ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက် ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ပခုက္ကူ – ရေစကြို ကားလမ်း တစ်နေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့တွင် စစ်သားများ လိုက်ပါသော ကား၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို နေရာတွင်ပင် သေဆုံးကြောင်း၊ ကားတစ်စီး လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော စစ်သား ၃ ဦးမှာ ဆေးရုံတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စုစုပေါင်း စစ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်တိုက်ခိုက်မှုသည် ၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက် မရှိကြောင်း သိရှိရသည်။
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် ပစ္စည်းများမှာ –
-carbine ၆ လက်
-carbine ကျည်ဘောက် ၆ ဘောက်
-ကာဘိုင်ကျည် ၁၄၆ တောင့်
-MA4 တစ်လက်
-MA4 ကျည်ဘောက် ၅ ဘောက်
-၅.၅၆ ကျည် ၉၄ တောင့်
-လက်ပစ်ဗုံး ၃ လုံး
-40 mm ဗုံးသီး ၄ လုံး
-phone ၃ လုံး
-power bank ၁ လုံး
-equipment ၁ ခု
-ရေဗူး တစ်ဗူး
-super custom ကားတစ်စီး
-ဗလာကျည် ၃ တောင့် တို့ဖြစ်ကြောင်း သိရှိရသည်။
ပခုကၠဴ-ေရစႀကိဳကားလမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လိုက္ပါေသာ ကား ၂ စီးကို ပစ္ခတ္တိုက္ခိုက္မႈ စစ္သား ၁၀ ဦး ေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇
မေကြးတိုင္း၊ ပခုကၠဴ-ေရစႀကိဳကားလမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လိုက္ ပါေသာ ကား ၂ စီးကို ပစ္ခတ္တိုက္ခိုက္မႈ စစ္သား ၁၀ ဦး ေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ပခုကၠဴခရိုင္ တပ္ရင္း ၃ ထံမွ သိရွိရသည္။
ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ညေန ၄ နာရီခြဲ အခ်ိန္ ပခုကၠဴ – ေရစႀကိဳ ကားလမ္း တစ္ေနရာရွိ ကိုရွိန္းဆီဆိုင္ေရွ႕တြင္ စစ္သားမ်ား လိုက္ပါေသာ ကား၂ စီးကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ပခုကၠဴခရိုင္ တပ္ရင္း ၃ က ပစ္ခတ္တိုက္ခိုက္ရာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးကို ေနရာတြင္ပင္ ေသဆုံးေၾကာင္း၊ ကားတစ္စီး လြတ္ေျမာက္သြားၿပီး လြတ္ေျမာက္သြားေသာ CR-V ကားေပၚတြင္ပါသြားေသာ စစ္သား ၃ ဦးမွာ ေဆး႐ုံတြင္ ထပ္မံ ေသဆုံးခဲ့ေၾကာင္း၊ တိုက္ခိုက္မႈေၾကာင့္ စုစုေပါင္း စစ္သား ၁၀ ဦးေသဆုံးၿပီး ၃ ဦး အျပင္းအထန္ဒဏ္ရာရရွိေၾကာင္း ၊ လက္နက္ခဲယမ္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
ပစ္ခတ္တိုက္ခိုက္မႈသည္ ၅ မိနစ္ဝန္းက်င္ ၾကာျမင့္ခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သားမ်ား အထိအခိုက္ မရွိေၾကာင္း သိရွိရသည္။
သိမ္းဆည္းရမိေသာ လက္နက္ခဲယမ္းႏွင့္ ပစၥည္းမ်ားမွာ –
-carbine ၆ လက္
-carbine က်ည္ေဘာက္ ၆ ေဘာက္
-ကာဘိုင္က်ည္ ၁၄၆ ေတာင့္
-MA4 တစ္လက္
-MA4 က်ည္ေဘာက္ ၅ ေဘာက္
-၅.၅၆ က်ည္ ၉၄ ေတာင့္
-လက္ပစ္ဗုံး ၃ လုံး
-40 mm ဗုံးသီး ၄ လုံး
-phone ၃ လုံး
-power bank ၁ လုံး
-equipment ၁ ခု
-ေရဗူး တစ္ဗူး
-super custom ကားတစ္စီး
-ဗလာက်ည္ ၃ ေတာင့္ တို႔ျဖစ္ေၾကာင္း သိရွိရသည္။
Crd