်လာပြီဆိုတာကို ကျနော့်အနေနဲ့ အသိပေးလိုပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် များ အနေဖြင့် စစ်ရေးအတွေ့အကြုံများစွာ ရှိထားပြီးသူများဖြစ်ကြောင်း၊ လက်ရှိအခြေအနေသည် တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်ရမည့်အချိန်ဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ရေးဘက်မှာတော့ ထပ်မြှင့်တင်ရမှာ။ နိုင်ငံရေးမှာလည်း ထပ်မြှင့်ရမယ်။ နိုင်ငံတကာနဲ့လည်းဆက်စပ်မှုရှိရှိဆက်လက် ဆောင်ရွက်ရမယ်။ နည်းမျိုးစုံနဲ့ဝိုင်းတိုက်ရမှာပဲ။”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ထို့အပြင် စစ်ရေးမဟာဗျူဟာနှင့် စစ်ရေးစီမံချက် ရေးဆွဲမှုကို NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ PDF စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ စစ်ဘက်ခေါင်းဆောင်များ ညှိနှိုင်းရေးဆွဲချမှတ်သည်ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

“အခုဆိုရင် စစ်ဒေသတိုင်းအတွက် လိုအပ်တဲ့ မဟာဗျူဟာနဲ့ စီမံချက်များလည်း ရေးဆွဲပြီးဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က အသိပေးသည်။

crd

Leave a Reply

Your email address will not be published.