RCSS နှင့် စ.စ်ကောင်စီတို့ ယနေ့မှစ၍ ၃ ရက်ကြာ ငြိမ်း ချမ်းရေး ဆွေးနွေးကြမည်

News

RCSS နှင့် စစ်ကောင်စီတို့ ယနေ့မှစ၍ ၃ ရက်ကြာ ငြိမ်း ချမ်းရေး ဆွေးနွေးကြမည်

၇ နှစ်ကျော်အတွင်း နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှု မရှိဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြော

ဧရာဝတီ၊ ဇန္နဝါရီ ၂၄၊ ၂၀၂၃

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မိမိတို့အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထား သည်မှာ ၇ နှစ်ကျော်ကြာသော်လည်း တိုးတက်ဖြစ်ထွန်းမှု မရှိဟု ယနေ့ အစည်းအဝေးတွင် ပြောသည်။

RCSS နှင့် စစ်ကောင်စီတို့ ယနေ့မှစ၍ ၃ ရက်ကြာ ငြိမ်း ချမ်းရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း RCSS က သ တင်း ထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်သည့် အစည်းအဝေး၌ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က “မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးခဲ့တာ ၇ နှစ်ကျော်ကြာခဲ့ပေမယ့် နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှု မရှိရုံသာမက NCA စာချုပ်မှာ ပါတဲ့အတိုင်း လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းက ပြီးခဲ့တဲ့ ၇ နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာ ဖြစ်မိပါတယ်” ဟု ပြောဆိုခဲ့သည်။

ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန် လွတ် လပ်ရေး ရယူခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ် တင်းတင်းပြည့်သော်လည်း မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်ခြင်း၊ အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊

မအောင်မြင်ခြင်း အစရှိသည်တို့ကို ပြည်လည် သုံးသပ်ပြီး သဘာဝအရှိတရားနှင့် ၁၉၄၇ ပင်လုံစာချုပ်နှင့်အညီ တိုင်းပြည်ပြန်လည် တည်ဆောက်နိုင်မှသာ အားလုံး လိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင် ရောက်ရှိမည်ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားအားလုံးနှင့် အဖွဲ့အစည်းအားလုံးတို့၏ လိုလားချက်မှာ အမျိုးသား တန်းတူရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် တဖက်နှင့်တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တဖက်နှင့်တဖက် အသာစီး အပေါ်စီးရယူမှု မရှိရေး၊

အားလုံးနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနှင့် လိုအပ်သလို တဖက်နှင့်တဖက် အလျှော့အတင်း ပြုလုပ်ဆောင်ရွက်နိုင်မှသာလျှင် ရေရှည် တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု RCSS ၏ သတင်းပြန်ကြားရေး မီဒီယာ Tai Freedom ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထား သည်။

ဓာတ္ပုံ- Tai Freedom

ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃

ဓာတ်ပုံ- Tai Freedom

crd

Leave a Reply

Your email address will not be published.