ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 8 နှစ်အရွယ်ကောင်လေးဟာ နေအိမ်အနီးအနားဝန်းကျင်မှာ ဆော့ကစားရင်း လူတွေအသုံးမပြုလို့ ပိတ်ထားတဲ့ ရေတွင်းဟောင်းထဲ ပြုတ်ကျသွားခဲ့ပါတယ် ။ သားဖြစ်သူရဲ့အဖြစ်ကို မြင်တွေ့ပြီး ဖခင်ဖြစ်သူမှာ ဆင်းကယ်ဖို့ ကြိုးစားရင်း ရေတွင်းဟာ နက်ပြီးချောနေတဲ့အတွက် ဖခင်ဖြစ်သူပါ ပြုတ်ကျသွားခဲ့ရပါတယ် ။
ရေတွင်းဟာ အနက် 20m ရှိပြီး အကျယ်မှာတော့ 20 cm သာရှိပါတယ် ။ သားဖြစ်သူကို အားမငယ်အောင် ဖေးမရင်း ဖခင်ဖြစ်သူဟာ ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီလှမ်းတောင်းခဲ့ပါတယ် ။
10မိနစ်အကြာမှာတော့ မီးသတ်သမားတွေလာရောက်ခဲ့ကြပြီး အိမ်နီးချင်းတွေကလည်း ရေတွင်းပေါက်ဝမှာ မီးတွေထိုးပေးရင်း အလင်းရောင်ရအောင် ကူညီပေးခဲ့ကြပါတယ် ။ ထို့နောက် 7 မိနစ်အကြာမှာတော့ သားအဖနှစ်ယောက်လုံးကို ကယ်တင်ပေးနိုင်ခဲ့ပြီး တစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရှိခဲ့ရပါတယ် ။
crd