အောင်ချမ်းအေးရဲ့ စိတ်မကောင်းစရာသတင်း
လွတ်ပြီဆိုပီး ဝမ်းသာနေကြသော်လည်း ကိုအောင်ချမ်းအေးရဲ့ စိတ်မကောင်းစရာသတင်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိ နေအိမ်၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော
ကိုအောင်ချမ်းအေးအား ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တာ ဟုတ်ပါတယ်။
အမိန့်ချလိုက်ပြီမို့လို့ သထုံထောင်ဘက်ကို ရွှေ့မှာပါ။
လွတ်ငြိမ်းနဲ့ လွတ်နိုင်ခြေ ရှိမရှိဆိုတာကတော့ သေချာမပြောပြတတ်ပါဘူး။
လွတ်ရင်လည်း လွတ်မှာပေါ့ ” ဟု ကျိုက်ထိုမြို့နယ်ရဲစခန်းမှ ပြောဆိုသည်။
“ထောင် နှစ်နှစ်ချလိုက်ပြီဆိုတာတောင် ဒီမနက်မှသိရတာ။
မနေ့ကတည်း က လွတ်လာပြီဆိုပြီး ပေါက်ကရသတင်းတွေက ပျံ့နေတာဆိုတော့
သူသာ တကယ်လွတ်လာမယ်ဆိုရင်တော့ ဝမ်းသာတာပေါ့ဗျာ။” ဟု ကိုအောင်ချမ်းအေးနှင့် နီးစပ်သူတစ်ဦးမှ ပြောဆိုသည်။
ကိုအောင်ချမ်းအေးသည် ၎င်း၏ ကိုယ်ပိုင်ထုတ်ကုန်ဖြစ်သော ” Dream For You” ဆိုသည့် ကုန်ပစ္စည်းအား ကြော်ငြာရန် မြန်မာပြည်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး
အလုပ်ကိစ္စများလုပ်နေရာမှ နေအိမ်သို့ ခေတ္တပြန်လာစဉ်အချိန်အတွင်း စစ်တပ်၏ ဖမ်းဆီးခံရခြင်းဖြစ်သည်။
credit to orginal
Zawgyi Version ဖြင့်ဖတ်ရန်
အောင်ချမ်းအေးရဲ့ စိတ်မကောင်းစရာသတင်း
လွတ်ပြီဆိုပီး ဝမ်းသာနေကြသော်လည်း ကိုအောင်ချမ်းအေးရဲ့ စိတ်မကောင်းစရာသတင်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိ နေအိမ်၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော
ကိုအောင်ချမ်းအေးအား ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တာ ဟုတ်ပါတယ်။
အမိန့်ချလိုက်ပြီမို့လို့ သထုံထောင်ဘက်ကို ရွှေ့မှာပါ။
လွတ်ငြိမ်းနဲ့ လွတ်နိုင်ခြေ ရှိမရှိဆိုတာကတော့ သေချာမပြောပြတတ်ပါဘူး။
လွတ်ရင်လည်း လွတ်မှာပေါ့ ” ဟု ကျိုက်ထိုမြို့နယ်ရဲစခန်းမှ ပြောဆိုသည်။
“ထောင် နှစ်နှစ်ချလိုက်ပြီဆိုတာတောင် ဒီမနက်မှသိရတာ။
မနေ့ကတည်း က လွတ်လာပြီဆိုပြီး ပေါက်ကရသတင်းတွေက ပျံ့နေတာဆိုတော့
သူသာ တကယ်လွတ်လာမယ်ဆိုရင်တော့ ဝမ်းသာတာပေါ့ဗျာ။” ဟု ကိုအောင်ချမ်းအေးနှင့် နီးစပ်သူတစ်ဦးမှ ပြောဆိုသည်။
ကိုအောင်ချမ်းအေးသည် ၎င်း၏ ကိုယ်ပိုင်ထုတ်ကုန်ဖြစ်သော ” Dream For You” ဆိုသည့် ကုန်ပစ္စည်းအား ကြော်ငြာရန် မြန်မာပြည်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး
အလုပ်ကိစ္စများလုပ်နေရာမှ နေအိမ်သို့ ခေတ္တပြန်လာစဉ်အချိန်အတွင်း စစ်တပ်၏ ဖမ်းဆီးခံရခြင်းဖြစ်သည်…။
credit to orginal